အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၇ နာရီက တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်မှ ကော့မှူးမြို့နယ်သို့ ထွက်ခွာလာရာ တွံ့တေးမြို့နယ်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦး ခင်ရွှေနှင့်အတူ မိုးရာသီ သစ်ပင်ဆိုက်ပွဲတော်တွင် ဒေသခံ ပြည်သူလူထုနှင့်အတူ စိန်းပန်းပင်များများ စိုက်ပျိုးပေးခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကော့မှူးမြို့နယ်သို့  ဆက်လက်ထွက်ခွာလာပြီး ကော့မှူးမြို့နယ် ပြည်သူ့  ဆေးရုံသိုသွားရောက်၍ ဆေးရုံ၏ လိုအပ်ချက်နှင့် ပတ်သက်ပြီး ဆရာဝန်ကြီးများ၊ ဆေးရုံဝန်ထမ်းများ နှင့်တွေ့ဆုံမေးမြန်းပြီး ဆရာဝန်များ ၀န်ထမ်းများမှလည်း လိုအပ်တာများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။ ထိုနောက် ဆေးရုံတွင်း လှည့်လည်၍ ဆေးကုမှု ခံယူနေသော လူနာများကို လိုက်လံ ကြည့်ရှုခဲ့ပြီး နောက် ကော့မှူးမြို့နယ် အထက်တန်းကြောင်းတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲပြီး နောက် နေ့လည် ၁၂ နာရီခန့်တွင် နေအိမ်သို့ ပြန်လည်ထွက်ခွာ လာခဲ့သည်။National League for Democracyhttp://feeds.feedburner.com/thithtoolwin/yIWV
မကွေးတိုင်း ဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်း ကျေးရွာ၏ အရှေ့ဘက်ရှိ ဧရာဝတီ မြစ်ကမ်းပါး အနည်းငယ်စီ ပြိုကျ လျက်ရှိသဖြင့် မြစ်ကမ်းပါးနှင့် ပေ(၄၀)ခန့်သာ ဝေးသည့် ကျေးရွာ အစွန်းရှိ လူနေအိမ်(၇)လုံး၊ ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်းတို့အား ဖျက်သိမ်း ပြောင်းရွှေ့ ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
စကုမြို့၊ မန်းချောင်းအတွင်းရေကြီးမှုဖြစ်ပေါ်နေပုံ(၁၂၊ ၆၊ ၂၀၁၃)
http://feeds.feedburner.com/thithtoolwin/yIWV
ရန်ကုန်-အလုပ်သမားများမျှော်လင့်နေသည့် အနိမ့်ဆုံးအခကြေးငွေ နည်းဥပဒေကို ဇွန်လအတွင်း ထုတ်ပြန်မည်ဖြစ်သော်လည်း အနိမ့် ဆုံးလစာနှုန်းထား သတ်မှတ်ချက်ပါဝင်မည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင်က ပြောကြားသည်။ “၀န်ကြီးဌာနအနေနဲ့တော့ အနည်းဆုံးလုပ်ခကို ဘယ်ရွေ့ဘယ်မျှ သတ်မှတ်ပေးမှာ မဟုတ်ဘူး”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ရန်ကုန်- မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန် ၁၅ ရက်တွင် ပြန်လည်ပို့ဆောင်ခံရသော မြန်မာနိုင်ငံသား ၄၅ ဦးမှာ လတ်တလောအကြမ်းဖက် မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူများမဟုတ်ဘဲ မလေးရှားထောင်များတွင် ယခုနှစ်ပိုင်းကတည်းက ဖမ်းဆီးခံထားရသူများသာဖြစ်ကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအား အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မလေးရှားရဲတပ်ဖွဲ့က စာရွက်စာတမ်း မပြည်စုံသူ မြန်မာ နိုင်ငံသား ၃၀၇ ဦးကို ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနဒုဝန်ကြီး ဦးဇင်ယော်ကပြောသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal
http://feeds.feedburner.com/thithtoolwin/yIWV
သံဃာပေါင်း ၄၀,၀၀၀ ကျော် သီတင်း သုံးနေထိုင်သော မန္တလေးမြို့တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလတာ ကာလအတွင်း သာသနာညှိုးနွမ်းအောင် ပြုလုပ်သော သံဃာတော်များကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၉၅-က အရ အရေးယူ ဆောင်ရွက်မှု၃၆ မှုရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် EU အဖွဲ့ဝင်ဖြစ်သော အီတလီနိုင်ငံ တိုရန်တိုမြို့တော် မြူနီစပယ်၊ အီတလီနိုင်ငံ Ithaca တက္ကသိုလ်၊ မြန်မာနိုင်ငံအခြေစိုက် CESVI World AID အဖွဲ့တို့သည် စွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများ ပူးပေါင်းရန် အတွက် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးမှုကို ရန်ကုန်မြို့ ရှိ Trader Hotel ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။အဆိုပါလုပ်ငန်းများဆောင် ရွက်ရန်အတွက် EU က ထောက် ပံ့ငွေ (၉)သိန်းကျော်ထောက်ပံ့ ထားပြီး လှိုင်သာယာ၊ တာမွေနှင့် သင်္ဃန်းမြို့နယ်များတွင် (၃)နှစ် စီမံကိန်းဖြင့် စတင်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ စီမံ ကိန်းကာလကျော်လွန်ပြီးစီးပါက ယင်း(၃)မြို့နယ်မှရရှိသော အကျိုး ရလဒ်ကိုကြည့်ပြီး ကြည့်ပြီး ကျန် အခြားမြို့နယ်များတွင် ဆောင် ရွက်နိုင်ရန်အတွက် EU သို့ ဆက် လက်တင်ပြပြီး စွန့်ပစ်အမှိုက်စီမံ ခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ကိုအောင် - The Hot News
http://feeds.feedburner.com/thithtoolwin/yIWV
ရာသီဥတုက နေသာလိုက်၊ မိုးရွာလိုက် ဖြစ်လို့နေသည်။ အာလူးအိတ်၊ ကြက်သွန်နီ အိတ်များကို ဖုံးအုပ်ထားသော အပြာရောင် တာလပတ်စကို ဖွင့်လိုက်၊ ဖုံးလိုက် လုပ်နေရသည်မှာ ယနေ့မနက် သုံးကြိမ် ရှိပြီဟု အလုပ်သမားတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန် သီးနှံမျိုးစုံ ရောင်းဝယ်ရေး ဗဟိုချက် လက်ကားဈေးကွက် ဖြစ်သော ဘုရင့်နောင်ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်း၏ အောင်သပြေလမ်းရှိ စားဖိုချောင် သီးနှံ ရောင်းဝယ်ရေး ပွဲရုံရှေ့တွင် ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မန္တလေးတိုင်းဒေသကြီး မန္တလေး ခရိုင် အမရပူရမြို့နယ် တောင်သမန်အင်းရှိ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိသော ဦးပိန်တံတားနှင့် အနီးဝန်းကျင် နေရာများ၌ ဇွန်လမှ စက်တင်ဘာလအထိ အပတ်စဉ် စနေနေ့တိုင်း အမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
အမေရိက ခရီးစဉ်အတွင်း တွေ့ခဲ့ဆုံခဲ့၊ ရင်းနှီးခဲ့သော တစ်လှေတည်းစီး တစ်ခရီးတည်းသွား တရုတ် သူငယ်ချင်းများ၊ သူတို့နှင့်အတူ စားခဲ့သောက်ခဲ့သော တရုတ်စာများ၊ လည်ခဲ့ပတ်ခဲ့သော တရုတ်တန်းများ အကြောင်း ရေးသားပြီးချိန်တွင်ပင် တရုတ် ပြည်မကြီးသို့ ထပ်ရောက်သွားခဲ့သည်။ ၂၀၀၆ ခုနှစ်က တရုတ်နိုင်ငံသို့ ပထမအကြိမ် ရောက်ခဲ့ရာ ခြောက်နှစ်အကြာတွင် တရုတ်သို့ နောက်တစ်ကြိမ် ထပ်ရောက်ခြင်း ဖြစ်သည်။ မြို့ကြီးတစ်မြို့တွင် နေသူချင်းပင် မြောက်ခြမ်းတွင် နေသူတို့ မြို့တောင်ခြမ်းသို့ သုံးလေးလ မရောက်ဖြစ်လျှင် မမှတ်မိလောက်အောင် ပြောင်းလဲနေ သည်ဟု ပြောစ မှတ် ပြုအောင် မြန်ဆန် လှသည့် တရုတ်၏ အပြောင်းအလဲကို လေ့လာရတော့မည်ဟု ဝမ်းသာမိသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ရန်ကုန်မြို့တွင် နိုင်ငံတော်မှ မဲဖောက် ရောင်းချပေးသော ၁၅ဝဝ ကျပ် တန် CDMA 800 MHz ဖုန်းဆင်း ကတ်များ သည် ပြင်ပ ဈေးကွက်များ၌လည်း ဗြောင်ကျကျ အရောင်းအဝယ် လုပ်လာကြပြီး အချို့ဆိုင်များတွင် ဆိုင်းဘုတ်များဖြင့်ပါ ကြေညာပြီး အရောင်းအဝယ် လုပ်လာကြသည်ကို တွေ့ရသည်။ အဆိုပါ ဆင်းကတ် များကို ထိုသို့ အလွယ်တကူ ဝယ်ယူ ရရှိနေပြီ ဖြစ်သော်လည်း တစ်ဆိုင် နှင့်တစ်ဆိုင် ရောင်းချသော ဈေးနှုန်းများမှာ တစ်သမတ်တည်းမရှိဘဲ များစွာ ကွာခြားမှုများ ရှိနေကြဆဲ ဖြစ်သည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့နယ် ခနောင်တို အရှေ့ရပ်ကွက် နှင့် ပန်းပင်ချောင်ရပ်ကွက်သို့ ပြေးဆွဲသည့် လက်ခတ်သမ္ဗန် အလုပ်သမား အစည်းအဝေး တွင် တိုက်သည့် အရက်အဆီကို ရေဖြင့်ရော သောက်ရာမှ လူလေးဦး သေဆုံးမှု ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စေတီဖြစ်သော ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်း ရင်ပြင်တော်တွင် ဇွန်လ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က အသက် ၃၈ နှစ်အရွယ် စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးသည် ဆာရီခြုံ၍ နှင်းဆီပန်းများကို ကြဲချခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက လုံခြုံရေးရုံးမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မြန်မာ့အလင်း၊ ကြေးမုံ၊ News Light of Myanmar သတင်းစာတိုက် ဆောက်လုပ်ရန် အတွက် နေပြည်တော် ပုဗ္ပသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာမှ တောင်သူများ၏ လယ်ယာမြေဧက ၅၀၀ ခန့် သိမ်းယူခဲ့သော်လည်း လက်ရှိအချိန်အထိ ဧက ၁၀၀ ခန့်သာ အသုံးပြုခြင်းကြောင့် ကျန်ရှိနေသည့်လယ်ယာမြေ များကို ပြန်လည်လုပ်ကိုင်လိုကြောင်း သိမ်းဆည်းခံ တောင်သူများက ပြောသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ယာဉ်မောင်း မြင့်စိုး- လှိုင်သာယာ မြို့နယ်နေသူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊ ဒိုင်နာယာဉ်သည် ၁၆.၆.၂၀၁၃ရက်နေ့ ၀၅၁၈ အချိန်တွင် သီရိမင်္ဂလာဈေး ဘက်မှ လှိုင်သာယာ မြို့နယ် ဘက်သို့ မောင်းနှင် လာစဉ် ကပရ၀န်းရှေ့ အရောက်တွင် ဂက်စ် ပိုက်ပေါက်ပြီး မီးလောင်မှု ဖြစ်ပွါး ခဲ့ရာသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
အချိန်က မွန်းလွဲ ၂ နာရီ ၃၀ မိနစ်။ ဦးသက်ထွန်း (အမည်လွှဲ) တစ်ယောက် သမီးဖြစ်သူ နေထိုင်သော အရပ်သို့သွားရန် စီးနင်းရမည့် လေယာဉ်ပေါ်တွင် နေရာယူပြီး ဖြစ်သည်။ နှစ်နာရီနီးပါး ကြာသွားရမည့်ခရီး။ ဒင်ဒေါင်ဆိုသော အသံနှင့်အတူ ခရီးသည်များ ခါးပတ်ပတ်ရန်နှင့် ခုံများတွင် စနစ်တကျထိုင်ရန် အသံလွှင့်စက်မှ သတိပေးချက် ထွက်ပေါ်လာသည်။ တလှုပ်လှုပ် တခါခါ ယိမ်းလျက် ခန္ဓာကိုယ်ကို ပင့်မြှောက်လိုက်သလို ခံစားလိုက်ရပြီး ခေါင်းထဲတွင် အနည်းငယ် မိုက်ခနဲ ဖြစ်သွားသည်။ ---ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
(၁၅.၆.၂၀၁၃) ည (၁၀)နာရီခန့် တွင် စစ်ကိုင်းတိုင်း မော်လိုက်မြို့ မှာ ငွေဇင်ဦး ဟုမ္မလင်း အစုန်မော်တော် ဆိုက်ကပ်စဉ် ဈေးသည်များ တက်ရောက် ရောင်းချနေသည်ကို သိပါလျှက် ပြန်ထွက်မည်ဟု အကြောင်းကြား ဆင်းစေခြင်းမရှိဘဲ ချက်ချင်း မောင်းထွက်ခိုင်းခဲ့ပြီး ပါသွားသော ဈေးသည်များ ကို မော်တော်ပိုင်မှ ရေလယ်ရောက်မှ ပြန်မဆိုက် ပေးနိုင်ဘူးဟု ဆိုကာ ရေထဲခုန်ချ ခိုင်းခဲ့ ကြောင်း ဈေးသည် တဦးက Myanmar News Now ကို ပြောပါသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ရှမ်းပြည်နယ် လားရှိုးမြို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် အစ္စလာမ် ဘာသာဝင်များကို စောင့်ရှောက်ခဲ့သည့် သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက် ဆရာတော်ကို ဗုဒ္ဓသာသနာတော်တွင် အသုံးပြုရန် အစ္စလာမ် ဘာသာဝင်များက ကျပ်ငွေ ရှစ်သိန်း ဇွန်လ ၁၅ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း မွတ်ဆလင် ဘာသာရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်က ပြောကြားသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓါတ်ပုံ - ဒီဗွီဘီ
http://feeds.feedburner.com/thithtoolwin/yIWV
၁၄-၆-၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ပျော်ဘွယ်မြို့နေ ကိုမျိုးဇော်မြင့်ထံသို့ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ဦးကျော်ကျော် ဆိုသူက ဖုန်းဖြင့် ဆက်သွယ်လာပြီး ဖုန်းနံပါတ်ဖြင့် ကံစမ်းမဲ ဖေါက်သော အစီအစဉ်တွင် ငွေကျပ်သိန်း(၃၀၀)ရာ ကံစမ်းမဲ ပေါက်ကြောင်း၊ အခွန်ဆောင် ထားပြီး ဖြစ်ကြောင်း၊ ငွေကျပ်(၉)သိန်းအား ဒဂုံတောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်သို့ ဦးမောင်ဝင်း အမည်ဖြင့် လွှဲပေးရန် ပြောဆိုခဲ့၍ ငွေလွှဲပေးခဲ့ပြီး ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ဇွန်လ(၁၆)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ဇွန်လ(၁၆)ရက်နေ့ ထုတ် ကြေးမုံ သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
Pages