I used to juice years ago. At that time my mother in-law was into juicing and she encouraged me to juice for my health. I juiced for a little while and then in my pantry it went. I took it out...
[[ This is a content summary only. Visit my website for full links, other content, and more! ]]
ထိုင်းကြက်သားအာလူးဟင်း ဒီဟင်းက အိသက် အမျိုးသား စာအုပ်ဖတ်ပြီးချက်ပြတဲ့နည်းပါ။ အိသက်မောင်လေး ဒီမှာရှိတုံးက တယောက်တလှဲ့စီဟင်းချက်ကြရတယ်။ အမျိုးသားက ဟင်းမချက် တတ်တော့ဆေးကျောင်းသား လုပ်ရတယ်။ အဲဒီနေ့က စိတ်လိုလက်ရ သူချက်မယ်ဆိုပြီးစာအုပ်ဝယ်လာပြီးချက်ပါတယ်။ အဲဒါပဲချက်ကျွေးဖူးတယ်၊ နောက်တခါဆိုဒါကို မတွေ့ရတော့ဘူး။ စားလို့အရမ်းကောင်းပါတယ်။ ဒါလေးကောင်းလွန်းလို့ ပြန်ချက်စားဖြစ်ပါတယ်။ ထိုင်းဟင်းလေးပါနော်။ ပါဝင်ပစ္စည်းများ(၆ယောက်စာ) -ကြက်သား အသား ၅၀၀ ဂရမ် -အာလူးအသေးလေးများ ၂၀လုံး -အုန်းနို့၁ဘူး -ရှောက်ရွက်၅ရွက် -ပူစီနံ လက်တဆုပ်စာ -ငံပြာရေ ၁ဇွန်း(စားပွဲတင်) - thai red curry paste ၁ဇွန်းခွဲ(စားပွဲတင်) -သံပရာရေ ၂ဇွန်း(စားပွဲတင်) -ငရုတ်ချိုတောင့်၂တောင့် -ကြက်သားမှုန့် ၂ဇွန်း(စားပွဲတင်) -ကြက်သွန်နီ ၂လုံး၊ ဖြူ ၃မွှာ ကြက်သားလေးများအတုံးသေးသေးတုံးထားကာ ဆား၊ ကြက်သားမှုန့်နယ်ထားပါ။ ငရုတ်ချိုတောင့် ၊ [...]
Normal
0
false
false
false
MicrosoftInternetExplorer4
/* Style Definitions */
table.MsoNormalTable
{mso-style-name:"Table Normal";
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:"";
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:"Times New Roman";
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}
ဒီတစ်ခါမှာ
စားလို့သိပ်ကောင်းတဲ့ ကိုကာကိုလာကြက်သားဟင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟုတ်ပါတယ်
ကြက်သားကို ကိုကာကိုလာနဲ့ ချက်ထားတာပါ။ ကျွန်မလဲ ကြားခါစကတော့
အထူးအဆန်းဖြစ်မိပါတယ်။ ဘယ်လိုဟင်းမျိုးပါလိမ့်ပေါ့။ ဒါပေမယ့် စမ်းကြည့်ပြီးသွားတဲ့
အခါမှာတော့ နောက်ထပ် အခါခါချက်ရမယ့်ဟင်းစာရင်းထဲကို ပါသွားပါတော့တယ်။ အရသာက
ခပ်ချိုချိုနဲ့မို့ ထမင်းနဲ့စားမှာထက် Appetizer
လိုမျိုးစားဖို့ပိုသင့်တော်ပါလိမ့်မယ်။ ဒင်ဆမ်းမှာပါလေ့ရှိတဲ့ ကြက်ခြေထောက်ပေါင်းသဘောမျိုးပေါ့။
ကျွန်မရဲ့ guinea pig တစ်ဖြစ်လဲ အိမ်ဦးနတ်ကတော့ ဒီဟင်းလေးကို အရမ်းကိုသဘောကျပါတယ်
:P ။ recipe ကို share ပေးတဲ့ HBS ကိုလည်း
ကျေးဇူးအထူးတင်ပါကြောင်း။ Thanks much HBS for sharing such a wonderful recipe. This is going to be a keeper for me.
ပါဝင်ပစ္စည်းများ
Chicken drumettes 5
Coke 250ml
ငရုပ်ပွရောင်စုံ
ဆား လက်ဖက်ရည်တစ်ဇွန်း
ငရုပ်ကောင်း လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
ပဲငံပျာရည်အနောက် စားပွဲဇွန်း ၂ ဇွန်း
နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ အကြီး ၁လုံး - ပါးပါးလှီးထား
ကြက်သွန်ဖြူ ၃ မွှာ - ဓါးပြားရိုက်ထား
ဂျင်း လက်တစ်ဆစ်စာ- ပါးပါးလှီးထား
Normal
0
false
false
false
MicrosoftInternetExplorer4
/* Style Definitions */
table.MsoNormalTable
{mso-style-name:"Table Normal";
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:"";
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:"Times New Roman";
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}
ပထမဆုံးကြက်သား drumettes
၅ ခုကို ဆား၊ ငရုပ်ကောင်း၊ကြက်သားမှုန့်၊ ပဲငံပျာရည် အနောက် နှမ်းဆီတို့နဲ့ ရောနယ်ပြီး
နာရီဝက်လောက် နှပ်ထားလိုက်ပါ
ဆီ စားပွဲဇွန်း ၁
ဇွန်ကိုအပူပေးပြီး ကြက်သွန်ဖြူ၊နီ၊ဂျင်းကို ဆီသတ်ပေးပါ။
ကြက်သွန်တွေ
နွမ်းသွားပြီဆိုရင် ကြက်သားကိုထည့်ပြီးခဏလုံးပေးပါ။ ပြီးရင် ရေအနည်းငယ်ထည့်ပြီး
ကိုကာကိုလာတွေကိုပါ ထည့်ပေးပါ။
ဆူပြီဆိုရင်
မီးလျော့အဖုံးအုပ်ပြီ်း၄၅ မိနစ်လောက်တယ်ရပါမယ်။ ချကာနီး ၅ မိနစ်အလိုလောက်မှာမှ
ပါးပါးလှီးထားတဲ့ ပန်းငရုပ်ပွတွေကိုထည့်လိုက်ပါ။
အနှစ်တွေတော်တော်ပျစ်လာပြီဆိုရင်
ချပြီးသုံးဆောင်လို့ရပါပြီ။
အရမ်းကိုစားကောင်းတဲ့
ဟင်းတစ်ခွက်မို့ စမ်းကြည့်စေချင်ပါတယ်
ကြက်ဆီထမင်း
ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…
ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ
ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀၀ ဂရမ် (၄ခု)
ရိုးရိုးဆန် ♦ နို့ဆီခွက် ၃ခွက်
ဆား ♦ လက်ဖက်ရည်ဇွန်း တ၀က်
ပဲငံပြာရည် အနောက် ♦ လက်ဖက်ရည်ဇွန်း တ၀က်
နံနံပင် ♦ ၁စည်း (ရေဆေးထား အမြီဖြတ်ပါ)
သခွာသီး ♦ ၁လုံး (အခွံနွှာ အ၀ိုင်းလှီးပါ)
ရေ ♦ ရခွက်
ဂျင်း ♦ ၆ပြား (ပါးပါးလှီးပြီသား)
ကြက်သွန်ဖြူ ♦ ရခု (နှုတ်နှုတ်စဉ်းပေးပါ)
ဆော့တွင် ပါဝင်ပစ္စည်းများ
ပဲငံပြာရည် အကြည် ♦ စားပွဲတင်ဇွန်း ၃ဇွန်း
ပဲငံပြာရည် အနောက် ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပဲငပိ အနှစ် ♦ စားပွဲတင်ဇွန်း ၃ဇွန်းစာ
သကြား ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဗီနီကာ ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဂျင်း ♦ စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
ငရုတ်သီးနီ(သို့)စိမ်း ♦ ၅ခု (ပါးပါးလှီးပါ)
ဆော့ပြုလုပ်နည်း
၁။ ဆော့လုပ်ရန် ခွက်တစ်ခုထဲသို့ (ပဲငံပြာရည် အကြည်၊ အနောက်၊ ပဲငပိ၊ သကြား၊ ဗီနီကာ၊ ဂျင်း၊ ငရုတ်သီးစိမ်း) တို့ကို သမအောင် ရောမွှေလိုက်ပါ။
၂။ သကြားအရေပျော်ရန် မီးနည်းနည်းဖြင့် အပူပေးပြီ ခွက်တစ်ခုထဲ ဆော့ရည် ပြန်ထည့်ထားပေးပါ။
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ကြက်အရေခွံများထည့်ကာ အညှိရောင်သန်းလာအထိ ကြော်ပေးပါ။
မှတ်ချက် ။ ။ ရိုးရိုးဆီနဲ့ ကြက်သွန်ဖြူဆီချက် ချက်လျှင်လည်း ရသည်။ ၀တ်ရည်က ပိုကောင်းအောင် ကြက်အရေခွံသီးသန့် ၀ယ်ထားပြီ ကြော်ခြင်းဖြစ်သည်။
၂။ ပြီလျှင် ကြော်ထားတဲ့ ကြက်အရေခွံများကို ဖယ်ကာ ထိုကြက်ဆီများဖြင့် ကြက်သွန်ဖြူဆီချက် လုပ်ပေးပါ။
ကြက်ဆီထမင်းချက်နည်း
၃။ ထို့နောက် ကြက်ရင်ဗုံကို ရေဖြင့် သန့်စင်အောင် ဆေးပြီ အခြောက်ပြန်ခံထားပါ။
၎။ ပြီနောက် ဒယ်အိုးတစ်ခုထဲသို့ ရေ(ရခွက်)ထည့်ကာ ဆူအောင်အထိ တည်ထားပေးပါ။
၅။ ပြီမှ ဆူလာလျှင် ကြက်ရင်ဗုံ၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ကာ မီးနည်းနည်းဖြင့် အဖုံးအုပ်၍ နူအိအောင် ၄၅မိနစ်ခန့် တည်ထားပေးပါ။
၆။ ရေမျက်နှာပြင်ပေါ် ကြက်အရေခွံမှ ထွက်လာသော ကြက်ဆီများကို ယောက်ဇွန်းဖြင့် ခပ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပေးပါ။
ရ။ ထို့ကြက်ဆီရည် ၄ခွက်ခွဲကို အခန်းအပူချိန်နှင့် အအေးခံထားပါ။
၈။ အအေးခံပြီလျှင် ကြက်ဆီထမင်း စချက်ရန် ဆန်(၃လုံး) ရေဆေးပြီသား၊ ကြက်သွန်ဖြူဆီချက်၊ ဂျင်း(၆ပြား)၊ ကြက်ဆီရည်(၄ခွက်ခွဲ)၊ ပဲငံပြာရည်အနောက်(လက်ဖက်ရည်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း) တို့ ထမင်းအိုးထဲထည့်ရာ ရောမွှေလိုက်ပြီ ရိုးရိုးထမင်းချက်သလို ချက်ပေးပါ။
၉။ ထမင်းချက်နေစဉ်အတွင်း ပြုတ်ထားသော ကြက်သားများကို အရှည်လိုက်ပိုးလှီးပေးထားပါ။
၁၀။ ကြက်ဆီထမင်း ကျက်ပြီဆိုလျှင် ကြက်သား၊ သခွာသီး၊ နံနံပင်၊ ဆော့ရည်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
မှတ်ချက် ။ ။ ကျန်ကြက်ပြုတ်ရည်များကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ခပ်ပြီ ဟင်းချိုအဖြစ်တွဲဖက် သုံးဆောင်နိုင်ပါသည်..
Filed under: ထိုင်းဟင်းလျာ ချက်ပြုတ်နည်း
Pear is a cooling food and usually in Chinese cooking, they used Asian pear to make tonic soup. But for me, I find that the Bosc pear resembled Asian pear the closest as it is crunchy, sweet and...
[[ This is a content summary only. Visit my website for full links, other content, and more! ]]
ဝက်နံရိုး အချိုဟင်း
ဒီတစ်ခါတော့ Piggy ထမင်းဘူးလေးပါ။ သားသားမီးမီးတို့ ကြိုက်မယ့် ၀က်နံရိုး အချိုဟင်းလေးရယ်၊ ပြောင်းဖူးကြော်လေး တွဲဖက်ပေးထားပါတယ်။ အချိန်တိုတွင်းမှာပဲ ထမင်းဘူးလေးကို ပြင်နိုင်တာမို့ လုပ်နည်းလေး ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ၀က်နံရိုး – ၃၀၀ ဂရမ် (အတုံး ၂”လောက်အရွယ်တုံးပေးပါ)
၂။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ ကြက်သွန်ဖြူ – ၆မွှာ (နှုတ်နှုတ်ဆင်းပါ)
၅။ ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်ဆင်းပါ)
၆။ သကြား – စားပွဲတင်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ ၀က်နံရိုးကို (ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ သကြား) ထည့်နုယ်ပြီးလျှင် ရေခဲသေတ္တာထဲထည့် မိနစ် ၃၀ခန့် နုပ်ထားပေးပါ။ မချက်ခင် ၅မိနစ်ခန့် ရေခဲသေတ္တာထဲမှ ပြန်ထုတ်ထားပေးပါ။
၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)ထည့် ကြက်သွန်ဖြူ၊ ဂျင်း ထည့် ၁မိနစ်ခန့်ဆီထိုးပေးပါ။
၃။ ထို့နောက် နုပ်ထားသော ၀က်နံရိုးများကို ဒယ်ထဲထည့် အညှိရောင်သန်းလာသည် အထိမွှေပေးပါ။
၎။ ပြီးလျှင် ၀က်နံရိုးမြုပ်သည်အထိ ရေထည့် မီးနည်းနည်းဖြင့် မိနစ်၂၀ခန့် တည်ထားပေးပါ။
၅။ ရေခန်းပြီး ဆီပြန်လာလျှင် နောက်တစ်ရေထည့်ပြီး အဖုံးအုပ်ထားပါ။ ၀က်နံရိုးနူးသည်အထိ တည်ထားပေးပါ။
၆။ ဆီပြန်လာလျှင် ကြက်သွန်ဖြူ (၃မွှာ) ကို အခွံနွာ အနည်းငယ်ထောင်း၍ အနံမွေးနေအောင် ထည့်ပေးပြီး နောက် တစ်ရေထပ်ထည့်ပြီး မီးပြင်ပြင်းဖြင့် မွှေပေးပါ။
ရ။ ဆီပြန်လာပြီး ဆိုလျှင် အနံအရသာ အလွန်ကောင်းသော ၀က်နံရိုး အချိုဟင်းရပြီ ဆိုလျှင် ပြောင်းဖူး ဆက်ကြော်ပါမည်။
ပြောင်းဖူးကြော်နည်း
၁။ အရင်ဆုံး ပြောင်းဖူး ၁ဖူးကို အိအောင် ပြုတ်ပေးပါ။ ပြီလျှင် ပြောင်းဖူးစေ့များ ချွေလိုက်ပါ။
၂။ ပြီမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ကာ ကြက်သွန်ဖြူ ဆီသပ်ပေးပြီ ပြောင်းဖူးများ ထည့်လိုက်ပါ။
၃။ အရသာအတွက် ခရုဆီ(စားပွဲတင်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့်၊ ရေ အနည်းငယ် ထည့်ကာ ဆီပြန်လာလျှင် ကြက်သွန်မြိတ်လေးများဖြူးလိုက်ပါ။
၎။ ခု ၀က်နံရိုးအချိုဟင်းနှင့် ပြောင်းဖူးကြော်လေးနှင့် ထမင်းဘူးလေးကို ပြင်နိုင်ပါပြီ…
Piggy ထမင်းလုပ်နည်း
၁။ အရင်ဆုံး ထမင်းဖြူကို လက်ဖြင့် ၂လက်မရွယ်အလုံး လုံးလိုက်ပါ။
၂။ ပြီမှ ၀က်နားရွက်နှင့် နှာခေါင်းကို ၀က်သားပြား(ကြော်ပြီသား) ဖြင့် ပြုလုပ်ပါ။ မျက်လုံးအတွက် ရေညှိရွက်ကို အသုံးပြုပါ…
Filed under: တရုတ်ဟင်း ချက်ပြုတ်နည်း, အဓိက ဟင်းလျာများ
ဒီနေ့ အလုပ်နားတယ်။ အိမ်မှာတော့မနားအောင်ချက်ရမဲ့နေ့ပါ။ မနက်ကိုယ်အိမ်မှာရှိရင်ယောက်ျားကို ဖွယ်ဖွယ်ရာရာလေးကျွေးချင်ပါတယ်။ ဟိုတနေ့ကအမအလတ်နဲ့စကားပြောတော့ သူက သူတို့မိသားစုအိမ်ထောင်သက်တလျှောက် အမေမပါပဲသွားတဲ့ ခရီးဖြစ်တဲ့ မမကြီးရှိတဲ့လားရှိုးသွားတောလားအကြောင်းပြောကြပါတယ်။ ဒါတောင် ပြန်လာတော့ အမေ့ရဲ့ နှုတ်ခမ်းလေး၂တောင်လောက်စူထွက်နေတာ ၃ရက်လောက်ခံလိုက်ရပါတယ်တဲ့။ အမေက သားသမီးတွေခရီး သွားရင်သူပါလိုက်ပြီး ဘာဝယ်ဝယ် ဘာစားစားအကုန် လိုက်ရှင်းချင်တဲ့စိတ်နဲ့ပါ။ ကိုယ့်ဘာသာတွေးမိပါတယ်။ ဒါမျိုးကို လုံးဝမညင်းတတ်တဲ့ ငါကအမေနဲ့အဝေးမှာနေရတယ်လို့လေ။ အဲဒီအကြောင်းတွေပြောကြရင်းနဲ့ မမလေးက ငါလမ်းမှာဘာဝယ်စားစားနင့်ကိုသတိရတယ် ညီမလေးရယ်တဲ့။ ဪတို့မိသားစုနယ် လွမ်းတာတောင် အစားအသောက်နဲ့မှ လွမ်းရတယ်လို့ တွေးပြီရီချင်မိသေးတယ်။ သူက ဒီ ရှမ်းခေါက်ဆွဲ(သို့) ဆန်ဖွယ်ခေါက်ဆွဲ (သို့) ရေစိမ်ခေါက်ဆွဲအကြောင်း ပြောမိတော့ မစားရတာလဲအတော်ကြာပြီးဆိုပြီး ဒီနေ့မနက် မနက်စာလေးပါ။ ဆန်ခေါက်ဆွဲကို အလုံးလေးတွေမရလို့အပြားသေးသေးပဲ ဝယ်လာပါတယ်။ Rice stick နဲ့မတူဘူးနော်,rice noodle ကတကယ့်ရေစိမ်ခေါက်ဆွဲအရသာအတိုင်းပါပဲ။ ပါဝင်ပစ္စည်များ( ၅ပွဲစာ) ကြက်သားဟင်းချက်ရန် [...]
ခုနောက်ပိုင်းပို့စ်တစ်ခု အပြီးမှာရော side bar မှာပါ နောက်တင်မယ့်
ဟင်းလေးမုန့်လေးတွေကို ကြိုပြောလေ့ရှိပါတယ်။ အဲဒါကလည်း
မေ့သွားမှာစိုးလို့ရယ် အစီအစဉ်တကျလေးတင်ချင်လို့ရယ်ပါ။ ဒါပေမယ့်လည်း မနေ့က
ကွန်ပြူတာထဲကဖိုင်တွေကို လျောက်ကြည့်လိုက်တော့ မတင်ရသေးတဲ့
မုန့်တွေတော်တော်များနေတာတွေ့လိုက်ရတယ်။ ဒါနဲ့ အရင်တုန်းကလုပ်ပြီးသားမုန့်လေးေ
တွ သိပ်ကြာသွားမှာစိုးလို့ ဒီမုန့်လေးကို ကြားဖြတ်အစီအစဉ်အနေနဲ့ ထည့်လိုက်ရတာပါ။ သရက်သီးကြိုက်တဲ့သူတွေ နှစ်သက်ကြမှာပါ။
မုန့်လေးကတော့ သေးသေးလေး။ အဲလိုပဲ သရက်သီးလေးတွေကလည်း သေးသေးလေးတွေ။
ကျွန်မတို့ရုံးမှာတစ်ပတ်တစ်ခါ အသီးတွေလာရောင်းလေ့ရှိပါတယ်။ ရုံးက၀န်ထမ်းတွေ
အဆင်ပြေအောင် သူတို့ညှိပြီးလုပ်ပေးတယ်လို့ပြောကြတာပဲ။ ဈေးကတော့ အပြင်ကနဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် တစ်ချို့ကားရှိတဲ့လူတွေကျတော့လည်း
ဈေးသပ်သပ်သွားစရာမလိုပဲ အိမ်ကိုပြန်သယ်သွားရတော့ အဆင်ပြေကြတာပေါ့လေ။
တစ်ခါတစ်လေလဲ အပြင်မှာ မရနိုင်တဲ့ သစ်သီးလေးတွေပါလာလေ့ရှိတယ်။
ဒီသရက်သီးလေးတွေလဲပါတယ်။ တကယ်သေးသေးလေးတွေ ၃ လက်မလောက်လေးတွေပေါ့။
အဲဒါလေးတွေတစ်ထုပ်ဝယ်လာပြီး မကုန်နိုင်ဖြစ်နေတာနဲ့
မုန့်လုပ်တဲ့အထဲရောက်သွားတာ။ မုန့်ကလည်း ကျွန်မအမျိုးသားခရီးသွားတုန်း
လုပ်ထားတာဆိုတော့ ကျွန်မတစ်ယောက်စာ မကုန်နိုင်မှာစိုးတာနဲ့
အသေးဆုံးဗန်းလေးကို ရွေးလိုက်တာ။
မုန့်လုပ်နည်းကတော့ ထောပတ်ကိတ်ကို သရက်သီးထည့်လိုက်တာပဲကွာတာပါ။ အားလုံးကတော့ ထောပတ်ကိတ်လုပ်နည်းအတိုင်းပဲ။
ပါဝင်ပစ္စည်းများ
ဂျုံ ၇၅ ဂရမ်
baking powder 1/2 teaspoon
သကြား ၆၅ ဂရမ်
ထောပတ် ၄၅ ဂရမ်
နွားနို့် ၂၅ မီလီလီတာ
ကြက်ဥ ၁လုံး
သရက်သီး (အစိတ်ကလေးတွေလှီးထား)
သကြား စားပွဲဇွန်း ၁ ဇွန်းနဲ့ထောပတ် စားပွဲဇွန်း၂ဇွန်းလောက်ကိုအပူပေးပြီး သကြားတူးအောင်လုပ်ထားလိုက်ပါ။ ပြီးရင် အဲဒီသကြားထောပတ်ပျော်ရည်ကို မုန့်ဖုတ်မယ့်ဗန်းထဲထည့်ပြီး အအေးခံထားလိုက်ပါ။ အေးသွားရင်သရက်သီးစိတ်ကလေးတွေကို စီထည့်ထားလိုက်ပါ ကဲမုန့်စဖုတ်မယ်နော်
ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေတံလေးနဲ့ မွှေပေးပါ
အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
ခုနကဂျုံအရောကို ၂ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပါ။
ပြီးရင် ခုနက ပုံစံခွက်လေးထဲထည့်ပြီး ၁၇၀ အာဗင်မှာ မိနစ် ၂၅ မိနစ်လောက်ဖုတ်ရင်ရပါပြီ။
အအေးခံပြီးမှောက်ချလိုက်ရင် သရက်သီးမုန့်ကိုရပါပြီ
ဝက်သားလုံးကြော်
ဇွန်ကျောင်းတွေလည်း ပြန်ဖွင့်တော့မှာမို့ ကလေးတွေ အတွက် အထူးစပယ်ရှယ် ထမင်းဘူး လုပ်နည်းလေးတွေ ရွေးချယ် တင်ဆက်ပေးသွားပါ့မယ်။ ၀က်သားကို ပါမုန့်ခြောက်ရယ်၊ ဂျုံနဲ့ ကပ်ပြီ အကြွပ်ကြော်ထားတဲ့ ၀က်သားလုံးကြော် လေးတွေပါ။ ထို့ပြင် ကျန်းမာရေးနဲ့ ညီမျှအောင် မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ဘိုးစားပဲ တို့ကို ကြော်ထားတာလေး ထည့်သွင်းထားပါတယ်။ ထမင်းကတော့ ကလေးတွေ အကြိုက် Angry Bird ပုံလေးကို ဖော်ထားတာပါ။ ထမင်းဘူးလေး တူတူပြင်ကြရအောင်…
ဝက်သားလုံးကြော် ပါဝင်ပစ္စည်းများ
ဝက်သား – ၂၅၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်နီ – တစိတ် (နှုတ်နှုတ်စဉ်းပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
သကြား – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
ဝက်သားလုံး ကြော်နည်း
၁။ အရင်ဆုံး ၀က်သားလုံးကြော် အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ) တို့ကို ဇလုံတစ်ခုထဲ သမအောင် ရောနုယ်လိုက်ပါ။
၂။ ပြီလျှင် နုယ်ထားသော ၀က်သားများကို အနေတော် အလုံးလေးများ လုံးလိုက်ပါ။
၃။ ပြီမှ ပြီးလျှင် ပန်းကန်ပြားတစ်ခုထဲ ဂျုံမှုန့်များထည့်ပြီး ၀က်သားလုံးများကို ဂျုံကပ်ပေးပါ။
၎။ ပြီးနောက် ခလောက်ထားသော ကြက်ဥခွက်ထဲ ၀က်သားလုံးများကို နှစ်စိမ်ပေးပြီး ပါမုန့်ခြောက် (breadcrumb) ထည့်ထားသော ပန်းကန်ပြားထဲထည့် ပါမုန့်ခြောက်များ ကပ်ပေးပါ။
ရ။ ဒယ်ထဲ ဆီများများထည့်၍ ၀က်သားလုံးများကို မီးနည်းနည်းဖြင့် အညှိရောင်သန်းလာ သည်အထိ ကြော်ပေးပါ။
၈။ ၀က်သားလုံးများ ရပြီဆိုလျှင် ဟင်းရွက်များကို ကြော်ပါ့မည်။
၉။ ဟင်းရွက်ကြော်အတွက် အရှည်လှီးထားသော မုန်လာဥနီ၊ ဘိုစားပဲ၊ ထပ်ခြမ်းခြမ်းထားသော ပြောင်းဖူးသေး တို့ကို အရင်ဆုံး ရေနွေးဖျော်ပေးပါ။
၁၀။ ပြီမှ ပြန်ဆယ်ကာ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) တို့ဖြင့် ရောနုယ်ပြီ ကြက်သွန်မြိတ်များဖြင့် စည်းထားလိုက်ပါ။
၁၁။ ထို့နောက် ဒယ်ထဲ ဆီနည်းနည်းထည့်ပြီ စည်းထားသော ဟင်းရွက်များကို ရေ (အနည်းငယ်) ထည့်ကြော်ပေးပြီ ပြန်ဆယ်ထားလိုက်ပါ။
၁၂။ ဟင်းရွက်ကြော်ရပြီဆိုလျှင် ၀က်သားလုံးကြော်၊ ဟင်းရွက်ကြော်တို့နှင့် ထမင်းဘူးကို ပြင်လို့ရပါပြီ…
မှတ်ချက် ။ ။ Angry Bird ထမင်းလုပ်ပုံ အဆင့်ဆင့် သိချင်ပါက အောက်တွင် ဆက်ဖတ်ပါ။
Angry Bird ထမင်းပုံဖော်နည်း
၁။ အရင်ဆုံး Angry Bird လုပ်ရန် ထမင်း ၃ပုံ၂ပုံကို ခရမ်းချဉ်သီးဆော့(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ကာ ရောနယ်လိုက်ပါ။
၂။ ပြီလျှင် ခရမ်းချဉ်သီးဆော့နှင့် ရောနုယ်ထားသော ထမင်းကို တြိဂံပုံဖော်လိုက်ပါ။
၃။ ပြီမှ ကျန် ထမင်းဖြူ ၃ပုံ၁ပုံကို Angry Bird တြိဂံအောက်ခြေမှာ ကပ်ပေးပါ။
၎။ ထို့နောက် Angry Bird ပုံကြမ်းရပြီဆိုလျှင် မျက်လုံး၊ မျက်ခုံး အတွက် ရေညှိရွက်၊ ချိစ်ပြားကို အသုံးပြုပါ။
၅။ နှာခေါင်း၊ အမောက်ကို မုန်လာဥနီနှင့် ပုံဖော်ပေးပါ။
Filed under: -မြန်မာ ချက်ပြုတ်နည်းများ
dim sum စားတဲ့အခါ ကြက်ခြေထောက်ပေါင်း ကိုအိသက်မှာစား နေကျ၊ အဲဒါကိုသိတဲ့အမျိုးသားက ကြက်ခြေထောက်အစိမ်းတွေ တွေ့တော့သတိတရ နဲ့ အိမ်မှာလုပ်စားရအောင်ဝယ်ပါလားတဲ့။ ဝယ်ကျွေးရရင် ၁ပွဲနဲ့လဲမလောက် ၂ပွဲနဲ့လဲမလောက် ဆိုတော့ ကိုယ့်ဘာသာလုပ်စားပါလားဆိုတဲ့သဘောပေါ့။ ဩ သူ့စေတနာ မြောက်သွားအောင် ငါလုပ်စားမှဆိုပြီး ကြက်ခြေထောက်တဘန်း ခြင်းလှည်း ဘတ်ဆိုထဲ့ပလိုက်တာပေါ့။ နောက်နေ့မနက်လုပ်စားတော့ကိုယ့်ထက်သူက ပိုတောင်စားနေသေး။ လုပ်နည်းလေးရေးပေးမယ်နော်။ စားကောင်းလွန်းလို့။ ပါဝင်ပစ္စည်းများ -ကြက်ခြေထောက် ၂၀၀ ဂရမ် - black bean sauce၂ဇွန်း(စားပွဲတင်) -ပျားရည်၁ဇွန်း(စားပွဲတင်) -ရှယ်ရီဝိုင် ၁ဇွန်း(စားပွဲတင်) -light soy sauce ၁ဇွန်း(စားပွဲတင်) -vinegar ၁ဇွန်း(စားပွဲတင်) -ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်) -ငရုတ်ကောင်း၁ဇွန်း(အချိုပွဲဇွန်း) -ငရုတ်သီးချိုတောင့် ၁တောင့် ကြက်ခြေထောက်များကိုသန့်စင်ကာblack bean sauce၂ဇွန်း(စားပွဲတင်)၊ ပျားရည်၁ဇွန်း(စားပွဲတင်)၊ ရှယ်ရီဝိုင် ၁ဇွန်း(စားပွဲတင်)၊ soy [...]
A view of my meatless Thursday dinner. I only started doing this about 2 weeks ago and I am dropping pounds. Not much, only 1 or 2 pounds but it's dropping. I didn't start...
[[ This is a content summary only. Visit my website for full links, other content, and more! ]]
တူနာ ပန်ကိတ်
ကိုရီးယား ဟင်းရံဖြစ်သော တူနာပန်ကိတ်ကို အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်တာမို့ ကြိုက်နှစ်သက်ကြမှာပါ။ ၀တ်ရည်ကတော့ နေလည်စာအစာပြေ အဖြစ် လုပ်စားဖြစ်တာပါ။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။ ကျန်းမာရေးလည်း ညီညွှတ်ပြီ ထမင်းနဲ့ပဲတွဲစား၊ အစာပြေပဲ စားစား ကောင်းမွန်ပါသည်။ တူနာပန်ကိတ် ချက်နည်လေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
တူနာစည်သွပ်ဘူး (tuna can) ♦ ၂ဗူး
ကြက်သွန်နီ (onion) ♦ ၄ဥ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်ဖြူ (gralic) ♦ ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ဆား (salt) ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
ငရုတ်ကောင်းမှုန့် (black pepper)♦ လက်ဖက်ရည်ဇွန်း တ၀က်
ကြက်ဥ (egg) ♦ ၂လုံး
နှမ်းဆီ (seasame oil) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ဂျုံမှုန့် (flour) ♦ စားပွဲတင်ဇွန်း ၂ဇွန်း
ပန်ကိတ် လုပ်နည်း
၁။ အရင်ဆုံး တူနာကို စည်သွပ်ဗူးထဲမှ မထုတ်ခင် စည်သွပ်ဗူးထဲမှ ပါသောအရည်များကို စစ်ထုတ်လိုက်ပါ။
၂။ ပြီမှ တူနာများကို လက်ဖြင့်ဖွချေပြီ ဇလုံတစ်ခုထဲ ထည့်လိုက်ပါ။
၃။ ပြီလျှင် ဇလုံထဲသို့ ပါဝင်ပစ္စည်းများ ဖြစ်သော (တူနာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥ၊ နှမ်းဆီ၊ ဂျုံမှုန့်) တို့ကို ထည့်ပြီ လက်ဖြင့် သမအောင် ရောနယ်လိုက်ပါ။
၎။ ရောနုယ်ထားသော တူနာများကို ပုံတွင်ပါသည့်အတိုင်း အ၀ိုင်းပြားလေးများ လုပ်ပေးပါ။
၅။ ထို့နောက် ဒယ်ထဲဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ခန့်ထည့်ပြီ တူနာများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၆။ ကျက်လျှက်ပြန်ဆယ်ထားပေးပြီ တူနာပန်ကိတ်ကို နေ့လည်အစာပြေအဖြစ် သုံးဆောင်နိုင်ပါပြီ…
Filed under: ကိုရီယားချက်ပြုတ်နည်း
မနေ့ညက အင်တာနက်မှာ လိုက်ဖတ်ကြည့်ရင်းရေးဖို့စိတ်ကူးရသွားတာရယ်ပါ။ ဆိုရလျှင်တော့ ကျမဖတ်ရတာကို ဘာသာပြန်ပြီး ဝေမျှခြင်းရယ်ပါ။ပြီးခဲ့တဲ့အပတ်တွေကတော့ ဂျပန်မှာ မာယာမြို့ဟောင်းရဲ့အကြောင်းနှင့် 2012ခုနှစ်၊12လပိုင်း၊ 21ရက်နေ့မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ဆိုစကားအကြောင်း တီဗွီလိုင်းတိုင်းလိုလိုမှာလွှင့်ခဲ့ပြီး အတော်လေးရေပန်းစားခဲ့ပါတယ်။ ကျမတို့ ဘလော့သူငယ်ချင်းတွေထဲမှာ ကျမထက်ပိုပြည့်ပြည့်စုံစုံသိသူတွေက ရေးကြတော့ ကျမလည်း မရေးဖြစ်တော့ပါဘူး။ မသိတဲ့သူကိုပဲ ရွှီးလို့ကောင်းတာလေ။ :))ခုတလော လူတွေကြားအပြောများနေပြန်တာကတော့ 5လပိုင်း 21ရက်နေ့ပါပဲ။ ယုံရလည်းခက်၊ မယုံရလည်းခက်၊ သို့ငြား ပုံမှန်ထက်တော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့်ကျမလည်းဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ ဆောင်ရန်ရှောင်ရန် ပြင်ဆင်နိုင်ကြရန် ရေးလိုက်ပါတယ်။ငလျှင်လှုပ်ကိန်းရှိတယ်လို့ဆိုပါတယ်။၅လပိုင်း၂၁ရက်နေ့မှာ နေကိုလကကွယ်ကာ၊ ဂျပန်မှာလကြတ်မယ့်ရက်ဖြစ်ပါတယ်။ အင်္ဂလိပ်လို annular eclipseလို့ခေါ်ပြီး နေရဲ့အလင်းကိုလက်စွပ်ကွင်းလိုပုံသဏ္ဍာန်မြင်ရမှာပါ။ နေကြတ်တာကိုမြင်ရမည့်အချိန်ဇယားဖြစ်ပါတယ်။Osaka - 7:30Sendai - 7:40Tokyo - 7:34Shizuoka - 7:32Nagoya - 7:31 ပုံမှန်အားဖြင့် နေရောလရော ဆွဲငင်အားကိုယ်စီရှိတာမို့ နှစ်ခုပေါင်းကာ ကမ္ဘာမြေကိုဆွဲငင်သလိုဖြစ်မှာမို့ ဖြစ်နိုင်ခြေတော့ရှိတယ်လို့ ဆိုတာပါ။နောက်တခုက ဂျပန်က ငလျှင်ကြောကျောက်ပြားတွေကလည်း ခုတလောမကြာမကြာလှုပ်သလို၊ ဂျပန်မှာငလျှင်ကြီးလာနိုင်ခြေရှိတယ်ဆိုတာ ကျွမ်းကျင်သူတွေခန့်မှန်းကြသလို၊ ကြိုတင်ကာကွယ်ပြင်ဆင်ဖို့တွေလည်း အတော်ထုတ်လွှင့်နေတာတွေ့ရပါတယ်။ကျမကတော့ အိတ်ထဲမှာ ဓါတ်မီးကလေးတလုံးအမြဲဆောင်ထားပါတယ်။ ကျမဆိုတာထက် သူက၀ယ်ပြီး ထည့်ပေးထားခြင်းရယ်ပါ။ ခေါင်းနှင့်လက်တို့မှာပတ်လို့ရပြီးချုံနိုင်ဆန့်နိုင်သော သားရေကြိုးလည်းပါတာမို့ ၀ယ်လိုသူတွေ ဒီမှာကြည့်ပါရှင်။တခုခုဖြစ်လို့ပိတ်မိပြုမိတဲ့အခါ ကယ်ဆယ်ရေးလာရာမှာအချက်ပြလို့ရအောင် ဓါတ်မီးလေးတခုတော့ အိတ်ဆောင်ထားဖို့ တိုက်တွန်းပါတယ်။နောက်ပြီးတော့ အိတ်လေးတလုံးထဲမှာ ဂျပန်မှာရောင်းလေ့ရှိတဲ့ အာဟာရစာလို့ရမလားပဲ (栄養調整食品、栄養機能食品)လို့ခေါ်တဲ့ တတောင့်စားရင် ထမင်းတနပ်စာနှင့်ညီမျှတဲ့ ကွတ်ကီး၊ဘီစကစ်တောင့်ကလေးတွေလည်းဆောင်ထားသင့်ပါတယ်။နောက်တခုက ရေနွေးစိမ်ကန်မှာ မအေးသွားရအောင်အုပ်တဲ့ အပူထိမ်း ငွေရောင်ကဲ့သို့ အပျော့စားပြောင်နေတာတွေရှိပြီး၊ 保温シートဟုခေါ်ပါတယ်။ ခေါက်ကာအိတ်ထဲ ထည့်ထားသင့်ပါတယ်။ ပေါ့လည်းပေါ့ပြီး စောင်ကဲ့သို့သုံးလို့ရပါတယ်။ယင်းနောက် ပလပ်စတစ်ဇွန်း၊ ခရင်း၊ရေခွက်၊ တစ်သျှူးစတာတွေလည်းဆောင်ထားသင့်ပါတယ်။ တကယ်တမ်းဆိုလျှင်ငလျှင်လှုပ်ပြီဆိုလျှင် ရထားတွေရပ်ဆိုင်းသွားသလို၊ ဘူတာရုံတွေလူတွေအုပ်စုလိုက်ပိတ်မိလေ့ရှိပါတယ်။ ရုံးမှာအိပ်ရသူတွေရှိသလို လမ်းပန်းဆက်သွယ်ရေးတွေ ဖုံးလိုင်းတွေပြတ်တောက်လေ့ရှိပါတယ်။ဖုံးဆိုလို့ မနှစ်က ငလျှင်ကြီးဖြစ်သွားပြီးနောက် ဖုံးဆက်သွယ်ရေးတွေပြတ်တောက်၊လိုင်းတွေကျပ်ခဲ့တာမို၊ ဂျပန်လူမျိုးတွေအကြား ခုတလောရေပန်းစားအသုံးများနေတာကတော့LINEလို့ခေါ်တဲ့ SKYPEကဲ့သို့သော ဆော့ဖ်ဝဲလ်ပဲဖြစ်ပါတယ်။ ချက်တင်နှင့်ဖုံးအခမဲ့ပြောနိုင်ပြီး စမတ်ဖုံးနှင့်အိုင်ဖုံးတို့မှာအလွယ်တကူ သွင်းနိုင်ပါတယ်။ဒါကြောင့် မိမိအကြိုက်ပေါ်မူတည်ပြီးလိုတာလေးတွေပြင်ဆင်ကာ ရုံးမှာတထုပ်၊ အိမ်မှာလည်းတထုပ်၊ မိမိအိတ်ဆောင်လည်း သင့်ရာအနည်းငယ်စီဆောင်ထားသင့်ပါတယ်။တခုကျန်ပါသေးတယ်။ ဂျပန်မှာအသစ်ဆောက်လုပ်လိုက်တဲ့ Sky Tree မျှော်စင်ဟာ၅လပိုင်း 22ရက်နေ့ဖွင့်ပွဲလုပ်မှာဖြစ်ပြီး ဖုန်းရွှေနည်းနှင့်စီမံတယ်လို့ဆိုပါတယ်။အားလုံးပဲအန္တရာယ်ကင်းဘေးရှင်းပါစေရှင်။
Normal
0
false
false
false
MicrosoftInternetExplorer4
/* Style Definitions */
table.MsoNormalTable
{mso-style-name:"Table Normal";
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:"";
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:"Times New Roman";
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}
ပြီးခဲ့ recipe မှာ ကြက်ဥယို
လုပ်ပြီးသွားပြီဆိုတော့ ပိုနေတဲ့ ကြက်ဥအကာတွေကို အလေအလွင့်မဖြစ်ရအောင်
ဘယ်လိုသုံးမလဲလို့စဉ်းစားရပါတယ်။ ဒါကလည်း အထူးတလည်ကြံစရာမလိုဘဲ အမေပြောပြတဲ့
အဖွားရဲ့ နည်းနဲ့ပဲ အဆင်ပြေသွားပါတယ်။ ကိုယ့်အလှည့်ကျတော့ သူပြောတဲ့အတိုင်းမဟုတ်ပဲ
နဲနဲပြုပြင်ဖန်တီးထားတာပေါ့လေ။ လုပ်ရတာနဲနဲလက်ဝင်ပေမယ့်လို့ စားလိုက်တဲ့အခါ
အရသာရှိလွန်းလို့ ပင်ပန်းတာကို မေ့သွားပါတယ်။ အိမ်မှာ အကြောင်းကြောင်းကြောင့်
ကြက်ဥအကာတွေပိုနေရင် ဒီနည်းလေးကိုစမ်းကြည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ဥအကာ ၄ ခု
ကြက်ဥအနှစ် ၂ ခု (မထည့်လည်းဖြစ်ပါတယ်၊
မုန့်လုပ်လိုက်လို့
ကြက်ဥအနှစ်ပိုနေတာနဲ့ ထည့်လိုက်တာ)
ကြက်သား အနည်းငယ်
ကြွက်နားရွက်မှို အနည်းငယ်
ဂေါ်ဖီ အနည်းငယ်
ပဲငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁ ၀က်
ဆီ
ပထမဆုံးကြက်ဥ အကာတွေကို
ဆားနဲနဲထည့်ပြီးခေါက်ထားပါ။
အဆာပလာကိုပြင်ပါမယ်။ ပထမဆုံး ဆီစားပွဲဇွန်း
၁ဇွန်းလောက်ကိုပူအောင်အပူပေးပြီး ကြက်သားနုတ်နုတ်စဉ်းထားတာကိုအရင်ကြော်ပါ။
တဆက်ထည်း ဆား၊ပဲငံပျာရည်ကို ထည့်ပေးပါ။ ၂မိနစ်လောက်ကြော်ပြီးရင် ကြက်ဥနှစ်၊
မှိုနဲ့ ဂေါ်ဖီကိုထည့်ပြီး အဖုံးအုပ်ထားပါ။ ဂေါ်ဖီတွေပျော့လာပြီဆိုအိုးပေါ်မှ
ချပြီး အအေးခံပါ။
ဆီနဲနဲကို မကပ်တဲ့အိုးမှာအပူပေးပါ။ ပြီးရင်
ကြက်ဥ ထမင်းစားဇွန်း ၂ ဇွန်းသာသာလောက်ကို ထည့်မွှေပြီးဒယ်အိုးကို
ဝိုက်ချလိုက်ပါ။ ဒါမှ အစာပလာထည့်ဖို့ ခပ်ကြီးကြီးနဲ့ခပ်ပါးပါးရမှာမို့ပါ။
ပြီးရင်မီးပိတ်ပြီး ခုနကကြော်ထားတဲ့အစာတွေထည့်ပြီး
ညင်ညင်သာသာလေး လိပ်ပေးပါ။
အဲဒီအတိုင်းပဲ ကြက်ဥအရည်ကုန်အောင် ဆက်လုပ်သွားပါး
( ၄ခုလောက်ထွက်တယ်)
ပြီးရင် ကြက်ဥအသစ်တစ်လုံးကို
ယူပြီးခေါက်မွှေပေးပါ။ ခုနကကြော်ထားတဲ့ ကြက်ဥလိပ်အစာသွပ် ကိုကြက်ဥရည်ထဲနှစ်၊
ဂျုံထဲပြန်နှစ်ပြီး ဆီပူပူမှာ ခဏပြန်ကြော်ပေးပါ။ နဲနဲလေးအညိုရောင်သမ်းရင်ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥလိပ် အစာသွပ်ကိုရပါပြီ
Carrot is better if stir-fried it with a little oil. It is also better if you don't peel it with a peeler but scrape it with the back of your knife and then rinse it. Just like gobo/burdock...
[[ This is a content summary only. Visit my website for full links, other content, and more! ]]
မုန့်လုံးကြီး အုန်းသီးနဲ့လုပ်တဲ့မုန့်မှန်သမျှကိုကြိုက်တာဆိုတော့ မုန့်လုံးကြီးကြော်ကိုလဲအရမ်းကြိုက်ပါတယ်။ လုပ်နည်းလေးလဲ လွယ်ပါတယ်နော်။ ပါဝင်ပစ္စည်းများ -ကောက်ညင်းမှုန့်၅ဇွန်း(ဟင်းချက်ဇွန်း) -ဆန်မှုန့်၂ဇွန်း(ဟင်းချက်ဇွန်း) -ဆားနဲနဲ -သကြား၁ဇွန်း(ဟင်းချက်ဇွန်း) -အုန်းသီးဖတ် ၁ခွက်(ဆန်ချိန်ခွက်) သကြားများများနဲ့အုန်းသီးကို ဒယ်ပေါ်တင်ကာ ရေမပါပဲ လှော်လိုက်ပါတယ်။ ရေမပါအခြောက်ဆိုတော့ ကျွတ်ကျွတ်လေး ဖြစ်နေပါတယ်။ ရေပါရင်မုန့်ထဲထဲ့လုံးရာမှာ မုန့်နှစ်တွေရေပျော်ပြီး ဌာပနာ မလုံမှာစိုးလို့ပါ။ ကောက်ညင်းနဲ့ဆန်မုန့်ကို နယ်ထားပြီ ၂နာရီခန့် မုန့်သားပေါက်အောင်ထားလိုက်ပါ။ ပြီးမှမုန့်သားကို လက်ပေါ်တင်ပြားလိုက်ပါ။ အုန်းယိုကို အလယ်မှာ ဌာပနာထဲ့ပြီးလုံးလိုက်ပါ။ ဆီပူတွင် မြုတ်အောင် မီးအေးအေးနဲ့ကြော်လိုက်ပါ။ မုန့်သား နီရောင်သန်းရင်ဆယ်လို့ရပါပြီ။ Filed under: မြန်မာမုန့်များ
ကြက်သားပဲရည်သုတ်၊ စမူဆာပဲရည်သုတ် သူငယ်ချင်း ဂျူလိုင် စားချင်တယ်ဆိုလို့လုပ်ကျွေးရတာပါနော်။ လုပ်စားတဲ့နေ့မှာပဲ အထူးဧည့်သည်များလဲရောက်လာပါတယ်။ ရန်ကုန်မှာဆိုရင် အိသက်မမကြီး ခဏခဏဝယ်လာတတ်တာပါ။ ဗဟန်းရေတာရှည်လမ်းပေါ်က ဗမာမိသားစုရောင်းတဲ့ ကြက်သားပဲရည်သုတ်က သန့်လဲသန့်ပြီးစားလို့လဲ အလွန်ကောင်းပါတယ်။ ရောင်းတဲ့အမ ကိုယ်တိုင်ကလဲ သနပ်ခါးလေးနဲ့သန့်သန့်လေးရယ်။ တော်တော်စားလို့ကောင်းပါတယ် ရှူးရှူးရှဲရှဲပေါ့။ ပါဝင်ပစ္စည်းများ -ကြက်သား၁ကောင် -တခြားကြက်အစိတ်အပိုင်းများ -ဆနွမ်းမှုန့်၂ဇွန်း(စားပွဲတင်) -ပဲမှုန့်၂ခွက်(ဆန်ချိန်ခွက်) -Gram မဆလာ၅ဇွန်း(စားပွဲတင်) -ဂေါ်ဖီ၁လုံး -ငရုတ်သီးစိမ်း ၁၀ တောင့် -ကြက်သားမှုန့် -ပူစီနံ -ငရုတ်သီးမှုန့် -ငံပြာရည် -သံပရာသီး ပဲမှုန့်ကိုရေလီတာဝက်စိမ်ထားပါ။ ကြက်သားကိုလေးခြမ်းတုံးကာ ကြက်သားမှုန့်၂ဇွန်း၊ မဆလာ၂ဇွန်း၊ ဆနွမ်းမှုန့်၂ဇွန်းထဲ့ ပြီး တခြားကြက်အစိတ်အပိုင်းများပါထဲ့ကာပြုတ်ထားပါ ။ကြက်အသဲကိုအရမ်းမမာအောင်နောက်ဆုံးမှထဲ့ပါတယ်. ကြက်သားများထုတ်ကာ လှီးစိတ်ထားပါ။ ကြက်ပြုတ်ရေကို ချန်ထားပါ။ ငရုတ်သီးစိမ်း၊ ဂေါ်ဖီပါးပါးလှီးထားပါ။ ပဲကျိုရန် ပဲရည်ဖြေးဖြေးချင်းလောင်းထဲ့ပြီးကျိုပါ။ ရေ၁လီတာခန့်ထပ်ထဲ့ပါ။ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)၊ မဆလာ [...]
Normal
0
false
false
false
MicrosoftInternetExplorer4
/* Style Definitions */
table.MsoNormalTable
{mso-style-name:"Table Normal";
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:"";
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:"Times New Roman";
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}
ခုတစ်ခါတော့
အိမ်မှာလုပ်နေကြဖြစ်တဲ့ ကြက်ဥယို ထိုးနည်းလေးကို ဝေမျှချင်ပါတယ်။ ဒီနည်းကတော့
အဖွားလက်ထက်ကတည်းက လုပ်ခဲ့တဲ့နည်းလေးပါ။ ဒီဇင်ဘာ ဗမာပြည်ပြန်တော့ ကြီးဒေါ်ကြီးက
လုပ်ကျွေးတာနဲ့ ပြန်လုပ်စားဖို့ကို သတိရသွားတယ်။ အပြင်မှာရောင်းတန်းကြက်ဥယိုနဲ့
(ဒီမှာတော့ kaya လို့ခေါ်ကြတယ်) အရသာက တခြားစီပါ။ အိမ်မှာ ကိုယ့်ဘာသာကိုယ်
လုပ်စားကြည့်ပြီးရင် အပြင်ကရောင်းတန်းကို လုံးဝမစားချင်တော့တာပါ။
အဲလောက်ကိုကောင်းပါတယ်။ ပြီးတော့ သူတို့က ဆွမ်းမွှေးရွက်အပြင်
အစိမ်းရောင်ဆိုးဆေးထည့်တယ်လို့ ထင်ပါတယ်။ ကြက်ဥယိုက စိမ်းစိမ်းကြီးဖြစ်နေတာလေ။
အိမ်မှာလုပ်တော့ သဘာဝ ကြက်ဥရောင် ၀ါဝါလေးရပါတယ်။
လုပ်နည်းကတော့
မထင်ရလောက်အောင်လွယ်ပါတယ်။ ကြက်ဥ (သို့)ဘဲဥ အနှစ် နှစ်သက်ရာကိုသုံးနိုင်ပါတယ်။
အကောင်းဆုံးကတော့ ဘဲဥပေါ့။ ဒီမှာတော့ ကြက်ဥပဲရှိလို့ အဲဒါပဲသုံးလိုက်တယ်။ ပုံမှာပြထားတဲ့
ခွက်လေး တစ်ခွက်စာ အချိုးအစားတွေကိုရေးပါမယ်။ များများလိုချင်ရင်
အချိုးအတိုင်းထပ်တိုးပါ။ အဓိကကတော့ ကြက်ဥနှစ်နဲ့ အုန်းနို့က ဆတူဖြစ်ရပါမယ်။
ကြက်ဥ အနှစ် ၄လုံး ( ၁၂၀
ဂရမ်ခန့်)
အုန်းနို့ဦးရေ (၁၂၀
ဂရမ်)
သကြား (၁၂၀ ဂရမ်)
ဒီမှာအရေးကြီးတာ
အုန်းနို့ဦးရေ ဖြစ်ဖို့အရေးကြီးပါတယ်။ မဟုတ်ရင် ဒီလိုယိုမဖြစ်ပဲ
အဖတ်ဖတ်တွေဖြစ်သွားတတ်လို့ အုန်းနို့ခရင်မ်ဘူးကို မသုံးစေချင်ပါ။ ဗမာပြည်မှာတော့
အုန်းနို့ဦးရေက ရတာလွယ်မှာပါနော်။ ဒီမှာတော့ NTUC
မှာအုန်းသီးခြစ်ပြီးသားတွေရောင်းတော့ အဲဒါလေးတွေကိုပဲအရည်ညှစ်ယူလိုက်ပါတယ်။
အပေါ်ရေးထားတဲ့
သုံးခုလုံးကို သေချာအောင်ရောမွှေပြီး ပေါင်းအိုး (ထမင်းချက်တဲ့ အပေါ်ကအံလေး)ထဲမှာ
ပေါင်းပါတယ်။ စုစုပေါင်း နာရီဝက်လောက်ကြာအောင် ပေါင်းရပါတယ်။ အရေးကြီးတဲ့ အချက်က
ပေါင်းနေတုန်းကို ခဏခဏမွှေပေးရပါမယ်။ မဟုတ်ရင် ပုံမှာပြထားသလို ချောချောမွတ်မွတ်လေး
မဖြစ်နိုင်ပါဘူး။ နာရီဝက်ကြာ ပေါင်းပြီးသွားပြီး ၅မိနစ်လောက်ထပ်မွှေပေးလိုက်ရင် အရသာရှိတဲ့
ကြက်ဥယိုလေးရပါပြီ။
****နောက်ပို့စ်မှာ ပိုနေတဲ့ ကြက်ဥအကာတွေကို အသုံးချမယ့် ကြက်ဥလိပ်လုပ်နည်းတင်ပါမယ်*****
Pages