မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုရအောင် အကူအညီပေးနိုင်တာအားလုံး အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမယ်လို့ ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဟာ ခရီးစဉ်ပထမနေ့မှာ ရန်ကုန်မြို့အနီးက ဧက ၆၀၀၀ ကျော်ရှိတဲ့ သီလ၀ါဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို သွားရောက်ခဲ့ပြီး ဂျပန်စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံလိုတဲ့ ဂျပန်ကုမ္ပဏီတွေ အတော်များများ အဆင်သင့်ရှိနေပေမယ့် မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုမရှိသေးတာကြောင့် ရင်းနှီးမြှပ်နှံဖို့ စိုးရိမ်နေကြသေးတယ်လို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ ဒီကနေ့ကျင်းပတဲ့ မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ ၀န်ကြီးချုပ်ရဲ့ ပြောကြားချက်ကို စကားပြန်က အခုလို ပြောပါတယ်။"ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်ပြီး လေ့လာနေပါတယ်။ ဂျပန်ကုမ္ပဏီ ၁၀၀ လောက်ရှိနေပါတယ်။ တချို့က ၀င်ရောက်ရင်းနှီးမြှပ်နှံကြပြီးသားဖြစ်ပေမယ့် အတော်များများကတော့ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံတွေဖွံ့ဖြိုးမှု အားနည်းနေတာကြောင့် စိုးရိမ်မှုတွေ ရှိနေကြသေးတယ်" လို့ စကားပြန် အမျိုးသမီးက ပြောသွားတာပါ။ဒါ့အပြင် မြန်မာနိုင်ငံမှာ မြေဈေးကြီးမြင့်လွန်းတာအပြင် စက်မှုဇုန်တွေ တည်ဆောက်နိုင်ဖို့ မြေရှားပါးနေတာတွေကိုလည်း ထောက်ပြသွားခဲ့ပါတယ်။တပြိုင်နက်တည်းမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အားပေးကူညီသွားမှာဖြစ်ပြီး မနက်ဖြန် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံအပေါ် ကူညီနိုင်တဲ့ကိစ္စရပ်တွေ ကူညီသွားဖို့ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဟာ ဒီကနေ့ မနက်ပိုင်းက အာဇာနည်ဗိမာန်ကို သွားရောက်ဂါရ၀ပြုခဲ့သလို ရန်ကုန်မြို့က ဂျပန်စစ်သချိုင်းနဲ့ သီလ၀ါစက်မှုဇုန်တို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး ညနေပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။RFA Burmese
http://feeds.feedburner.com/thithtoolwin/yIWV
မေလ ၁ဝ ရက်နေ့ထုတ် မက်ဆင်ဂျာ သတင်းစာမှာ တပ်မတော် အငြိမ်းစား အရာရှိ တစ်ဦးလည်းဖြစ် လက်ရှိ လွှတ်တော် ကော်မရှင်တစ်ခုရဲ့ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ဦးလှဆွေရဲ့ 'အမည်သညာခေါ် စရာကား မုန်း'ဆိုတဲ့ ဆောင်းပါးကို ဖတ်ရတော့ တခြား လူတော့မသိ၊ မောင်မြတ်တော့ ရသမျိုးစုံ ခံစားလိုက်ရ ပါတယ်။မဖတ်လိုက်ရသူတွေအတွက် အကျဉ်းချုပ်ပြောပြရရင် ဦးလှဆွေတပ်ရင်းမှူးဘဝ ၁၉၉၆ ခုနှစ်လောက် က တည်ဆောက်ဆဲမုန်းဆည်ကို အကြီးအကဲတွေ လာစစ်ဆေးလို့ မုန်းချောင်းတမံနဲ့ ရေအားလျှပ်စစ်စီမံကိန်း အကြောင်း တင်ပြကြတော့ သူလည်းအနားမှာရှိနေပြီး တင်ပြချက်တွေ အလွန်အားရစရာကောင်းကြောင်း၊ ၁ဝ နှစ်အချိန်ယူလို့ ကျပ်ငွေသန်း ပေါင်း ၁၃၈ဝဝ (သိန်းပေါင်း ၁၃၈ဝဝဝ) အကုန်အကျခံတည်ဆောက်လို့ ဆည်ရေ သောက်ဧရိယာက ၁ သိန်းကျော်နဲ့ လျှပ်စစ်ဓာတ်အားကလည်း ၂၅ မဂ္ဂါဝပ်စက်သုံးလုံးမို့ စုစု ပေါင်း ၇၅ မဂ္ဂါဝပ်ထွက်မယ့် ကျေးဇူးတော်အနန္တမဟာစီမံကိန်းကြီးပါတဲ့။ဒီလိုနဲ့ ဦးလှဆွေ အခုအစိုးရ သစ်လက်ထက်မှာ လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်ဖြစ်လာပြီး ကော် မရှင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ၂ဝ၁၃ ခုနှစ်၊ ဧပြီမှာ တစ်ခေါက် ထပ်ရောက်သွားတော့ မုန်းချောင်း စီမံကိန်း ရလဒ်တချို့ဟာ မှန်းချက်နဲ့နှမ်းထွက်လွဲတဲ့အပြင် ပျော်စရာမကောင်းတော့ဘဲ နာမည်နဲ့လိုက်အောင်ပဲ မုန်းစရာဖြစ်နေပြီလို့ ရေးထားပါတယ်။ လက်တွေ့မှာ ဆည်ရေသောက်ဧရိယာက မှန်းထားသလောက် မပေးနိုင်သလို လျှပ်စစ် ဓာတ်အားကလည်း နွေအခါမှာ စက်တစ်လုံးပဲလည်ပတ်နိုင်ပြီး အဲဒီစက်က ရတာက လည်း ၁ဝ မဂ္ဂါဝပ်ကျော် ကျော်လေးရယ်တဲ့။မဂ္ဂါဝပ် ၇၅ ထွက်မယ်လို့ မှန်း ဆ ရင်းနှီးမြှပ်နှံခဲ့ပြီး လက်တွေ့ နွေရာသီမှာ ၁ဝ မဂ္ဂါဝပ်ပဲထွက်တယ်ဆို တော့ ဘယ်လိုအတွက်အဆတွေလွဲခဲ့ လို့ပါလိမ့်။ ဒါမှမဟုတ် အတွက်အဆ မှန်ပေမယ့် လျှပ်စစ်ထုတ်ဖို့ တာဘိုင် စက်ကျမှ သံချေးတက်ကို ဆေးပြန် သုတ်ထားတဲ့ အစုတ်နဲ့ညားခဲ့လို့လား။ ဒါမျိုးဇာတ်လမ်းတွေ ကြားခဲ့ရပေါင်း များပါပြီ။ ပြည်သူ့ဘဏ္ဍာတွေ ဘယ်လောက်အဟောသိကံ ဖြစ်ခဲ့လေမလဲ။ အဲမှားလို့ အဟော သိကံတော့လည်း လုံးလုံးမဖြစ်နိုင်။ မှန်းသလောက်မဟုတ်ပေမယ့် ဆည်အောက်က လယ်တချို့တော့ လက်ညှိုးထိုးပြစရာ ရေရသွား တာမျိုးရှိမပေါ့။ မီးရသွားတဲ့ မြို့ပြ ဝန်းကျင်တချို့လည်း ရှိမှာပေါ့။ဦးလှဆွေရေးတဲ့အထဲ မပါပေမယ့် ကိုယ့်ဘာသာ ထည့်စဉ်းစားမိတာကတော့ ဒီလိုစီမံကိန်းမျိုးမှာ အဆ မတန် အကျိုးရသွားနိုင်သူတွေလည်း ရှိနိုင်တာ အထူးပြောနေဖို့လိုမယ်မထင်။ ဆီရောင်းတဲ့လက် ဆီစွန်းပါ တယ်လို့ဆင်ခြေပေးတတ်ကြပါတယ်။ ဒါပေမဲ့ တစ်သက်စားမကုန်အောင်ကို စွန်းသွားတဲ့ဆီတွေပါ။ ဒီစီမံကိန်း မျိုးမှာ ဘဏ္ဍာငွေ ခွင့်ပြုပေးရသူတွေ ငွေကြေးကိုင်တွယ်သုံးစွဲရတဲ့သူတွေ လုပ်ငန်းကန်ထရိုက်ရခဲ့တဲ့သူတွေ ကတော့ ဘယ်လောက်အထိ ကြွယ်ဝသွားတတ် သလဲဆိုတာ လူတိုင်းအသိပါဗျာ။ပေးဆပ်လိုက်ရတဲ့ သူတွေကကော၊ ဦးလှဆွေရဲ့ဆောင်းပါးမှာ ဒါကို အထူးအလေးပေး ဖော်ပြထားပါတယ်။ မုန်းဆည်ကိုထိန်းချုပ်ဖို့ အောက်ဘက်မှာ တမံတွေထပ်ဆောက်ဖို့ စီမံခဲ့ပါ သတဲ့။ အဲဒီလို တမံနှစ်ခုထပ်ဆောက်လိုက်လို့ ရွာ ၁၈ ရွာ ရေမြုပ်သွားတဲ့ အတွက် နစ်နာသူတွေကတိုင်လို့ လွှတ် တ်ာက ဖွဲ့ပေးတဲ့ ကော်မရှင်အနေနဲ့ သူ ထပ်ရောက်သွားရတာလို့ ရှင်းပြထား ပါတယ်။ တိုင်လည်းတိုင်စရာ၊ မုန်း တမံကြောင့် ရေမြုပ်သွားတဲ့ရွာတွေကို ပေးတဲ့လျော်ကြေးကလည်း လူကြား လို့မှမကောင်း၊ တစ်အိမ်ထောင် ငွေ ငါးထောင်တဲ့၊ အဆိုးဆုံးကတော့ ပြောင်းဖို့ပေးတဲ့နေရာသစ်က လုပ်စားလို့မရ လူနေလို့မရတဲ့ ကုန်းခေါင်ခေါင်မို့ အ ရင်ရွာဟောင်းတွေအပေါ် ရေလွတ်တဲ့ နေရာတွေမှာပဲ ကုပ်ကပ်နေကြရ ကြောင်း၊ မူလ လယ်ပိုင်မြေပိုင်တွေ ဘဝကနေ တမံဘေးမှာ ဖားရှာ၊ ငါးရှာ နဲ့ ပျံကျတွေဖြစ်ကုန်ပြီး အဆုံးမတော့ ကျား/မ မရွေး အရွယ်ကောင်း မှန်သမျှ ထိုင်းဘက် အောက်လမ်းက ထွက်ရရာလုပ်စားကြရတော့ကြောင်း ရေးထားပါတယ်။ဒါ့အပြင် ရှေ့မှာရေမြုပ်လို့ နောက်က တောခုတ်စိုက်ပျိုးမယ် လုပ်ပြန်တော့ သစ်တောဌာန ကျွန်းစိုက် ခင်းက ခံနေပြန်၊ အရေးထဲ ကပစ (၂ဝ) စက် ရုံရောက်လာလို့ ဧကသောင်းချီထပ် သိမ်းပြန်တော့၊ နောက် ဆုံးရလဒ်က အင်မတန်အရေးကြီးတဲ့ ကလေးတွေ ပညာရေးအတွက် ကျောင်းတွေကအစ ရွေ့လျားကျောင်း ရယ်လို့ ဖြစ်ကုန်တာ ၁၈ နှစ်တောင် ကြာခဲ့ပြီတဲ့။ ကြားရချက် မသက်သာလှပါလားခင်ဗျာ။သမ္မတကြီးက Land Reform မြေယာပြုပြင်ပြောင်းလဲရေးလုပ်မယ် လို့ ကြေညာလိုက်ပြီးကတည်းက တစ် နိုင်ငံလုံးက လယ်သမားတွေရဲ့ လယ်သိမ်းမြေသိမ်းခံထားရတဲ့ကိစ္စတွေ အသံထွက်လာလိုက်တာ ဒီနေ့အထိ ဖြစ်ရပ်ပေါင်းစုံ အတောမသတ်ပါပဲ။ ဒီပြဿနာမျိုး ကြားရဖန်များလွန်းလို့ ရိုးတောင် ရိုးကုန်ကြတဲ့သဘော၊ ဖြစ်ရိုးဖြစ်စဉ်လို့တောင်ထင်စရာ။ အခု မုန်းဆည်ကိစ္စမျိုးကို အရင်းစစ်လိုက်တော့ အရင်ခေတ်မှာ အဘက်ဘက်က ပိတ်ဆို့ထားတဲ့ကြားက ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန် နဲ့လုပ်နိုင်ပါတယ် ဆိုတာ ပြချင်တဲ့အတွက် တစ်လကို ဆည်တစ်ဆည်၊ တံတားကြီးတစ်စင်းတော့ ဖွင့်ရမယ်ဆိုတဲ့ ညွှန်ကြားချက် မျိုးကြောင့် ဖြစ်ခဲ့ရတဲ့သဘော သုံးသပ် ထားတာဖတ်ရပါတယ်။ လက်စသပ်တော့ ရေပါတာပဲလိုချင်တာ၊ ရေဘူး ပေါက်တာ ငါ့ကိစ္စမဟုတ်ဆိုတဲ့ အမိန့် မျိုးကြောင့် ဖြစ်ခဲ့ရတဲ့ ကြေကွဲစရာ နာကျင်စရာအဖြစ်များစွာထဲက တစ်ခု ဖြစ်နေပြန်ပါရောလား။ဒီအဖြစ်ကို NLD တို့ NDF တို့လို ပါတီတွေက အမတ်တွေကရေးတယ် ဆိုရင်တော့ ဖေ့စ်ဘုတ်ခ်မှာ နာမည် ဝှက်နဲ့ ကွန်မန့်ရေးတဲ့အုပ်စုတွေက အ နာပေါ်တုတ်ကျ ဆဲဆိုဝေဖန်ကြဦးမှာ သေချာပါတယ်။ အခုတော့ နဝတ/ နအဖခေတ် စစ်ဘက်အရာရှိတဖြစ်လဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရေးတယ်ဆိုတော့ ဘာပြောကြမလဲ။ မောင်မြတ်ကတော့ ဒီလိုတင်ပြရဲတဲ့ ဦးလှဆွေရဲ့စိတ်ဓာတ်ကို လေးစားမိပါတယ်။ ဘောင်းဘီကနေ တိုက်ပုံပြောင်းဝတ်ကြသူတွေထဲမှာ တိုင်းပြည်မျက်နှာပဲကြည့်ပြီး ဒီလိုဝေဖန် သုံးသပ်ဆင်ခြင် နိုင်တဲ့သူတွေ အများကြီးလိုအပ်နေပါတယ်။ဦးလှဆွေ ဆက်ရေးပြတဲ့အထဲ မှာ ထိုင်းနိုင်ငံမှာ ယာခင်းထဲ စစ်ရဟတ်ယာဉ်ပျက်ကျတဲ့အတွက် ထိုင်း စစ်တပ်က ယာခင်းရှင်ကို တစ်နှစ် ရမယ့်သီးနှံတန်ဖိုး ငါးဆပြန်လျော်တဲ့ အပြင် စက်ဆီတွေနဲ့ ပေပွသွားတဲ့မြေ ကြီးကိုတောင် ကလော်ထုတ်လို့ မြေ ကြီးအကောင်းနဲ့ လဲလှယ်ပေးပုံကိုပါ ဥပမာပြလို့ သူတို့ဆီမှာ လူကိုကော မြေကိုပါ ဘယ်လောက်တန်ဖိုးထား တယ်ဆိုတာ ပြောလိုက်ပါသေးတယ်။ 'ဘရာဗို' ဦးလှဆွေ တကယ်ချီးကျူး ပါတယ်။ စစ်သားဟောင်းဖြစ်သော် ငြားလည်း ကိုယ့်ဆီက အခြေအနေ ကိုယ်သာအသိဆုံးပီပီ ဦးလှဆွေ ဆက် ရေးထားပုံက မြန်မာပြည်မှာသာ ဒါမျိုးဖြစ်လို့ကတော့ အလျော်မရတဲ့အ ပြင် အပျက်အစီးကောက်ဖို့ လုပ်အား ပဲ ပေးရလေမလား၊ ကင်းပဲစောင့်ပေး ရလေမလား။ မြေကြီးပြန်ပြင်ပေးဖို့ဆိုတာကတော့ မကြံကောင်းမစီရာ၊ သီး နှံလျော်ကြေး ငါးနှစ်စာဆိုတာကတော့ ဝေးစွလို့ဆိုထားပြီး သူများနိုင်ငံတွေမှာ လူကိုကောမြေကိုပါ တန်ဖိုးထားလို့ တိုးတက်နေပါလားလို့ သံဝေဂရမိပါသတဲ့။ ကဲ မောင်မြတ်ကသာ အဲဒီလို ရေးရင် အဆိုးမြင်တယ်လို့ ပြောချင်သူတွေရှိလိမ့်မယ်။ အခုတော့ ဝါရင့်တပ်မှူးဟောင်းတစ်ယောက်က ရေးတယ် ဆိုတော့ မြန်မာပြည်ဟာ ဘယ်လိုစနစ်ကြီးနဲ့ စခန်းသွားခဲ့သလဲဆိုတာ ပါဝင်အသုံးတော်ခံခဲ့သူတွေကိုယ် တိုင်က ဝန်ခံသလိုဖြစ်နေပါပြီ။ ပြီးခဲ့တာတွေ ပြီးပါစေတော့၊ နောက်ဆက်မမှားဖို့ဘဲ အရေးကြီးပါ သည်လို့ ဦးလှဆွေက ပြောလိုက်ပါ သေးတယ်။ ရေမြုပ်ရွာတွေအတွက် ဘတ်ဂျက်ပြည့်စုံမှ ဆည်ပိတ်ပါလို့ ထောက်ပြလိုပါသတဲ့။ နောက်ကျမှ လာမယ့် ဆည်ရဲ့ကောင်းကျိုးတွေ ရောက်မလာခင် နစ်မြုပ်ပျက်စီးသွား မယ့်ဘဝတွေကို တာဝန်အရ ကိုယ် တွေ့ကွင်းဆင်း လေ့လာပြီးရေးတဲ့ သတင်းဆောင်းပါးကိုဖတ်ပြီး ရင်မော သွားခဲ့ရတာအမှန်။ ဒါဟာ မုန်း ချောင်းတမံဆိုတဲ့ စီမံကိန်းတစ်ခုအကြောင်းပဲရှိသေးတယ်။ အစုအဖွဲ့လိုက် ဆောက်ပေးခဲ့တယ်ဆိုတဲ့ ဆည်တွေ၊ တစ်လကိုတစ်ခုလောက် တည်ခဲ့ပါတယ်ဆိုတဲ့ တမံတွေကြောင့် နစ်မြုပ် ခဲ့ရတဲ့ ဘဝတွေ၊ ဘယ်လောက်များရှိ ခဲ့လေမလဲ။ Check & Balance မရှိတဲ့ စနစ်တစ်ခုအောက်မှာ ဆယ်စုနှစ်တွေ များစွာအတွင်းမှာ ဘဝတွေ ဘယ် လောက်ထွက်ပေါက်ပျောက်ခဲ့လေသလဲ။ ထိုင်းနဲ့မလေးရှားမှာ အနှိမ်ခံများ အဖြစ်နဲ့ ရောက်ရှိသွားတဲ့၊ ရောက်ရှိနေတဲ့၊ မျက်နှာငယ်နေရတဲ့ သန်းပေါင်းများစွာသော ရွှေမြန်မာတွေထဲ မုန်းတမံလိုအဖြစ်မျိုးရဲ့ ရလဒ် ကြောင့် ဒုက္ခ ပင်လယ်ဝေခဲ့ရသူတွေ ဘယ်လောက်ပါဝင်နေလေမလဲ။ဒါကြောင့်လည်း မြန်မာပြည်မှာ စစ်ဆိုရင် ရေတောင်စစ်မသောက်ချင်ပါဘူးလို့ ပြောတတ်သူတွေကို အပြစ်မတင်ရက်ပါ။ အမြစ်လှန်လိုက်တော့လည်း ၁၉၆၂ ခုနှစ်ကတည်းကဆို တော့လည်း နာကျင်ခါးသီး မှုတွေက နည်းနည်းနောနောမှမဟုတ်တာ။ ခေတ်အဆက်ဆက် ဒုက္ခတွေအကြီးအကျယ် ပေးစွမ်းသွားတဲ့ စစ်အုပ်ချုပ်ရေးကို မုန်းတယ်၊ စစ်ပွဲတွေကို မုန်းတယ်၊ အကြမ်းဖက်ဖိနှိပ်မှုတွေကို မုန်းတယ်၊ မတော်လောဘ ကိုယ်ကျိုးရှာမှုတွေကို မုန်းတယ်၊ အနိုင်ကျင့်မှုတွေကို မုန်းတယ်၊ အာဏာပိုင်စစ်အရာရှိတွေကို မုန်းတယ်၊ လိမ်ညာ အစီရင်ခံနေတာတွေကိုမုန်းတယ်၊ နောက်ဆုံးတော့ စစ်ဗိုလ်စစ်သားမှန်သမျှ မုန်းတယ်ဆိုတဲ့ အထိ ဖြစ်ခဲ့ကြတယ်ဆိုရင် မမှားပါဘူး။၁၉၆၅ ခုနှစ်မှာမွေးတဲ့ မောင်မြတ်အတွေ့အကြုံအရဆို ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးမှာ စစ်ဆိုရင် အသံတောင်မကြားချင်လောက်အောင်ဖြစ် သွားသူတွေအတော်များလာပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဗိုလ်သင် တန်းနှစ်ကြိမ်လျှောက်ခဲ့ဖူးပြီး စစ်မှု ရေးရာတွေ အတော်ဝါသနာထုံခဲ့တဲ့ မောင်မြတ်ကိုယ်တိုင်ပင်လျှင် လူမှန်းသိကတည်းက ကျင်လည်ခဲ့ဖူးတဲ့ စစ်ဘက်ဌာနတွေ၊ အဝန်းအဝိုင်းတွေကနေ ဝေးဝေးရှောင်ဖယ်လိုစိတ် ဖြစ်ခဲ့ရပါတယ်။ အခွင့်သာတာနဲ့ အဲဒီအတိုင်းပဲဝေးရာမှာ နေလိုက်တော့တာ အခုအထိပါပဲ။မောင်မြတ်ဟာ အရင်က ပြည်လမ်း ပဲခူးကလပ်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာငွေစာရင်းရုံးမှာ ၉ နှစ်နီးပါး ဝန်ထမ်းလုပ်ခဲ့ဖူးသူပါ။ (အဲဒီရုံးအကြောင်းနဲ့ ကာကွယ်ရေးဌာနဆိုင်ရာ စာရင်းအင်းများစစ်ဆေးမှုတွေ အကြောင်းကို သီးသန့်ရေးပါဦးမယ်၊ အလွန်အရေး ကြီးတဲ့အကြောင်းမို့ အချိန်ယူနေပါ တယ်)၊ ပဲခူးကလပ်ရုံးနဲ့ မိုင်ဒါကွင်းဆိုတာ ဘာမှမဝေးပါဘူး။ မောင်မြတ်ဆိုရင် ဘတ်စ်ကားအခက်အခဲကြောင့် ယောက်လမ်းမှတ်တိုင် ကနေ ယောမင်းကြီးလမ်းအတိုင်းလျှောက်၊ ဦးဝိစာရလမ်းကိုကျော် မိုင်ဒါကွင်းထဲကဖြတ်လို့ မြို့မကျောင်းဘေး ကနေရုံးအထိ နေ့စဉ်လိုလမ်းလျှောက်ရုံးတက်နေကြ၊ မိုင်ဒါကွင်းထဲ ဖြတ်လျှောက်မရတာ တစ်နှစ်မှာ တစ်လပဲ ရှိခဲ့တယ်။ မတ်လပေါ့၊ တော်လှန်ရေးနေ့၊ တပ်မတော်နေ့ စစ်ကြောင်းတွေချီတက်လေ့ကျင့်တဲ့ တစ်ချိန်ပဲ ကွင်းဘေးက ပတ်သွားရတယ်။အဲဒီအချိန်ဆိုရင် မောင်မြတ်တို့ ရုံးက မမတချို့လည်း ရောဂါစပြီ။သူတို့အပြောကတော့ အဲဒီစစ် ကြောင်းချီတဲ့ ဘင်ခရာတီးသံ တဒုန်းဒုန်းကြား ရင်ပဲ သူတို့ရင်ထဲမှာလည်း တဝုန်းဝုန်းတဲ့။ ဒီလိုနဲ့ ၂၇ ရက်နေ့ရောက်တော့ ပန်းကုံးအပြိုင်စွပ်ကြတာပေါ့ဗျာ။ သူတို့အုပ်စုဆို ရုံးက ဗိုလ်ရွေးအဖွဲ့လို့ နာမည်ပေးထား တယ်။ အဲဒီမှာ ပန်းကုံးစွပ်ရင်း စွံတဲ့သူလည်း စွံသွားတယ်။ အဲဒီတုန်းက စစ်ကြောင်းတွေ ချီတက်တာ ကြည့်ချင်ရင် ပန်းကုံးစွပ်ချင်ရင် ဘယ်သူမဆို လုပ်လို့ရတယ်။ အဲဒီအချိန်လာတဲ့သူတွေထဲမှာ ကိုယ့်ဆွေမျိုး သားချင်း ချီတက်လမ်းလျှောက်တဲ့အထဲပါလို့ လာအားပေးသူတွေအပြင် ဘယ်သူကမှမခေါ်ဘဲ လာကြည့် တဲ့သူတွေလည်း အများကြီးရှိခဲ့တယ်။၈၈ နောက်ပိုင်းမှာတော့ အခြေ အနေက စပြောင်းလဲလာတယ်။ မောင်မြတ်ဖြတ်လျှောက်နေကြ မိုင်ဒါ ကွင်းဘေးမှာ မိုင်းရှာနေတာကို ပထမဆုံးတွေ့ဖူးလာတယ်၊ စစ်ကြောင်းတွေ ချီတက်တာ လာကြည့်တဲ့သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးလာတယ်။ ၁၉၉၂ ခုနှစ်မှာ မောင်မြတ် အလုပ်က ထွက်လိုက်လို့ မိုင်ဒါကွင်း ဘေးကလည်း ဖြတ်မလျှောက်ဖြစ် တော့ဘူး။ ဒီတော့ တပ်မတော်နေ့ စစ်ကြောင်းချီတက်ပုံတွေကို တီဗွီကပဲ နည်းနည်းပါးပါးကြည့် ဖြစ်တော့တယ်။ လုံခြုံရေးတင်းကျပ်လာတယ်။ တဖြည်းဖြည်းနဲ့ အများပြည်သူ သွား ကြည့်ဖို့ အဆင်မပြေတော့ဘူးဆိုတာ သိလာရတယ်။နောက်ဆုံးတော့ တပ်မတော်နေ့ ချီတက်ပွဲဟာ နေပြည်တော်ရောက် သွားတယ်။ အခု ဒေါ်စု ပထမဆုံး လာတက်တဲ့ပွဲ၊ လက်နက်ယန္တရားတွေ လည်း ပါဝင်လာတဲ့ပွဲမှာဆို စစ်ကြောင်း တွေချီတက်လာတာ ကြည့်လိုက် တော့ ပန်းကုံးစွပ်ကြိုဆိုတဲ့သူတွေ အားလုံး ပလတ်စတစ် သက်သေခံ ကတ်ပြားလေးတွေကိုယ်စီလည်မှာ ဆွဲလို့၊ ကြိုတင်စာရင်းကောက်ယူပြီး ဝင်ခွင့်ကတ်ပြားလုပ်ထား သူကလွဲရင် သာမန်ပြည်သူ အနားကပ်လို့မရ တော့တဲ့ သီးသန့်ချီတက်ပွဲသက်သက် ဖြစ်သွားပြီထင်ပါရဲ့၊ ပြည်သူတွေကို မိဘလို သဘောထားပါတယ်ဆိုတဲ့၊ ပြည်သူတွေရဲ့ ရင်နှစ်သည်းချာတွေနဲ့ ဖွဲ့စည်းထားပါတယ်ဆိုတဲ့ တပ်မတော်ရဲ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနာ ဟာ ဘယ်သူမဆို လာရောက် အားပေးနိုင်တဲ့ အခြေအနေကနေ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ လောက်သာ ကြိုတင် စိစစ်ဝင်ခွင့်ပေးတော့တဲ့ သီးသန့် ပွဲတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီဆိုရင်တော့ ဝမ်းနည်းစရာပါ။အစိုးရမီဒီယာကတော့ ထုံးစံ အတိုင်း ကြေညာတာပေါ့။ လူထုလူတန်းစား အသီးသီးကပြည်သူတွေ အဖွဲ့အစည်းတွေက၊ အဖွဲ့ဝင်တွေ သောင်းသောင်းဖျဖျ လာရောက် အား ပေးဂုဏ်ပြုကြပါတယ်ပေါ့။ မောင် မြတ်ကတော့ မိုင်ဒါကွင်းဘေးကနေ ဘယ်သူမဆို လာရောက် ကြည့်ရှုခွင့် ရတဲ့အချိန်လေးတွေကိုသာ ပြန် အမှတ် ရနေမိသလို အမုန်းတွေမရှိ၊ စိုးရိမ်စရာမရှိတဲ့ ဆက်ဆံရေးမျိုးနဲ့ တပ်မတော်နဲ့ ပြည်သူ အမှန်တကယ် ကြည်ဖြူတဲ့ ခေတ်တစ်ခေတ်ကို မြင်ယောင်ချင်ပါ သေးတယ်။မုန်းဆည်လိုမျိုး အဖြစ်တွေများစွာကြောင့် ရှေ့တင်မှာမပြောရဲပေမယ့် ရင်ထဲကကြိတ်မုန်းနေတဲ့ ခံစားမှုတွေဟာ အခုလို ပွင့်လင်းလွတ်လပ်စပြုလာချိန်မှာတော့ ပွင့်အန်ထွက်လာတာ ပုံနှိပ်စာမျက်နှာတွေထက် မှာကော အွန်လိုင်းမှာပါ အများအပြား မြင်ကြရမှာပါ။ ပြီးတာတွေ ပြီးပါစေတော့ရယ်လို့ စကားတစ်ခွန်း လောက်နဲ့တော့ လွယ်လွယ်လေး မေ့ဖျောက်ဖို့ မဖြစ်နိုင်တာအမှန်၊ ဆက်ပြီးမမုန်းစေချင်ရင် နစ်မြုပ်ခဲ့တဲ့ ဘဝ တွေအတွက် ပြန်ကုစားပေးမယ့် စီမံ ကိန်းမျိုးတွေတော့ လိုအပ်မယ် ထင် ပါတယ်။ နစ်နာမှုတွေအတွက် စုံစမ်း စစ်ဆေးဖို့ နောက်ထပ်ကော်မရှင်တွေ ဘယ်လောက်များလိုအပ်ဦး လေမလဲ၊ ပြည်သူ့ကိုယ်စားလှယ် တာဝန်ယူ ထားသူတွေပဲ၊ လုပ်ကြပေါ့။ အမှန်တရားတွေကို ရှာဖွေဖော်ထုတ် တင်ပြပေးနိုင်ကြပါစေလို့သာ ဆန္ဒပြုရ ပါတယ်။ ဖြစ်ခဲ့သမျှအတွက် မမုန်းကြေးဆို၊ လွယ်လွယ်နဲ့လည်း မေ့မပစ် လိုက်ကြေး၊ ပြီးတော့ နစ်နာခဲ့သမျှ ဘဝတွေအတွက်လည်း တတ်နိုင် သမျှပြန်လျော်ပေး၊ အဲဒါမှ သင့်မြတ်မယ်ထင်ပါရဲ့လေ။မင်းမြတ်စံby Messenger News Journal
http://feeds.feedburner.com/thithtoolwin/yIWV
ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထု ခေါင်းစဉ်ကို ယူသုံးလိုက်မိသည်။ ခွင့်လွှတ်ရန် တောင်းပန်ပါသည်။ အကြောင်းအရာကတော့ တခြားစီဖြစ်လိမ့်မည်။ ဆရာ့ ဝတ္ထုထဲကလို ဆွတ်ပျံ့ကြည်နူးလွမ်းမောဖွယ်ရာများ မပါ၊ ကြေကွဲစရာများသာ ဖုံးလွှမ်းလျက်ရှိခြိမ့်မည်။ ''မုန်း'' ချောင်းရေလှောင်တမံကို ၁၉၉၅ ၌ စတင်တည်ဆောက်ပြီး ၂ဝဝ၅ တွင်ပြီးစီးသည် မကွေးတိုင်းဒေသကြီး စေတုတ္တရမြို့နယ်မှာတည်ရှိသည်။ တမံအမြင့် ၂ဝဝ ပေ၊ အလျား ၁၆၄၉ဝ ပေ၊ မြေသားတမံ (ဇုန် အမျိုးအစား) ဖြစ်သည်။ ဒီဆည်ကြီးလုပ်၍ ဆည်ရေသောက်ဧက ၁ဝ၈ဝဝဝ ရေ သောက်ရသည်။ လျှပ်စစ်ဓာတ်အား ၂၅x၃ မဂ္ဂါဝပ်ထွက် ရှိသည်။ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၃၈ဝဝ ဖြစ်သည်။ လက်တွေ့မေးကြည့်တော့ ဤ ဆည်ရေ သောက်ဧရိယာ မရှိ လျှပ်စစ်မှာလည်းနွေရာသီတွင်၂၅ မဂ္ဂါဝပ် စက်သုံးလုံးအနက် တစ်လုံးသာလည်ပတ်နိုင်ပြီး ၁ဝ-၁၅ မဂ္ဂါဝပ်သာ ထုတ်နိုင်ကြောင်း စက်ရုံမှူး အင်ဂျင်နီယာမှူးကြီး ဦးအောင်နိုင်ဝင်းက ဆိုသည်။ မုန်းဆည်မှ ရေများကို လိုသလို ထိန်းချုပ်နိုင်ရန် မုန်းတမံ၏အောက်တွင် ကျီး အုံ၊ ကျီးဝဆည်နှင့်အထက်တွင် ဗူး(၁) နှင့် ဗူး(၂) တမံများ ထပ်မံတည်ဆောက်၍ မုန်းချောင်းကို ထိန်းချုပ်ရန် စီမံခဲ့ကြသည်။ မုန်းရေပြင်ကို မြန်မာဆည်မြောင်း အင်ဂျင် နီယာများ ပြုသမျှ နုရမည့်အခြေအနေဖြစ်သည်။ထိန်းချုပ်နိုင်သော မုန်းချောင်းဖြစ်လာလျှင် ရရှိမည့် အကျိုးကျေးဇူးကအန္တ၊ သိပ်ကောင်းသော အစီအမံပင် ဖြစ်သည်။ ကျီးအုံ ကျီးဝဆည်က လျှပ်စစ်မဂ္ဂါဝပ် (၃၇x၂) ထုတ် နိုင်သည် ဗူး(၁) နှင့်ဗူး(၂) ပြီးလျှင် မဂ္ဂါဝပ် ၆ဝဝ ထပ်ရမည်။ အလွန်ကြီးမားသော ဓာတ်အားပါပဲ၊ ရွာတွေထိ မီးလင်းတော့မည်၊ မြို့တွေလည်း ဘက်ထရီ၊ အင်ဗာတာ၊ ဖယောင်းတိုင် မီးခြစ်တွေ ဆောင်ထားစရာ မလို တော့၊ ဝမ်းသာစရာကြီးပါ။ ကျွန်တော်တပ် ရင်းမှူး တာဝန်ထမ်းဆောင်စဉ် ၁၉၉၆ က တည်ဆောက်ဆဲ မုန်းဆည်သို့ နိုင်ငံအကြီး အကဲများ လာရောက်ရှိ၍ လုံခြုံရေးလုပ်ခဲ့ ဖူးသည်။ ထိုစဉ်က စီမံကိန်းတာဝန်ခံ အင်ဂျင် နီယာ ဦးမြင့်သန်း (ယခုလယ် ဆည်ဝန်ကြီး မန္တလေးတိုင်းဒေသကြီး) က အကြီးအကဲများကို ရှင်းလင်းတင်ပြချက်အား နောက်နားက နားထောင်ခဲ့ဖူးသည်။ အလွန်ပျော်ရွှင် အားရဖွယ်ကြားခဲ့ ရသည်။ ယခု ၂ဝ၁၃ ဧပြီ (၂၉) ရက်နေ့ မုန်းဆည်ကို လွှတ်တော် ကော်မရှင်အနေဖြင့် ရောက်လာသောအခါ ထိုစဉ်က ကြားခဲ့ရသော ပျော်ရွှင် အားတက် ဖွယ်ရာများမှာ မှိန်ဖျော့ ပျောက်ကွယ်လေပြီ။ မုန်းဆည်တည် ဆောက်ရေးမှ ထုတ်ဝေသော လက်ကမ်း စာစောင်တွင် သာယာမှု အပေါင်း သာခညောင်း ဖော်ကျူးထားသည်။ ရေမြုပ် တောင်သူများ၏ အကြောင်း စိုးစိမျှမပါ၊ အံ့ဖွယ် ပါတကား။မုန်းဆည်နှင့် ကျီးအုံ ကျီးဝဆည် ကြောင့် ရေမြုပ်သွားသော တောင်သူများမှ နစ်နာကြောင်းတိုင်ကြား၍ ကျွန်တော်ဦး ဆောင်သော ကော်မရှင်အဖွဲ့သည် စေတုတ္တ ရာသို့ရောက်ခဲ့သည်။ မုန်းတမံကြောင့် ရေမြုပ် ကျေးရွာပေါင်းမှာ (၁၈) ရွာအိမ်ထောင်စု ပေါင်း(၁၃၁၁) စု ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးခန်းအများအပြား ပါဝင်ခဲ့သည်။ လျော်ကြေးက တစ်အိမ်ထောင် (၅ဝဝဝ) ကျပ်၊ ဝက်သား တစ်ပိဿာ ၆ဝဝဝ ကျပ်ဖြစ်၍ ဝက်သားတစ်ပိဿာဖိုးပင် မရခဲ့ကြ။ ထိုငွေ ၅ဝဝဝ မှာလည်း ရွှေ့ပြောင်းစဉ်က ဆည်မြောင်းမှ ယာဉ်မောင်းများကို ဧည့်ခံကျွေးမွေးလိုက်ရသည်ဟု သံဆည်ရွာမှ ဦးကျော်လင်းခိုင်ကပြောသည်။ အဆိုးဆုံးမှာ စုစည်းနေရမည်ဟုသတ်မှတ်ခဲ့သော သံဆည်မြိုသစ်၌ လုပ်စားရန်မြေမရှိသည့်အပြင် လူနေရန်ပင် မဖြစ်နိုင်။ ရေမရှိ၊ မီးမရှိ၊ ကုန်းခေါင်ခေါင်ဖြစ်သောကြောင့် (၂) ရက်သာ နေကြပြီးမူလရွာဟောင်းများ အပေါ်ရေလွတ် ရာမှာ ကုတ်ကပ်ဖက်တွယ်နေကြရသည်။ တမံပြီး၍ လျှပ်စစ်များထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း စေတုတ္တရာ မြို့ပေါ်၌သာ ခံစားခွင့် ရှိသည်။ မူလမြေပိုင်ရှင် လယ်ပိုင်ရှင်များဘဝ မှတမံဘေးတွင် ဖားရှာငါးရှာဘဝသို့ ကူး ပြောင်းသွားခဲ့ရပြီ စုဆောင်းထားသော ရွှေတိုရွှေစများကုန်ပြီ ကျွဲနွားများပါရောင်းချ စားသောက်ခဲ့ကြရကာ နောက်ဆုံး ကျား၊မ မရွေး အရွယ်ကောင်းသူတိုင်း ထိုင်းနိုင်ငံသို့ အောက်လမ်းမှ သွားရောက်ပြီး အလုပ် သွားလုပ်ကြ ရသည်။ ရေမြုပ် ၁၈ ရွာမှထိုင်းသို့ အလုပ်သွား လုပ်သူ ၈၁ ဦးရှိကြောင်း သရန်းကိုင်းရွာမှ ဦး ဟန်သောင်းကပြောသည်။ ''ငါးသေတ္တာ စက်ရုံမှာ လုပ်တာလို့တော့ပြောတာပဲ။ ဝတ်တာစားတာကတော့ အပျံစား ဖြစ်လာတယ်''ဟု သင်္ကြန်ကာလရွာပြန်လာကြသော ထိုင်းနိုင်ငံရောက်ရေမြုပ် ရွာသူများအကြောင်း ပြောပြသည်။ ငါးသေတ္တာစက်ရုံမှ ဟုတ်ပါလေစ၊ ရင်မောဖွယ်ရာပင်၊ သို့သော်ဒီ မှာလည်းဘာလုပ်စားမည်လဲ ''ပြည်ပအား ကိုး အိမ်သွပ်မိုး''ဟု ဆိုရမည့်အခြေအနေ၊ ရေမြုပ်ရွာမှာ ငါး ရှာဖားရှာနှင့်တော့ အိမ် သွပ် မမိုးနိုင်တာသေချာသည်။ ရှေ့မှာရေမြုပ်၍ နောက်ကတောတောင်မှာ ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးလိုသော်လည်း သစ်တော ကျွန်း စိုက် ခင်းက ရှိနေပြန်သည်။ အရေးထဲအရာပေါ် အမှတ် (၂ဝ) ကာကွယ်ရေးပစ္စည်း စက်ရုံ ရောက်လာတော့ ဧကသောင်းချီ ထပ်သိမ်းပြန်သည်။''၁၉၉၆ မှာတမံကြောင့် ရွာရှေ့က လယ်တွေရေမြုပ်တယ်၊ ၂ဝဝ၄ မှာကပစ(၂ဝ) ကရွာနောက် ကလယ်တွေကို သိမ်းလို့ ကျွန် တော်တို့ရွကဧက ၄ဝ ပါသွား တယ်။ တောင် ယာခုတ်ပြန်တော့ သစ်တော ဌာန ကျွန်းစိုက် ခင်းနဲ့မလွတ်ဘူး။ ဘာလုပ်စားရမလဲ မသိဘူး'' ဟု အလယ်ဘုံ ကျေးရွာ အုပ်စု၊ အောက်ဘုံရွာမှ ဦးမြမင်းစိုးကပြော သည်။ယခင်ခေတ်က တစ်လလျှင် ဆည်တစ်ဆည်၊ တံတားကြီးတစ်စင်းဖွင့်ရမည်ဟု ညွှန်ကြားချက်ကြောင့် ဆည်များ တံတားများလုပ်ခဲ့သော်လည်း လျော်ကြေးမပါရေမြုပ် ရွာများပြန်လည်ထူထောင်ရေး စီမံချက်မရှိ ''အဘက်ဘက်မှ ပိတ်ဆို့ထားမှုများကြားက ဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်အဟုန်ဖြင့် လုပ်နိုင်ကြောင်းပြသသော အားဖြင့် ယခင်အစိုး ရလက်ထက်က ဖွင့်ပွဲကြီးများကို ခမ်းနား ထည်ဝါစွာ ကျင်းပခဲ့ကြောင်း ယခုခေတ်တော့ ဖွင့်ပွဲများကိုစရိတ်ကျဉ်းကျဉ်းဖြင့် လုပ်ပါ မည်''ဟု သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ကျွန်တော်၏ မေးခွန်းတစ်ခုကို အကြောင်းပြု၍ စာဖြင့်အကြောင်း ပြန်ဖူး သည်။ အရေးကြီးသည်က မူလစာသင် ကျောင်းများကိစ္စ ဖြစ်သည်။ ယခင်ကပုံမှန် အခြေကျ ''ဆိုင်ရှင်''ရှိကျောင်း အဖြစ်မှ ရွေ့လျားကျောင်း သတ်မှတ်ခံရသည်။ ၁၉၉၅ မှ ၂ဝ၁၃ ထိ (၁၈)နှစ်ကြာ ရွေ့လျားကျောင်း ဖြစ်နေသည်မှာ မည်သူ့တွင် တာဝန်ရှိသနည်း၊ အလယ်ဘုံ၊ ငလယ်၊ ပွင့်တောက်၊ ကုန်းတရား၊ ပုံစိတ်၊ ချီ၊ ပန်းချပ်၊ မကျီး၊ ချီချောင်း၊ အောင်း ရွာများရှိ စာသင်ကျောင်းများမှာ ခုထိ ရွေ့လျား ကျောင်းအဆင့်သာသတ်မှတ်ခံရသည်။ ရွေ့ လျားကျောင်းဖြစ် သောကြောင့် ကျောင်းအုပ် ခန့်အပ်ခြင်းမရှိ ။ ဆရာ၂ ဦးသာရမည်။ ခဲတံ၊ စာအုပ်မှစ၍ အခြားအစိုးရ အထောက်အပံ့ လုံးဝမရကြောင်း စေတုတ္တရာ မြို့နယ် ပညာ ရေးမှူး ဒေါ်ခင်မေသိန်းကဖွင့်ဟသည်။ ''အ ဆောက်အအုံပြင်ဆင်ခွင့် ဆောက်လုပ်ခွင့် လည်းမကျဘူး။ ခုထိရွေ့လျားကျောင်း ဘာလို့ဖြစ်နေတာလဲ ကျွန်မ မသိဘူး။ရွာအ တည်တကျဖြစ်ရင် ဆိုင်ရှင်ချပေးမယ်လို့သိရတယ်။ ရွာတွေကအတည် ဖြစ်နေတာ ကြာပြီ။ကလေးတွေ နစ်နာတာပေါ့''ဟုဆိုသည်။ အောင်းကျေးရွာမှ ဦးဝင်းမြင့်ဦးက ''ရွာမှာမူ လတန်း၊အလယ်တန်း ကျောင်းသား (၇ဝ) ကျော်ရှိတယ်။ ဆရာ မရှိလို့ (၂) ယောက်ငှား ထားရတယ်၊ မွဲပါတယ်ဆိုပေမဲ့ ကလေးတွေ ပညာရေးဆိုတော့ စုပေါင်းပြီး ငှားကြရတာပေါ့''ဟု ဆိုသည်။မုန်းဆည်ပြီးနောက် ကျီးအုံ ကျီးဝ ဆည်ကိုဆက်လုပ်ခဲ့ရာ တမံနှစ်ခုကြား ရေ ထောက်လာပြီး စေတုတ္တရာမြို့ ရှိ လယ်ဧက (၄ဝဝ) အပါအဝင် စလင်း-စေတုတ္တရာပင် မကားလမ်းကြီး ရေမြုပ်သွားသည်။ ထိုသို့ မြုပ်ခြင်းသည် မူလကတွက်ချက်ထားခြင်း မရှိ၊ ရေမြုပ်ဧရိယာထဲမပါဟု ဆိုကာလျော် ကြေးမရခဲ့ကြ၊ တော်လိုက်ကြသည့် တွက် ချက်မှုပါပေ၊ ဘယ်ကျောင်းထွက်တွေလဲမသိ၊ အရင်က မမြုပ်ဘူးထင်လို့ပါ၊ ခုတော့မြုပ်နေ ပြီဆိုတော့ ဘယ်လိုလုပ်ကျမလဲ စဉ်းစားဖို့ လို ပြီ။ ကျီးအုံ ကျီးဝရေမြုပ်ဧရိယာပါရွာများ ယာမြေ သုံးဧကဆီဖော်ထုတ်ရန် တစ်ဧက (၂ဝဝဝဝ) နှုန်းဖြင့် တစ်အိမ်ထောင် (၆ဝဝဝဝ) နှုန်းပေး ချေခဲ့သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုရွှေအောင်က ပြောသည်။ မဆိုးပါ။ ယခုမှ ရေစပိတ်တော့မည့် ဂန့်ဂေါမြို့နယ်ရှိ မြစ်သာ တမံကတော့ တစ်ဦးချင်းအတွက်သိန်း (၄ဝဝ) တန်အာရ်စီနှစ်ထပ်တိုက်တွေ ဆောက်လုပ် ပေးထားပြီး ဘုန်းကြီးကျောင်းကြီးတွေကတော့ သိန်း (၄ဝဝဝ) ကျော်အကုန်ခံ တည်ဆောက်ပေးထားပြီး လှပသေသပ်သည့် မြို့ သစ်အဖြစ် ရေမီးစုံလင်စွာနေရတော့မည်။ ကြိုဆိုပါသည်။ ဆည်ဆောက်မည်ဘာဆောက် မည်ဆိုလျှင် နစ်နာသူကို ဦးစွာစီမံပေးပြီးမှ ၄င်းတို့ အခြေတကျဖြစ်မှစတင်သင့်ပေသည်။ မြေကိုတန်းဖိုးထားရမည်။ လူကို လူလို တန်ဖိုးထားရမည်။ကျွန်တော် ထိုင်းနယ်စပ်တွင် တာဝန် ကျစဉ်က၊ သံလွင်မြစ် တစ်ဖက်ကမ်း ထိုင်း ဘက်ခြမ်း၌ လယ်ယာလုပ်သော ထိုင်းနိုင်ငံသားခံယူထားသည့် ကရင်ကျောင်း ဆရာတစ်ယောက်ရှိသည်။ သူက ကျွန်တော်တို့ ဘက်ခြမ်းကို စက်လှေကလေးနှင့် (၃) ရက် တစ်ခါလောက်လာပြီး သူ့ခြံထွက်များ ရောင်း လိုတာဝယ်ပြီး ပြန်တတ်သည်။ ကျွန်တော်နှင့် ခင်၍ မကြာခဏတပ်စခန်းသို့ လာလည် သည်။ ဗူးသီးခရမ်းသီးနှင့် ထိုင်းနိုင်ငံထွက် မုန့်ပဲသရေစာများ ယူလာတတ်သည်။ ကျွန်တော်က''အာမီရမ်'' ဖြင့် ဧည့်ခံသည်။ ထိုင်းဘက်ကသူ့ယာအနီးတွင် ထိုင်းတပ်စခန်းတစ်ခု ရှိသည်။ (၁ဝ)ရက် (၁) ကြိမ်လောက် ရဟပ် ယာဉ်ဆင်းသည်ကို ပုံမှန်မြင်ရသည်။ တစ်နေ့ ထိုရဟပ်ယာဉ်ပျံဝဲလာစဉ် မီးခိုးတွေထွက်ပြီး သူ့အလိုလို ပျက်ကျသွားသည်။ ထိုနောက် ကရင်ကျောင်းဆရာ(၂) ပတ်ခန့် ပေါ်မလာ၊ ၄င်းရောက်လာသောအခါ ထိုင်းနိုင်ငံထွက် ဆင်းဂါးဘီယာများ၊ ဝီစကီများ တစ်ပုံတစ်ပင် ပါလာသည်။ မေးကြည့်တော့''ကျွန်တော် ပွဲ သွားတယ် ရဟပ်ယာဉ်က ကျွန်တော့် ယာခင်းထဲပျက်ကျတယ်၊ တစ်နှစ်လုံးရမဲ့သီး နှံတန်ဖိုး ၅ ဆကို လျော်သွားတယ်။ (၅) နှစ်စာ ကြိုတင်ရသလိုပေါ့ အင်ဂျင်ဝိုင်တွေ စက်ဆီ တွေပေနေတဲ့ ယာခင်းမြေကိုလည်း စက်တွေနဲ့ ကလော်ဖယ်ရှားပြီး မြေကောင်း တွေနဲ့ လဲပေးတယ်၊ အခုကျွန် တော်ချက်ခြင်း ပြန်စိုက်လို့ရနေပြီ။ ဘုရားသခင်လာပေးသွားတာပေါ့'' ဟုဝမ်းသာအားရ ပြောသည်။ ထိုစဉ်က ကျွန်တော် စဉ်းစားကြည့်သည် ကျွန်တော်တို့နိုင်ငံမှာ စစ်ရဟပ်ယာဉ် ယာခင်းထဲပျက်ကျပါက အလျော်မရသည့်အပြင် အတိုအစလိုက် ကောက်ပေးရန် လုပ်အားပေးပင်ပါသွားလိမ့်မည် (သို့မဟုတ်) ''ဒါတွေ မပျောက်အောင် ညကင်းစောင့်ပေးထား'' ဟုခိုင်းချင် ခိုင်းမည်၊ မြေကော်စက်များဖြင့် မြေပြုပြင်ပေးဖို့ စိတ်ကူးရှိအံ့မထင်။ သီးနှံ လျော်ကြေး ၅ နှစ်စာ ကတော့ဝေးစွ၊ သြော် ...သူတို့နိုင်ငံမှာ လူကို တန်ဖိုးထား၍ လယ် ယာမြေကိုတန်ဖိုးထား၍ ဤသို့ တိုးတက်နေ တာပါလားဟု သံဝေဂ ရမိသည်။ ယခု အစိုး ရသစ်လက်ထက်တွင် ဒါတွေ့လာပါပြီဟု ပြောလို့ရပြီလားမသိ။ ခြိမ့် ခြိမ့်သည်းသည်း ဘုန်းကြီးပျံပွဲ ကျင်းပနေသော ရွာကို အားကျပြီး ''တို့ဘုန်းကြီးလည်း ဖျားနေပါပြီ'' ဟု ပြောရမလိုပင်။မုန်း၏အထက်တွင် ဗူး(၁) ဗူး(၂) ဆည်များ ဆက်လုပ်ပါက ထပ်မြုပ်မည့် ရွာ များမှာ တဘွင်၊ နဘဲကုန်း၊ အကြည်၊ လက်ပန် ကျင်း၊ တန့်လည်ကျင်း၊ လုံကြီး၊ နတ်ကြီး၊ အာရော၊ ဒွေးစသောရွာများနှင့် အထက်တန်း ကျောင်း၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းတို့ပါကြ လိမ့်ဦးမည်။ ဗူး(၁)မှာ စီမံကိန်းစတင်၍ အချို့အဝက်ပြီးစီးနေစဉ် ၂ဝဝ၈ ခုနှစ်မှစ၍ စီမံကိန်းရပ်တန့်ထားသည်။ ဆက်လုပ်မည် ဆိုက ရေမြုပ်ရွာများကို ထိုက်ထိုက် တန်တန် နေရာချ၊ ရေ၊ မီး၊ စာသင်ကျောင်းစုံအောင် လုပ်ပြီးမှ ဆက်လုပ်သင့်သည်။ လူကို တန်ဖိုး ထား၊ မြေကို တန်ဖိုးထားသင့်ပါပြီ။ ပြီးခဲ့တာ တွေပြီးပါစေတော့ နောက် ဆက်မမှားဖို့ အ ရေးကြီးလှသည်။ ရေမြုပ်ရွာများအတွက် ဘတ်ဂျက်ပြည့်စုံမှ ဆည်ပိတ်ပါဟု ထောက် ပြလိုသည်။ မဟုတ်လျှင် ဆည်၏ ကောင်း ကျိုးကနောက်၊ သူတို့၏ဘဝတွေကဆည်နှင့် အတူဦးစွာနစ်မြုပ်ပျက်စီးသွားပေလိမ့် မည်။ ပျက်စီးခဲ့ ကြပြီးပြီ တန့်ဆည်ရွာသူ ဒေါ်စန်းမြက ''ကျွန်မသမီးကအသက် (၂ဝ) မပြည့်သေးဘူး၊ ထိုင်းကို ပွဲစားကတစ်ဆင့် ပို့ရတယ်။ ဘယ်ပို့ချင်မလဲ ဒါပေမဲ့ ရောင်းစားစရာက ကုန်ပြီ၊ ဒါကြောင့် လွှတ်လိုက်ရတယ်''ဟု ငိုသံပါကြီးနှင့် ပြောသည်။ ရွှေရောင်း ကျွဲရောင်း နွားရောင်းစရာကုန်တော့ သမီးကို ရောင်းလိုက် ရသည်ဟု ပြောသည့် သဘောပင်။ သရန် ကိုင်းရွာမှ ဦးဟန်သောင်းက ''ရေ မြုပ်တဲ့နေ့က ကျွန်တော့်စားတော်ပဲခင်းကအပင် တစ်မိုက်လောက်ရှိနေပြီ။ ရေကတက်တက်လာတယ်။ မိန်းမရေ၊ ဒို့စားတော်ပဲပင်လေးတွေ ဒါနောက်ဆုံးမြင်ရ တာပဲကြည့်၊ ကြည့်ဆိုပြီး ပြောတော့ ကျွန်တော့်မိန်းမ မမြစန်းက မူးမေ့လဲကျသွားခဲ့ရတယ်''ဟု ရင်ဖွင့်သည်။အောက်လယ်တွေရေရဖို့၊ မြို့လူတွေ မီးရဖို့၊ သူတို့ရဲ့ ဘဝတွေကို ရင်းနှီးမြှုပ်နှံပစ် ရမှာလား။ ''သူတည်းတစ်ယောက်ကောင်း မှု ရောက်ဖို့ သူတစ်ယောက်မှာ ပျက်လင့်ရမှာလား'' ဤကဗျာကို ဒဏ္ဍာရီထဲမှာ ထားရစ် ခဲ့သင့်ပြီ။ သူတည်းတစ်ယောက်လည်း ကောင်းရမည်။ သူတစ် ယောက်လည်း ကောင်း ရမည်။ Win Win ဆိုတာ သမ္မတကြီးရဲ့ လက်သုံးစကားပဲလေ၊ ရဟတ်ယာဉ်ယာခင်းထဲ ပျက်ကျ၍ ပွပေါက်တိုးခဲ့သော ထိုင်းနိုင်ငံသား ကရင်ကျောင်းဆရာလို၊ တမံကြီးလုပ်၍ ရေမြုပ်သွားသော ရွာသားများပွပေါက် တိုးရမည်။ မူလထက်လူနေမှုအဆင့်အတန်း မြင့်ပြီး ရေနဲ့မီးနဲ့ လယ်နဲ့ယာနဲ့ ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်ရမည်။ အခုတော့ သူများနိုင်ငံမှာ ကျွန် သွားခံကြရပြီ။ ရွာတွေတွင် သက်ကြားအိုးနှင့် ကလေးတွေသာရှိသည်။ စုတ်ပြတ်သပ်နေ သော အခင်းအကျင်းကရွာ၏ စီးပွားရေး၊ လူမှုရေးအခြေအနေကို သိသာစွာ ထင်ဟပ်နေသည်။ ဒဟပ်ကိုင်းရွာမှ ဦးအေးကိုက ''ရွာမှာ ရေမရတော့ ပိုက်ဝယ်ရတယ်၊ ဘုန်းကြီးကျောင်းကလည်း မပြီးသေးဘူး။ ငွေသိပ် မရှိကြတော့ ရေပိုက်လည်းမပြီး ဘုန်းကြီးကျောင်းလည်းမပြီး၊ ဒီကြားထဲ ငဖဲ-စေတုတ္တရာလမ်းကို ရွာကနေ ထွက်ဖို့ တစ်မိုင် (၂) ဖာလုံဒိုဇာနဲ့ ထိုးပေးဖို့ လမ်းဗိုလ် ကို သွားပြောတာ ရွာကဆီခံရမယ်လို့ ပြောတယ်''ဟု ဆို သည်။မုန်းဆည်ကအပြန် ကျွန်တော်တို့ ကော်မရှင်အဖွဲ့ဝင်တွေ နှုတ်ဆိတ်နေကြ သည်။ ပွာလောင်ပွာလောင် ပြောတတ်သော NLD ဦမြင့်သိန်း (မကွေးအမတ်) သည်ပင် ခပ်မဆိတ်လိုက်ပါလာခဲ့သည်။ အစီရင်ခံစာ အချောသပ်ရေး၍ လွှတ်တော်သို့ အမြန်တင် ပြရန်လုပ်ရဦးမည်။ အမည်သညာခေါ်စရာကား ''မုန်း''ဆိုသည့် အတိုင်း ချစ်စရာ မကောင်းလှပါတကား။ ဦးလှဆွေ(အမျိုးသားလွှတ်တော်)by Messenger News Journal
မုန်းချောင်းရေလှောင်တမံ၊ စေတုတ္တရာမြို့၊ မကွေးတိုင်း
http://feeds.feedburner.com/thithtoolwin/yIWV
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နဲ့ မြန်မာနိုင်ငံ အကြား စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မြဲစေရေး ရည်ရွယ်ချက်နဲ့ အဓိကကျတဲ့ စက်မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီကနေ့ စနေနေ့မှာ သဘောတူလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အလိုအပ်ဆုံးဖြစ်တဲ့ စီးပွားရေး ပြန်လည်ရှင်သန်ဖို့ တွန်းအားပေးတဲ့ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံ အဆောက်အဦးအတွက် ဂျပန်စီးပွားရေး လုပ်ငန်းတွေက အကူအညီပေးမှာဖြစ်တယ်။ ဂျပန် ကော်ပိုရေးရှင်းကြီးတွေက သီလ၀ါ အထူးစီးပွားရေးဇုံ စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲမှာ ဂျပန် ၀န်ကြီးချုပ်က သက်သေအဖြစ်တက်ရောက်ခဲ့တာပါ။အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က သီလ၀ါအထူးစီးပွားရေးဇုံ ဟာ ၂ နိုင်ငံ အစိုးရအတွက်ရော ပုဂ္ဂလိကကဏ္ဍတွေ အတွက်ပါ သမိုင်းမှတ်တိုင်ဖြစ်ပါတယ်လို့ဆိုပါတယ်။မြန်မာပြည်အတွက် သိပ်လိုအပ်နေတဲ့ အလုပ်အကိုင်တွေဖန်တီးရေးနဲ့ စက်မှုနည်းပညာအထောက်အကူအတွက်ပါ အကျိုးရှိစေတယ် လို့ဆို ပါတယ်။ မြန်မာလူထုအတွက်သာမက ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ပါ ၂ ဦး ၂ ဘက် အကျိုးဖြစ်ထွန်းကြဖို့ မျှော်လင့်တယ်လို့လည်း ဦးဆက်အောင်ကမှတ်ချက်ချကြောင်း ရန်ကုန်ကလာတဲ့ AFP သတင်းတရပ်မှာ ဖေါ်ပြထား ပါတယ်။ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် သီလဝါဆိပ်ကမ်းကို သွားရောက်လေ့လာစဉ်။ ( မေ ၂၅၊ ၂၀၁၃)
http://feeds.feedburner.com/thithtoolwin/yIWV
ရန်ကုန်၊ မေ ၂၄အသက် ၁၈ နှစ်အရွယ် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသူ သေဆုံးမှုကို ရဲတပ်ဖွဲ့ဝင်များက သာမန် ရေနစ်သေဆုံးမှုဟု မှတ်တမ်း တင်သောကြောင့် အမှုမှန် ပေါ်ပေါက်စေရန် CID ကပါ ပူးပေါင်းဖော်ထုတ်ပေးရန် မေတ္တာရပ်ခံ ခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်။အဆိုပါ မေတ္တာရပ်ခံချက်ကို မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီက MJN တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။သေဆုံးခဲ့သူ မနော်မေသူသူဇော် ကို ရည်းစားဖြစ်သူ ကိုရဲမင်းဦးက အိမ်ပြန်ချိန် တွင် ရန်ကုန်-မှော်ဘီ ဟိုင်းလတ်ခရီးသည် တင်ယာဉ်ပေါ်သို့ ကိုယ်တိုင်လိုက်ပို့ပေးပြီး ကားထွက်မှသာ ပြန်ခဲ့သည်ဟု ဖုန်းဆက် အကြောင်းကြား ခဲ့သော်လည်း ၄င်း တင်ပေးလိုက်သည့်ယာဉ်၏ အရောင်ကို မသိရှိသည် ဟု ပြောဆိုနေခြင်းမှာ သံသယဖြစ်ဖွယ် ရှိကြောင်း သေဆုံးသူနှင့် ဦးလေး တော်စပ်သည့် ဦးစောအေးမင်းက ရှင်းပြဆိုသည်။မနော်မေသူသူဇော် ကို ၄င်း၏ချစ်သူ ကိုရဲမင်းဦးနှင့် ဦးလေးဖြစ်သူက ခေါ်သွားသည်ကို မျက်မြင်သက်သေများ ရှိခဲ့သော်လည်း ၄င်းတို့ဘက်မှ ဦးလေးအစား အစ်ကိုဖြစ်သူကို အမှုထဲသွင်းကာ ဦးလေးဖြစ်သူကို အမှုတွဲမှ သွေဖည်အောင် လုပ်ဆောင်နေသည့် အတွက်လည်း သံသယဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။မနော်မေသူသူဇော်မှာ ကိုရဲမင်းဦး က မွေးနေ့တွင် ဖုန်းဆက်၍ အတင်းခေါ်ဆောင်သည့် အတွက် လိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ညီမဖြစ်သူဘက်မှ မကြာခဏ သဘောထားကွဲနေသော ကိုရဲမင်းဦးကို မွေးနေ့တွင် အဆက်သွယ်ဖြတ်မည်ဟု ယခင်က မိမိကို ပြောဆိုခဲ့ဖူးကြောင်း အစ်မဖြစ်သူ မခမ်းမွန်ထွေးက ဆိုသည်။သမီးဖြစ်သူ၏ အလောင်းကို အင်းစိန် ရဲစခန်းမှ ဆယ်ယူရရှိခြင်းကို သွားရောက် စုံစမ်းရာ သေဆုံးစဉ် မှတ်တမ်းဓာတ်ပုံများ အရ အတည်ပြုနိုင် ခဲ့သော်လည်း အလောင်းကို သင်္ဂြိုဟ်လိုက်ပြီဟု ပြောဆိုခဲ့သဖြင့် မိသားစုဝင်များ ကိုယ်တိုင် အင်းစိန်ဆေးရုံ သို့ လိုက်လံစုံစမ်းရာမှ အလောင်းကို ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးစာတွင် ရေနစ်သေဆုံးသည့် အနေအထားဖြင့် ထုတ်ပြန်ခဲ့သောကြောင့် အဆင့်ဆင့် တိုင်ကြားခဲ့ရာ ယခုအခါ မြောက်ပိုင်းခရိုင်က ဆက်လက်စုံစမ်းလျက် ရှိသော်လည်း ထပ်မံ စစ်ဆေးချက်အရ ရေနစ်၍ သေဆုံးသည်ဟု အဖြေ ထွက်လာနိုင်ကြောင်း၊ သေဆုံးသူနှင့် နောက်ဆုံးကျန်ရှိခဲ့သူကို သံသယရှိ၍ အမှုဖွင့် ပေးရန် တိုင်ကြားသော်လည်း အဆိုပါ ရဲစခန်းမှ အမှုဖွင့်ပေးခြင်း မရှိကြောင်း သေဆုံးသူ၏ မိခင်က ဆိုသည်။"၁၉ ရက်နေ့ သူ့ရည်းစားက ၇ နာရီ ၄၅ မိနစ်လောက်မှာ ကားပေါ်တင်ပေးပြီး ကားထွက်သွားတယ် ပြောတယ်။ လှိုင်သာယာ အောင်ဇေယျ တာဝန်ကျရဲက ၈ နာရီ ၁၅ လောက်မှာ သမီးလေးရဲ့ အင်းစိန်လိပ်စာ ပါတဲ့ ကျောင်းသားကတ်ရယ်၊ မှတ်ပုံတင်ရယ် ဖိနပ်ရယ် အပါအဝင် ပစ္စည်း ၁၁ မျိုးကို ညတွင်းချင်း တွေ့တယ်။ အင်းစိန် အုတ်သဲ ကျောက်ကွင်းနားမှာ ၂၀ ရက်နေ့ မနက် ၇ နာရီလောက်ထဲက သမီးအလောင်း ပေါ်နေပြီ။ ဒါကို ၂၁ ရက်နေ့ မရမ်းကုန်း စခန်းမှာ လူပျောက် အမှုဖွင့်တော့ နှစ်နာရီအတွင်း သတင်းဓာတ်ပုံတွေ ဖြန့်ပေးမယ် ပြောတယ်။ ၂၃ ရက်နေ့မှ အင်းစိန်မှာ အလောင်းတစ်လောင်း ရှိတယ်ဆိုလို့ စုံစမ်းကြည့်မှ သမီးမှန်း သိရတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။အထက်ပါဖြစ်စဉ်နှင့် ဆက်စပ်နေသည့် ဖိုခုံလောက်ဆိုင်နေသော မြို့နယ်သုံးခု၏ ရဲစခန်းများ ချိတ်ဆက်ဆောင်ရွက်မှု ပေါ့လျော့သည့်အတွက် ယခုကဲ့သို့ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာရ ခြင်းဖြစ်ပြီး ကွပ်ကဲရုံးသို့ အကြောင်းကြားကာ ချက်ချင်းဖော်ထုတ်ပါက နယ်စပ်ဒေသရှိ တရားခံများကို ချက်ချင်းမိသည့် အတွေ့ အကြုံများစွာ ရှိဖူးကြောင်း အငြိမ်းစား အကြီးတန်း ရဲအရာရှိတစ်ဦးက ဆိုသည်။မနော်မေသူသူဇော် ၏ ပစ္စည်းများကို ပြန်လည်တွေ့ရှိခဲ့သည့် အောင်ဇေယျတံတား သည် လေးပေခန့်အမြင့်ရှိသည့် လက်ရန်း သံတိုင်များ ရှိသောကြောင့် ၄င်းခုန်ချသည် ဟု ယူဆမည်ဆိုက အမျိုးသမီးတစ်ဦး အနေနှင့် တက်ရန် ခက်ခဲကြောင်း၊ မူးယစ်စေသည့် အရာတစ်ခုကို တိုက်ကျွေးပြီး ရေထဲသို့ပစ်ချ လျှင်လည်း အဆုတ်တွင်းရေဝင်ပြီး သေစေနိုင်ကာ ယခုအမှုမှာ သံသယဖြစ်ဖွယ်များ ရှိပြီး လက်ရှိတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြီးကြပ်ကာ ကြိုးစားဖော်ထုတ်လျက် ရှိကြောင်း မှုခင်းတပ်ဖွဲ့မှ အငြိမ်းစား အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။The Voice Weekly
http://feeds.feedburner.com/thithtoolwin/yIWV
၂၄-၅-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ နမ့်ကြုပ်ရွာနေ အိုက်ရွှေ(၂၃)နှစ်နှင့်ဇနီးဖြစ်သူ နန်းပါလ(၂၂)နှစ်တို့သည် ရေခပ်ရာမှအပြန် နမ့်ကြုပ်ကျေးရွာအနီး၌ တစ်ရွာတည်းနေ မနန်းအောင်(၃၀)နှစ်မှာ တောင်ယာသွားလမ်းဘေးတွင် ဒဏ်ရာများဖြင့်လဲကျသေဆုံး နေသည်ကိုတွေ့ရှိရကြောင်း သတင်းရရှိသဖြင့် နမ့်စန်မြို့မရဲစခန်း(ပ)၃၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
၂၄-၅-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန် ရပ်ကွက်လမ်းဆုံတွင် ပဲခူးမြို့၊ မဟာကု သိနာရုံကျောင်းနေ ဆရာတော် ဥူးရေ၀တ(ခ) ဦးတင်ကြွယ်(၇၇)နှစ်(၂၇)၀ါထံသို့ ၂၃ယ/xxxxx ဆိုင်ကလုန်း ဆိုင်ကယ်ဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ရဲစခန်းမှ မေးစရာရှိသဖြင့် ခေါ်သည်ဟုပြောကာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မေလ(၂၅)ရက်နေ့ ထုတ် Focus Online Issue 42
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မေလထုတ် DIY (Do It Yourself)ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မေလ(၂၄)ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၄
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မေလ(၂၂)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၁၁ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မေလ(၂၅)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.20သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Pdf ကို ဖတ်ရှုရန်အတွက် အောက်ပါလင့်မှ font ကို download ရယူပြီး မိမိ သုံးနေသော ကွန်ပျူတာတွင် Install လုပ်ပေးရပါမည်။http://www.mediafire.com/?ojojmbuhp3sq1jm
http://feeds.feedburner.com/thithtoolwin/yIWV
မေလ(၂၅)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၁၁)ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ရက်နေ့ မနက်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြု။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက လန်ဒန်တောင်ပိုင်းက လမ်းပေါ်မှာ စစ်သားတယောက်ကို သတ်ဖြတ်ခဲ့တဲ့ နှစ်ယောက်ထဲက တယောက် ဖြစ်တဲ့ မိုက်ကယ် အက်ဒ်ဘိုလာဂျို နဲ့ အမြဲတွဲနေတဲ့ သူငယ်ချင်း Abu Nusaybah က ဘီဘီစီကို ပြောကြားရာမှာ လုံခြုံရေး အဖွဲ့တွေက အက်ဒဘိုလာဂျို ကို သူတို့အတွက် အလုပ်လုပ်ပေးဖို့ ထပ်တလဲလဲ ကမ်းလှမ်းခဲ့ပြီး သတင်း အချက်အလက်တွေလည်း တောင်းခဲ့တယ်လို့ ဆိုပါတယ်။ဒီပြောကြားချက်နဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ အတည်ပြုချက်တွေ မရသေးဘဲ အဲဒီလို ပြောကြားလိုက်ပြီးတဲ့နောက် နူဆေးဘက်ဟာ အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။မနှစ်က နှစ်ကုန်ခါနီး အချိန်လောက်မှာ ကင်ညာ လုံခြုံရေး တပ်ဖွဲ့တွေက အက်ဒ်ဘိုလာဂျိုကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးတဲ့နောက် ဗြိတိန်က လုံခြုံရေး အဖွဲ့တွေက သူ့ဆီ ချဉ်းကပ်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာနက်ဆေးဘက်က ပြောပါတယ်။ကင်ညာမှာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရစဉ် အတွင်း ကိုယ်ခန္ဓာရော လိင်ပိုင်း အရပါ မတရား ပြုကျင့် ခံခဲ့ရတယ်လို့ အက်ဒ်ဘိုလာဂျိုက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ဘီဘီစီ (မြန်မာပိုင်း)
စစ်သား သတ်သူ နှစ်ယောက်ထဲက အက်ဒဘိုလာဂျိုရဲ့ သူငယ်ချင်း Abu Nusaybah
http://feeds.feedburner.com/thithtoolwin/yIWV
၂၄.၅.၂၀၁၃ ရက်နေ့ နံနက် ၀၃၀၀ အချိန် မ----- (၁၅)နှစ်၊ (ဘ) ဦးတင်ဝင်း၊ မော်လမြိုင်မြို့နေသူသည် ကြည့်မြင်တိုင်ဘူတာတွင် ရန်ကုန် - ပြည် ရထားစီးရန်စောင့်နေစဉ် ထွန်းလွင်(ခ)ဆံရှည် ပါ(၅)ဦးမှ မီးရထားတွဲဟောင်းပေါ်ခေါ်ဆောင်၍ အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ကြောင်းတိုင်တန်းသဖြင့် စမ်းချောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ကာ ညောင်တုန်းမြို့နယ်နေ ထွန်းလွင်(ခ) ဆံရှည် (ဘ) ဦးစိန်ဝင်း၊ စမ်းချောင်းမြို့နယ်နေသူများ ဖြစ်သည့် ဇင်မင်းအောင် (ဘ) ဦးသန်းစိုး၊ ရန်နိုင်လင်း(ဘ)ဦးပွကြီး၊ ဇော်ထက်အောင်(ခ)၀ုကျိ(ခ)မျာက်ကြီး (ဘ) ဦးကိုထွေး တို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တရားခံ အောင်ခိုင်ဇော် အား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။
http://feeds.feedburner.com/thithtoolwin/yIWV
၂၅.၅.၂၀၁၃ ရက်နေ့ ၀၉၁၀ အချိန် စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ရှင်စောပုလမ်း၊ တိုက်အမှတ်(၁)နေ ကိုဖြိုး ပိုင်ဆိုင်သည့်လုံးချင်း နှစ်ထပ်တိုက်(အိမ်ဟောင်းဖျက်ခွင့်တင်ထားဆဲ) အား အင်ဂျင်နီယာဦးအေးသိန်းမှ တာဝန်ယူပြီး အလုပ်သမားခေါင်းဆောင် ကိုဝင်းညိုနှင့် အဖွဲ့မှ ဖြိုဖျက်နေစဉ် ဖျက်လက်စတိုက်၏ ဆန်းရှိတ်ပြိုကျရာ ရှိန်းကို (၂၂)နှစ်၊ ပုသိမ်မြို့၊ မိုးကျော်သူ (၁၇)နှစ်၊ ၀ါးခယ်မမြို့၊ ထွန်းလွင်ဖြိုး (၂၂)နှစ်၊ ၀ါးခယ်မမြို့တို့ (၃)ဦး ဒဏ်ရာများရရှိ သေဆုံးပြီး သီဟမျိုး (၂၀)နှစ်၊ ၀ါးခယ်မမြို့နေသူမှာ ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားရှိကြောင်းနှင့် အဆိုပါ တိုက်ပြိုကျရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ စခန်းမှူးတို့ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပြီး ဖြစ်စဉ်အားစုံစမ်း ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။
http://feeds.feedburner.com/thithtoolwin/yIWV
နေပြည်တော် ရန်ကုန် အမြန်လမ်း ခရီးသည်တင်ကားတစ်စီး တိမ်းမှောက် ၊ သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး
ရန်ကုန်၊မေ ၂၅
ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာ သွားသော မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် လိုင်းမှ ကားတစ်စီးသည် ၁၂၅ မိုင် ၄ ဖာလုံ အရောက်တွင် အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လိုက်ပါ စီးနင်းလာသော ခရီးသည် ၂၆ ဦးမှ ၁၁ ဦး သည် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု မှ သေဆုံးသူများထဲတွင် သံဃာတော်တော် တစ်ပါး ပါဝင်ကြောင်း၊ထို့ပြင် နိုင်ငံခြားသား ခရီသွား ဧည့်သည် တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း အခင်း ဖြစ်ပွားရာ နေရာသို့ရောက်ရှိနေသော ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်နေ ဦးကျော် မိုးအောင်က ဆက်သွယ်ပြော ကြားသည်။
" ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ရစရာတောင်မရှိ သလောက်ပဲ၊ လောလောဆယ် တာဝန်ရှိသူတွေရဲ့ စစ် ဆေးချက်အရ ၁၁ ဦးဆုံးသွားတယ်လို့ ပြောနေတယ်" ဟု၎င်းက ပြောသည်။
AH - Popular Myanmar News Journal
မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် တိမ်းမှောက် ၊ သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး ။ ဓါတ်ပုံ - Popular Myanmar News Journal
http://feeds.feedburner.com/thithtoolwin/yIWV
ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၌ အိမ်ရိုက်သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား အရေးပေါ်ခွဲစိတ်ပြီး အသက်ကယ် ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၂၂ ရက် နံနက်ပိုင်းက ဖြူးမြို့နယ် ဖြူးအရှေ့ဘက်ဝဲကြီး ကျေးရွာအုပ်စု ဝဲကြီးတောင်ကမ်းရွာနေ မောင်ရန် နိုင်ထွန်း ၃၅ နှစ် (ဘ) ဦးသန်းထွန်း (လယ်လုပ်)မှာ စိတ်ရောဂါ အခံရှိပြီး အဆိုပါနေ့ နံနက်ပိုင်းက မခံနိုင်အောင် ဝမ်းဗိုက်အောင့်နေသဖြင့် ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လေးလက်မနှင့် နှစ်လက်မခွဲ အိမ်ရိုက်သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား ဖြူးမြို့ ပြည်သူ့ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ် ဖယ်ရှား ပေးနိုင်
http://feeds.feedburner.com/thithtoolwin/yIWV
ရန်ကုန်၊မေ၊၂၅စမ်းချောင်းမြို့နယ် ရှင်စောပုလမ်း အောင်ချမ်းသာရပ်ကွက် အိမ်အမှတ်(၁) မှာ အိမ်ဖြို ဖျက်ရင်း နဲ့ပြိုကျ မှုကြောင့် လူတစ်ဦး သေဆုံး ပြီး ၃ယောက် ဒဏ်ရာရ သွားတယ်လို့သိရပါတယ်။“ဖြစ်တာက ၉နာရီ ၁၀မိနစ် မှာဖြစ်ဖြစ်ချင်းနေရာမှာ တစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။နှစ်ယောက် က ဒဏ်ရာပြင်းထန်တယ်။ “လို့ အောင်ချမ်းသာရပ်ကွက် ရာ အိမ်မှုး ဦးမိုးမြင့်ကပြောပါတယ်။သေဆုံးသူ ကိုထွန်းလွင်မျိုး ဖြစ်ပြီး ဒဏ်ရာ ရသူတွေကတော့ ကိုရှိန်းကို၊ ကိုမိုးကျော်သူ ၊ကိုသီဟ တို့ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအိမ်ကို ဦးနိုင်တိုး အပါအ၀င် မိသားစု ၀င် နှစ်ဦးက ပိုင်ဆိုင်တယ်လို့ ဦးမိုးမြင့်ကပြောပါတယ်။အဆိုပါကိုဖြိုဖျက် တဲ့ နေရာမှာ တာဝန်ယူ ထား တဲ့ အင်ဂျင်နီယာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။လဲမို့၊မိုးမြင့်ဇော် (Kumudra)
http://feeds.feedburner.com/thithtoolwin/yIWV
Pages