Open society and citizen media!

မြန်မာသတင်း

A Tragedy in Fashin World

က မ္ဘာကျော် ဖက်ရှင်ဒီဇိုင်းနား  Alexander McQueen ဟာဖေဖေါ်ဝါရီလ ဆယ့်တစ်ရက်နေ့မှာသူ့ရဲ့နေအိမ် လန်ဒန်မြို့မှာ ကြိုးဆွဲ ချသေဆုံးခဲ့ပါတယ်။ သူသေဆုံးမှုသတင်းဟာ ဖက်ရှင်လောကကြီးကို တုန်လှုပ်သွားစေပါတယ်၊  ဟောလိဝုဒ် ကမင်းသမီးကြီး ငယ်ကစပြီး ပြင်သစ်၊ အင်င်္ဂလန် နဲ့ ဥရောပတစ်ခွင်က မော်ဒယ် ပေါက်စလေးတွေအဆုံး သူ့ဒီဇိုင်းမဝတ် ဘူးတဲ့သူမရှိသလောက်လို့ ဆိုကြပါတယ်၊ ဗြိတိန် နိုင်ငံမှာ ထူးချွန်သူတွေကို ဘုရင်မကြီး က ဂုဏ်ပြု ချီးမြင့် လေ့ရှိတဲ့ CBE (Companion of British Empire) ဂုဏ်ဆောင် ဆုကို ၂၀၀၃ကရရှိ ထားသူဖြစ်ပြီး အသက် လေးဆယ် အရွယ် အိမ်ထောင်မရှိသူ လိင်တူဆက်ဆံသူ တစ်ဦးပါ။

BRITAIN-FASHION-BLACK-CAMPBELL-MCQUEEN-MOSS 4

Alexander McQueen & Kate Moss

 

ထူးခြားချက်က  သူ့မိခင်ကိုအလွန်ချစ်ခင် အားကိုးသူတစ်ယောက်ဖြစ်ပြီး သူ့မိခင်မရှိရင် သူရပ်တည်နိုင်မယ် မထင်ကြောင်း စာနယ်ဇင်းတွေကိုပြောလေ့ရှိပါတယ်၊ ယခုသေဆုံး မှုမှာလဲစိတ်ဓတ်ကျပြီး မိခင်မရှိတော့တဲ့ အတွက်သူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ မီဒီယာတွေကသုံးသပ်ကြပါတယ်။  သူ့မိခင်ဟာ ဖေဖော်ဝါရီ နှစ်ရက်နေ့မှာကျန်းမာရေး ကြောင့်ဆုံးပါးခဲ့ ရပြီး မိခင် ဆုံးပြီး ကိုးရက်အကြာမှာ သူသေဆုံးခဲ့တာပါ၊ ရဲအဖွဲ့ ကလဲသူသေဆုံးမှုဟာ လူသတ်မှုမဟုတ်ကြောင်း ကိုယ့်ကိုကိုယ် သေကြောင်းကြံမှုသာဖြစ်တယ်လို့ မနေ့ကအတည်ပြုပြောကြားသွားပါတယ်။သူသေဆုံးမှု ဝမ်းနဲခြင်းနဲ့ဂုဏ်ပြု အထိမ်းမှတ် ပွဲ ကို နာမည်ကျော် မော်ဒယ် Naomi Campbell နဲ့  Kate Moss တို့ ဦးဆောင်ပြီး ဖက်ရှင်ပြပွဲတစ်ခု လန်ဒန်မြို့မှာဆက်ရှစ်ရက်နေ့က ကျင်းပသွားပါတယ်၊ အဲဒီပွဲမှာ မော်ဒယ်များ ကသူ့ရဲ့ ဒီဇိုင်းဝတ်စုံများဝတ်ဆင် လျှောတ်ပြပြီး  ဝတ်စုံတွေကို လေလံတင်ရောင်းချခဲ့ပါတယ်၊ ရရှိတဲ့ ငွေအားလုံးကို ဟေတီ ငလျှင် ဒုက္ခသည်များကို လှူဒန်းသွားမှာဖြစ်ကြောင်း ဦးဆောင်သူများကပြောကြားသွားပါတယ်။ အောက်ပါပုံများကတော့ Alexandar Mcqueen ရဲ့ ဒီဇိုင်းလက်ရာ များဖြစ်ပါတယ်။

Collections of Alexander McQueen

 

Cheryl Cole

ဗြိတိန် လူထုရဲ့  ချစ်ခင်အားပေးမှုအရဆုံး နဲ့ လက်ရှိ ရေပန်းအစားဆုံး အမျိုးသမီး celebrity ကိုပြပါဆိုရင် ရှရိုး ကိုးလ် (Cheryl Cole) ကိုညွှန်ရပါမယ်။ pop နဲ့ R&Bအဆိုရှင်  ရှရိုး ကိုးလ် ဟာ လက်တစ်လော အတော်စိတ်ညစ်နေ တယ်လို့သတင်းတွေကရေးကြတယ်၊ သူမရဲ့ အိမ်ထောင်ဖက် အင်္ဂလန် အသင်းရဲ့ နာမည်ကြီး နောက်တန်း ကစားသူ အရှလီကိုးလ် (Ashley Cole) ရဲ့ သစ္စာမရှိ မှုကြောင့်လို့ ဗြိတိသျှ သတင်းစာ တွေမှာ ဒီနေ့ဖေါ်ပြကြပါတယ်။ သူမဟာ ချောမောလှ ပရုံမက၊ ပါးချိုင့်နှစ်ဖက်နဲ့ အပြုံးချိုသူဖြစ်လို့ ပိရိသတ် လူကြီးလူငယ်မရွေး နှစ်ကြိုက်ကြပါတယ်။ X-factor talent show ဟာလဲ သူမပါဝင်လာတဲ့အချိန်ကစပြီး တစ်နှစ်ထက်တစ်နှစ် ပိုမို အောင်မြင်လာခဲ့ပါတယ်။ သူမ ဟာ Victoria Beckham   နဲ့စာရင်ပိုပြီး ချစ်ခင်နှစ်လိုဖွယ် ရှိပြီး မာန်မာနကင်း တဲ့အလှပိုင်ရှင် National treasure တစ်ခု လို့မီဒီယာတွေကတင်စားပြီးရေးကြပါတယ်။

သူမဟာပင်ကိုယ်အရည်ချင်းရှိသူဖြစ်ပြီး ငယ်စဉ်က အကပြိုင်ပွဲတစ်ခုမှာအ နိုင်ရလာပြီး Girls Aloud band အဖွဲ့ ကိုဝင်ရောက်လာခဲ့သူပါ။သူမရဲ့တစ်ကိုယ်တော် အယ်လဘမ် Fight for this love  ဟာလဲ မီလီယမ်နဲ့ချည်ပြီး ရောင်းအားကောင်းခဲ့ပါတယ်၊ ဗြိတိန်မှာကျင်းပသ မျှပွဲတိုင်းသူမ မပါရင် မပြီးတဲ့နှစ်လို့လဲဆိုရပါမယ်။ အသက်၂၆ နှစ်သာရှိသေးတဲ့ သူမရဲ့စန်း ကိုသူနဲ့ခေတ်ပြိုင်တွေလိုက်မမှီကြပါဘူး။  ဒါပေမဲ့ သူမ မပြည့်စုံနိုင်သေးတာကတော့ သူမရဲ့ အိမ်ထောင်ရေးပါပဲ၊ အိမ်ထောင်သက် သုံးနှစ်ခွဲ ကာလအတွင်း အရှလီကိုးလ် ရဲ့ ရှုပ်ပွေမှုကိုသည်းခံပြီး အောင်မြင်တဲ့အိမ်ထောင်ရေး တစ်ခုဖြစ်အောင်ကြိုးစားခဲ့ပေမဲ့ ယခု နောက်ဆုံး အဖြစ်မှာသူမသည်းခံနိုင်စွမ်းမရှိတော့ပါဘူး၊ ချစ်သူများနေ့မတိုင်ခင် ကသူမခင်ပွန်း နဲ့ မော်ဒယ်မမ တစ်ယောက်ဆက်သွယ်နေမှုကို သိရှိပြီးနောက် အခြေအနေတင်းမာခဲ့ပါတယ်၊ ဒီနေ့သတင်းစာများထဲမှာ လက်ထပ်လတ်စွပ် မဝတ်တော့တဲ့ သူမရဲ့ LA ခရီးစဉ်ပုံတွေဖေါ်ပြထားကြပြီး မကြာခင်မှာ သူမတို့ကွာရှင်းကြမယ် ဆိုပြီး ထင်ကြေးပေးရေးသားကြတာတွေ့ရှိရပါတယ်။

St.Valentine's Day and Culture Awareness

ချစ်သူများနေ့ ဆိုတဲ့ ဖေဖေါ်ဝါ ရီ ဆယ့် လေးရက်နေ့ဟာ နိုင်ငံတစ်ကာ ကအသိအမှတ်ပြုပြီး ချစ်သူများသာမက သူငယ်ချင်းတွေ မိသားစုတွေပါ ပါဝင်ပျော်ရွှင် ဆင်နွှဲ လာကြတဲ့ နေ့ တစ်ခုအနေနဲ့ ကမ္ဘာတစ်လွှားမှာရေပန်းစားလွန်းလှပါတယ်။  မြန်မာလူငယ် များ အတွက်လဲ  သင်္ကြန်ပွဲတို့ နှစ်သစ်ကူးပွဲတို့လို အထင်ကရ ရင်ခုန် ကြည်နူးရတဲ့ နေ့တစ်နေ့ဖြစ်လာပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ် ကျော် ဆယ့်ငါးနှစ် ကာလများ တုန်းကတော့ ချစ်သူများနေ့ ဆိုတာ မြန်မာပြည်မှာ  ခပ်မှိန်မှိန် ပဲရှိခဲ့ဘူးပါတယ်။ အမှန်တစ်ကယ်တော့ ချစ်သူများနေ့ရဲ့ ရာဇဝင် အစ ဟာ ရိုမီယို နဲ့ဂျူလိယက် ၊ ရှင်မွေ့နွန်း နဲ့ မင်းနဒ္ဒာ၊ ဒဏ္ဍာရီ ဇတ်လမ်းတွေလို စံတင် စရာ ကောင်းတဲ့အဖြစ်တွေ မရှိခဲ့သလို၊  တစ်ခုလပ် အမျိုးသမီးကို လက်ထပ်ဖို့ ဘုရင်အဖြစ်က ဆင်းပေး တဲ့ အင်္ဂလန် ဘုရင် အပ်ဒဝဎ် လို ကမ္ဘာ ကျော်တဲ့ အဖြစ်မှန် ဇတ်လမ်း မျိုးကို လဲ အခြေမခံခဲ့ပါဘူး၊ ဒါပေမဲ့ ဘာဖြစ်လို့ လူအများ ကြား တစ်နေ့ ထက် တစ်နေ့ ခေတ်စားလာသလဲဆို တာ စဉ်းစားစရာ တစ်ခုပါပဲ။

အင်္ဂလိပ်လို Valentine day သို့မဟုတ် St.Valentine day ဟာ ရိုမန်ကသလစ်ဘုန်းကြီးများရဲ့ နာမည် ကနေအခြေခံခဲ့ တာပါ၊ Valentine ဆိုတာ လက်တင် အမည်ဖြစ်ပြီး ခရစ်ယာန် ဘုန်းကြီးအများစုကမှည့်ခေါ်ကြပါတယ်၊ အကြောင်းအမျိုး မျိုးကြောင့် ရောမခေတ်က St.Valentine တွေ အသတ်ခံရ၊ မြေမြုပ်ခံ ကြရတာတွေ ဟာလဲ ချစ်သူများနေ့ ဖြစ်ပေါ်လာဖို့ အခြေမခံခဲ့ပါဘူး၊ အနဲငယ်သက်ဆိုင် တဲ့ ရာဇဝင် တစ်ခုကတော့ ရောမဘုရင်ရဲ့ ဥပဒေ ကိုဘာသာရေးကြောင့်  မထောက်ခံ တဲ့အမှုနဲ့ထောင်ကျနေတဲ့ St.Valentine တစ်ဦးဟာ ထောင်မှူးရဲ့သမီး ကိုတစ်ခါမြင်ဘူးပြီး အသတ်ခံရ ခါနီး အချိန်မှာ ကဗျာစပ်ပြီး (Be my valentine) ဆိုပြီးရေးပို့ ခဲ့တဲ့အကြောင်း အင်္ဂလိပ်ရာဇဝင်မှာ ဖေါ်ပြထားပါတယ်၊ တစ်ချို့က အဲဒီ ဖြစ်စဉ်ကို အခြေခံပြီးပေါ်ပေါက်လာတယ်လို့လဲရေးသားကြတယ်၊ တစ်ကချို့ကလဲ အဲဒါမမှန်ဘူးလို့ ပြောဆိုကြပါတယ်၊ မှန် မှန်၊ မမှန်မှန် ဒါဟာလဲ ချစ်သူများနေ့ဖြစ်လောက်အောင် ရာဇဝင်မတွင်ပါဘူး၊ သေချာတာကတော့ ဆယ့်ရှစ် ရာစုအစပိုင်း တုန်းက စီးပွါးရေးလုပ်ငန်း ရှင်များက ရာဇဝင် တွေ ဒဏ္ဍာရီတွေကို အခြေ ခံပြီး ဆန်းသစ် တီထွင် လိုက်ခြင်းပါပဲ။

ဒီလို အရင်းရှင်စီးပွါးရေး သမားတွေရဲ့ ထွင်ကွက်ကို မြင်တာရယ်၊ အစ္စလာမ် ဘာသာရေးကို အလေးအမြတ်ထား တာတွေရယ်ကြောင့် ဆော်ဒီ နဲ့ ပါကစ္စတန်နိုင်ငံက ချစ်သူများနေ့ကို တစ်ရားဝင် ပိတ်ပင်ထားပါတယ်။ သူတို့အမြင်မှာ ဒီယဉ်ကျေးမှု ဟာခရစ်ယာန် ဘုန်းကြီးများ ရဲ့အမည်နဲ့ သက်ဆိုင်နေ တယ်လို့ လဲယူဆပုံရပါတယ်။အနောက်နိုင်ငံ တွေမှာတော့ ချစ်သူများနေ့မတိုင်ခင် တစ်ပတ် ဆယ်ရက် အလို ထဲက စတိုးဆိုင် တွေ ကုန်တိုက် တွေ ရောင်းအားကောင်းပုံက ခရစ်စ္စမတ်စ် တို့ Easter တို့လို ပွဲတော်ရက်များ နီးတဲ့ အခါသမယ လိုပါပဲ။ စားသောက် ဆိုင် နဲ့ ဟိုတယ် တွေက လဲ ချစ်သူများနေ့ ညစာ၊ နေ့လည်စာ စသည်ဖြင့် စွဲမက်စရာ ကြော်ငြာပေါင်းစုံနဲ့   ကြိုတင် booking လုပ်ဖို့  အပြိုင် အဆိုင် marketing တွေလုပ်ကြနဲ့ စည်ကားလှပါတယ်။ နေရာ အရပ် ရပ်က ချစ်သူ တွေ က ဆယ့် လေးရက်နေ့မှာ ဆုံဖို့ လုပ်ကြ တော့ ရထားကုမ္ပဏီ တွေ လေယာဉ် ကုမ္ပဏီ တွေလဲ တော် တော်အလုပ်ဖြစ်ကြပါတယ်။ ချော့ကလက်၊ ပန်းနဲ့ ကာဒ် တွေဖလှယ်တဲ့ ရိုးရာ ထက် ပိုပြီး ယခု နောက်ပိုင်းမှာ တော့ တန်ဖိုးကြီးလက်ဆောင် တွေပိုအသုံးပြုလာကြပါတယ်။

ဂျပန် မှာချစ်သူများနေ့ ယဉ်ကျေးမှုဟာ ဆယ့်ကိုးရာစုနှစ်လည် ကအစပြုခဲ့တယ်လို့ဆိုပါတယ်၊  အနောက်နိုင်ငံ ချော့ကလက် ကုမ္ပဏီ တစ်ခုက ဖဲပြားစီး ထားတဲ့ အသဲပုံ ချော့ကလက် တွေ နဲ့ ဈေးကွက်ကိုစတင်ခဲ့တာပါ။ ကိုရီးယား၊ စင်္ကာပူ နဲ့ တစ်ရုတ်ပြည် တွေမှာလဲ ဒီယဉ်ကျေးမှုဟာ အရှိန်ဟုန်မြင့်ဆဲပါပဲ၊ အင်န္ဒိယ မှာတော့ လက်ခံချင်သူ နဲ့ မကြိုက်သူတွေကြား အငြင်းပွါး နေဆဲ၊ ဒီလို အထင်ကရ ရာဇဝင်မရှိပဲ စီးပွါးရေးသမား တွေရဲ့ ကစားမှုနဲ့ ကြီးထွားလာတဲ့ ချစ်သူများနေ့ယဉ်ကျေး မှု ကို ကျမတို့ မြန်မာတွေအားလုံးကရော ကြိုဆိုကြပါသလား၊ အနောက်နိုင်ငံ ရဲ့ယဉ်ကျေးမှု တွေ သာမကအခြားနိုင်ငံများရဲ့ ဟစ်ဟော့ ယဉ်ကျေးမှု၊ ကိုရီးယား ယဉ်ကျေးမှု တွေ သိသိ သာသာ နေရာယူလာမှုကိုရော သတိထားမိကြပါသလား၊ ဒါမှ မဟုတ် sub-culture တစ်ခုအနေနဲ့မွေးစားထားမှာလား၊ နောင် ဆယ်စုနှစ်များစွာကြာ တဲ့အခါ St.Valentine day ဆိုပြီး မြန်မာပြက္ခဒိန် အကွက် တွေထဲ မှာရော
အသိမှတ်ပြု ထည့်ရေးလာနိုင်ပါသလား၊ အနာဂတ်မှာရော အရင်းရှင်နိုင်ငံများလို multi-culture တိုင်းပြည်တစ်ခုဖြစ်လာနိုင်ပါသလား လို့ သုံးသပ်မိရင်း...............

မြနန္ဒာ

ပြည်ခိုင်ဖြိုးရဲ့ စေတနာ

ပြောရဦးမယ် ကျုးပစ်ရေ . .
ခုတစ်လော ရန်ကုန်မြို.မှာ လမ်းတွေ တော်တော်များများ ပြန်ခင်းနေတယ်နော်. . မခင်းရသေးတဲ့လမ်းတွေကိုလည်း ကတ်တရာခင်းလို. . . . . ဆိုင်းဘုတ်တွေကိုလည်း ချိတ်ဆွဲလို. . . .

ကျွန်တော်တို.နားမှာလည်း လမ်းတွေခင်းလို.ဗျာ. . ဒါနဲ. တစ်နေ. လမ်းခင်းတဲ့ကိတ်စအတွက် လမ်းရှိသူတွေကို အစည်းအဝေးလုပ်ပါလေရောဗျာ။ အဲ့မှာ သူတို.ပြောတာက တစ်အိမ်ကို ၃၀၀၀၀ ဆီထည်.ဖို.ပြောပါတယ်။ အဲ့မှာ လူတစ်ယောက်က ထပြောပါလေရော . . ."စေတနာကြေးလား၊ သတ်မှတ်ထားတာလားပေါ့ " ၊ ပြီးတော့ သူတို.တွေကလည်းဆိုင်းဘုတ်ကြီးကို ပြူးနေအောင် ချိတ်ထားသေး " ပြည်တော်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးမှ စေတနာဖြင့် အခမဲ့ခင်းပေးသည်" ဆိုတဲ့ဟာကြီး ရေးထားလို.။ ပြီးတော့ သူက အဲ့ဒီဆိုင်းဘုတ်မှာ " အခမဲ့ "  ဆိုတဲ့စာသားဖြုတ်ပေးရင် အလှူငွေ ထည်.မယ်ဆိုပြီး ပြောလိုက်သဗျာ . .

Credit to Yamarmoto, Myanmar Cupid

ခက်တာက မြန်မာတွေက လွန်ခဲ့တဲ့ နှစ် ၂၀ ကလို မျက်စိပိတ် နားပိတ်တွေ မဟုတ်တော့ဘူး။ အဲလို အပေါစား စည်းရုံးမှူမျိုးကို အန်ချင်စိတ် ပေါက်တတ်နေပြီလေ။

တိုယိုတာ ပြဿနာ

The world's biggest car-maker was plunged into chaos tonight after the U.S. Government warned Toyota car owners to 'stop driving'.

Toyota has recalled more than eight million vehicles worldwide over fears that two apparent faults with the accelerator pedal could have left them unsafe to drive. The beleaguered car-maker has now been ordered to investigate reports of a third technical problem linked to brake failures in its flagship Prius gas-electric hybrid cars. Read more:

တိုယိုတာကား ပြဿနာ

တိုယိုတာဟာ သူရဲ့ accelerator ချို့ယွင်းမှူကြောင့် ယုံကြည်စိတ်ချရတဲ့ ကားစာရင်းကနေ ဘေးထွက်သွားပြီ ဖြစ်ပါတယ်။

လတ်တလော အမေရိကန်မှာ တိုယိုတာရဲ့ Lexus ကားတစီး ဟာ accelerator လျှော့ မရတော့ဘဲ ကပ်သွားလို့ မိုင် ၁၂၀ ထိရောက်အောင် အရှိန်မြန်သွားပြီး ထိန်းမရတော့ပဲ  မိသားစုသေဆုံးသွားပါတယ်။

အခုဆိုရင် ကားထောင်ပေါင်းများစွာကို ပြန်ဆင့်ခေါ်ပြီး ပြင်ဆင်ပေးဖို့ စီစဉ်နေပါတယ်။

Consumer group တွေပြောတာကတော့ ၁၉၉၉ ခုနှစ်ကစပြီး တိုယိုတာရဲ့ ချို့ယွင်းချက်ကြောင့် မတော်တဆမှူပေါင်း ၂၂၇၄၊ တိုက်ခိုက်မှူပေါင်း ၂၇၅၊ သေဆုံးမှူပေါင်း ၁၈ ရှိပြီလို့သိရပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်မှု ဦးအောင်ဆန်းဦး တားဝရမ်းလျှောက်

လုံခြုံမှုမရှိသောနေအိမ် အစိတ်အပိုင်းများအား ပြုပြင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်း ထုတ်ပြန်ပေးရန် လျှောက်ထားသဖြင့် နေအိမ်ပြင်ဆင်မှုရှု ရပ်ဆိုင်း ထားရကြောင်း ဒေါ်အောင်ဆန်း စုကြည်၏ အကျိုးဆောင် ရှေ့နေတစ်ဦးက ပြောကြားသည်။

ဇန်န၀ါရီလ ၂၁ ရက် နံနက် ပိုင်းတွင် ရန်ကုန်တိုင်းတွဲဖက်တရားသူ ကြီး (၂) ဦးသိန်းကိုကို၏ ရုံး၌ ဦးအောင်ဆန်းဦး၏ရှေ့နေ ဦးဟန်တိုးက တရား ပြိုင်ဒေါ်အောင်ဆန်းစုကြည်သည် တရားလိုဦးအောင်ဆန်းဦးအားအသိပေးခြင်း မရှိဘဲ နေအိမ်ကိုပြင်ဆင်ခဲ့ခြင်းအပေါ် တရားမကျင့်ထုံးအမိန့် (၃၉) နည်း ဥပဒေအရ တားဝရမ်းထုတ်ပြန်ပေးရန် လျှောက်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်၏ နောက်တစ်ပတ်ရုံးချိန်းတွင် ပြန်လည်ချေပကန့်ကွက်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် ရန်ကုန် တိုင်းမ်သတင်းဂျာနယ်တွင်ဖော်ပြသည်။ Credit to Weekly News Journal

ပြည်တွင်းမှာ ဒီလိုသတင်း ထုတ်ပြန်ခွင့်ရတာ တိုးတက်မှူလို့ ပြောရမလားပဲ။ ဦးအောင်ဆန်းဦးကတော့ ပြည်သူ့ မေတ္တာ အပြည့်အဝ ခံယူနေပုံပါပဲ။

ပုဂ္ဂလိက ကဏ္ဍ တိုးချဲ့

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်နှောင်းပိုင်းမှစတင်၍ နိုင်ငံပိုင်အဖြစ် ထိန်းချုပ်လုပ်ကိုင်ခဲ့သော ကျန်းမာရေးကဏ္ဍ၊ ပညာရေး ကဏ္ဍအပါ အ၀င် စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို ပုဂ္ဂလိက ကဏ္ဍသို့လွှဲ ပြောင်းလုပ်ကိုင်ခွင့်ပြုလျက်ရှိရာ ပြည်ပသို့ကုန်ပစ္စည်းတင်ပို့ခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တာဝန်ယူလုပ်ကိုင်လျက်ရှိသော ဗိုလ်တထောင်ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းနှင့် ဆိပ်ကမ်းနယ်မြေ အချို့တို့ကို ပုဂ္ဂလိကသို့ မကြာမီ တရားဝင်လုပ်ကိုင် ခွင့် ပြုလိုက်ကြောင်း (Source: The Voice Weekly Journey)

ဒါပေမဲ့ မည်သူ၏ လူများလုပ်ကိုင်ခွင့်ရမည်ကို ဖော်ပြထားချင်း မရှိသေးချေ။ VOA မှ ဦးတေဇ ၏ ပြောကြားချက်ကို ထုပ်လွှင့်ရာတွင် မူ လူကြီးများက မည်သို့လုပ်ရ မည်ကို စဉ်းစားဆဲ ဖြစ်သည်ဟုသိရပါသည်။

 

The Richest, The Thief and The Human Rights

ဗြိတိန်နိုင်ငံမှာ နာမည်ကျော်ကြားလူသိများတဲ့ Britain got Talent ရဲ့ judge တစ်ဦးဖြစ်သူ၊ဂျာနယ်လစ် နဲ့ တယ်လီဗီးရှင်း presenter လဲဖြစ်တဲ့ ပီရာ့စ်မော်ဂန် (Piers Morgan) ဟာ ရှန်ဟိုင်း မြို့ကြီးရဲ့ကြွယ်ဝ ချမ်းသာမှုနဲ့ လူနေမှု အဆင့်မြင့်မားမှုတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာလည်ပတ်ပြီး မေးမြန်းတွေ့ ဆုံခဲ့တဲ့ အစီအစဉ် တစ်ခု ကို ဗြိတိသျှ တယ်လီဗီးရှင်း ITV ကနေတင်ဆက်ခဲ့ပါတယ်။ သူ့ရဲ့တင်ပြလိုမှုဟာ တရုတ်နိုင်ငံမှာ လူ့အခွင့်ရေးတွေဆုံးရှုံးနေ တာတွေကိုပြောချင်ပုံရပါတယ်၊ နောက်တစ်ခုက တရုတ်ပြည်ကြီး ကမ္ဘာကြီးကို သိမ်းခါနီးပြီးဆိုပြီး လူအများကိုသိစေချင်ပုံလဲရပါတယ်၊ ဒါ့အပြင် တရုတ်ပြည်ကြီးဟာ သူခိုးကြီးပါလို့လဲ ကမ္ဘာကြီးကို သိစေခြင်ပုံလဲပါ ပါတယ်။ မှန်ပါတယ် သူပြောသလိုပဲ ကျမတို့ရဲ့ အိမ်ထဲကိုကြည့်လိုက်မယ်ဆိုရင် ရှစ်ဆယ်ရာခိုင်နှုံး သောအသုံးအဆောင်တွေဟာ တစ်ရုတ်ပြည်ကပါ၊ မူရင်း အမေရိကန် တို့ဂျာမဏီတို့ဖြစ် တာတောင်မှ ထုတ်လုပ်တာက တစ်ရုတ်ပြည်ကပါ။ပြင်သစ်ကနာမီကြီးဝိုင် တွေလဲရှန်ဟိုင်းတစ်ဝိုက်မှာတင်ထုတ်လုပ်တာပါ၊ ရေခဲသေတ္တာ၊အဝတ်လျှော်စက်တို့ကအစ ခလေးကစားစရာ အရုပ်အဆုံးတစ်ရုတ်ပြည်ကပါပဲ။

ဒါဟာဘာဖြစ်လို့လဲဆိုတာရှင်းပါတယ်၊ ပီရာ့စ်မော်ဂန် (Piers Morgan) တင်ပြခဲ့သလိုပဲ တစ်ရုတ်ပြည် ရဲ့ကုန်စည်ထုတ်လုပ်မှု မှန်သမျှဟာ အနောက်နိင်ငံတွေက နမူနာယူပြီး ပိုဈေးသက်သာ ပိုကောင်းအောင်ထုတ်လုပ်ထားလို့ပါပဲ၊ ဈေးသက်သာတဲ့အတွက် တစ်ကမ္ဘာလုံးသူ့ဆီက အားပေးကြတာပါပဲ၊ သူရောက်ခဲ့သမျှ ဟော်တယ်၊ စတိုးဆိုင်၊ ကော်ဖီဆိုင် နောက်ဆုံးဘောလုံးပွဲအဆုံး အနောက် နိုင်ငံရဲ့အပြင်အဆင်တွေနဲ့ အရသာတွေပါပဲ၊ ဘောလုံးပွဲရဲ့ ကြော်ငြာစာတမ်း နဲ့ အလံ တွေဟာ လီဗာပူးအသင်းရဲ့ ဒီဇိုင်းတွေနဲ့ဆင်ဆင် တူနေတယ်လို့ပြောဆိုခဲ့ပါတယ်။ဟော်တယ်ရဲ့ အစားအသောက်တွေစားရ တာလဲသူ့ကိုယ်သူရှန်ဟိုင်းရောက်နေတယ် လို့မထင်မိပဲအင်္ဂလန်မှာပဲလို့ ခံစားခဲ့ရပါတယ်တဲ့၊ အသက်သုံးဆယ်အရွယ် သဘောင်္တွေပိုင်တဲ့ ၊ နိုင်ငံခြားကုန်စည်ကူးသန်းရေးကို လုပ်ဆောင်နေသူ၊တစ်ရုတ်အမျိုးသမီး သန်းကြွယ်သူဋ္ဌေးမလေးကလဲ တစ်ရုတ်နိုင်ငံကြီးဟာ မကြာခင်မှာပဲ ကမ္ဘာ့ အချမ်းသာဆုံး နံပတ် တစ် ဖြစ်တော့မယ် ဆိုတာ သူမအခိုင်မာယုံကြည် ကြောင်း သူ့ကိုပြောခဲ့ပါတယ်။

သူမပြောသလိုပဲ ဆယ်စုနှစ် တစ်ခုအတွင်းမှာ သန်းကြွယ်သူဋ္ဌေး တွေတရုတ်နိုင်ငံမှာ ဒီရေတက်သလိုတိုးလာပေမဲ့ အမေရိကန်၊ဗြိတိန်နဲ့ဂျာမဏီတို့မှာ အလုပ်လက်မဲ့ တွေ ကတောင်လိုပုံလာခဲ့ပါပြီး၊ တရုတ်ပြည်ကားစက်ရုံကအလုပ်သမားတွေ ရဲ့လစာဟာ ဗြိတိန်အလုပ်သမားတွေထက်မြင့်မားသလို၊ ဟော်တယ် ဝန်ထမ်းတွေရဲ့လစာဟာလဲ မနဲလှကြောင်း ပီရာ့စ်မော်ဂန် (Piers Morgan) တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဘက်က ကာကွယ်ပေးတဲ့ အလုပ်သမားသမ္မဂ္ဂတွေ မရှိသလို ဟော်တယ်ဝန်ထမ်းတွေရဲ့နေ့လည် နားချိန်ဟာ အလွန်နဲပြီး နောက်ကကျားလိုက်သလို နေ့လည်စာကို အမြန်စားရတဲ့အကြောင်း တွေသိခဲ့ရတယ်လို့လဲဆိုပါတယ်၊ အင်တာနက်မှာလဲ ဆင်ဆာ တွေ နဲ့ကန့်သတ် မှုတွေကိုတွေ့ရှိတယ်လို့တင်ပြခဲ့ပါတယ်။

ဒါပေမဲ့လဲ လူအများစု ဟာအဲဒီအချက်တွေကို ဘယ်လိုမှမခံစားရပါဘူး၊ လူငယ်များဟာလဲ နောက်ဆုံးပေါ်ဒီဇိုင်းနားဝတ်စုံများနဲ့၊ ခေတ်မှီ တိုက်ခန်းများမှာ ဇိမ်ခံပစ္စည်း အပြည့်အစုံနဲ့နေထိုင်ပြီး အကောင်းစား ကလပ်တွေမှာ လွတ်လပ်စွာပါဝင်ဆင်နွဲနေနိုင်တဲ့ဘဝမှာ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကို သိတောင်သိပုံမရကြပါဘူးလို့ဆိုခဲ့ပါတယ်၊ တရုတ်လူမျိုး အသက်ခြောက်ဆယ်နီးပါး အိမ်ပိုင်ရှင်လူကြီးတစ်ယောက်ကလဲ အစိုးရအမိန့်အရ အဆင့်မှီကွန်ဒို တွေဆောက် ဖို့အတွက် နှစ်ပေါင်းများစွာနေခဲ့တဲ့ သူ့ကိုယ်ပိုင်အိမ်ကနေ မြို့ပြင်ကို ပြောင်းရသည့်တိုင်အောင် "ရှန်ဟိုင်းသားတစ်ယောက်အနေနဲ့ ရှန်ဟိုင်းမြို့ကြီးတိုးတက်ဖို့ စတေးရတာကို ကျေနပ်ပါတယ်၊ အိမ်ပြောင်းရတဲ့အတွက်ဝမ်းနဲပေမဲ့ အစိုးရကိုတော့ ဘယ်လိုမှအဆိုးမမြင်ကြောင်း" ပြောကြားသွားခဲ့ပါတယ်။ လူငယ်လူရွယ် များကလဲ "ကျမတို့ဒီအချက်ကိုမစဉ်းစားမိကြပါဘူး" လို့ဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပီရာ့စ်မော်ဂန် (Piers Morgan) အနေနဲ့ လူ့အခွင့်ရေးဆိုတာ သုံးလေးခွန်းထက်ပို မပြောနိုင်ခဲ့ပဲ ရှန်ဟိုင်းရဲ့ရောက်လေရာနေရာတိုင်းမှာ "ဒါလဲငါတို့တွေကို တုထားတာ၊ဒီတစ်ခုလဲ ငါတို့တွေစီကပုံတူကူးထားတာ၊ ဒီပုံစံလဲငါတို့ဒီဇိုင်း၊ ဒီအရသာလဲ ငါတို့တွေဆီကနဲ့တစ်ထပ် တည်းပဲ" ဆိုတဲ့အပြော တွေနဲ့အဆုံးသပ်သွားခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းခဲ့သမျှ တစ်ရုပ် လူမျိုး အများစုဟာလဲ "တစ်ရုတ်ပြည်ရဲ့မနက်ဖန်ဟာဒီနေ့ထက်အမြဲတမ်းပိုကောင်းနေမယ် ဆိုတာကိုယုံကြည်ကြောင်း" တစ်လေသံထဲ ထွက်ကြတာကို ကြားခဲ့မြင်ခဲ့ရကြောင်းတင်ပြသွားခဲ့ပါတယ်။

ဒီအစီစဉ်နဲ့ ပတ်သက်ပြီး သုံးသပ်မိတာကတော့ ကွန်မြူနစ်နိုင်ငံတစ်ခုရဲ့ အင်အားကြီးမားလာမှုကို အရင်းရှင်နိုင်ငံတွေတုံလှုပ်နေကြပါပြီ၊ တရုပ်နိုင်ငံဟာ ကွန်မြူနစ်ပါဝါကို အရင်းရှင်စီးပွါးရေးစနစ်နဲ့ ရောလျှက်ပြီး ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်တာပါပဲ၊ နိုင်ငံတစ်ခုကြီးပွါးတိုးတက်မှုမှာ ဒီမိုကရေစီကအဓိကလား၊ လူ့အခွင့်ရေးဆိုတာရော၊ ဒါတွေအားလုံးကို  တရုတ်နိုင်ငံက ဆယ်နှစ်အတွင်းမှာ ဖြေသွားပါပြီ၊ အင်တာနက်သုံးစွဲ မှုကန့်သပ်တာတွေဟာလဲတစ်ရုတ်အစိုးရမှာ ခိုင်လုံတဲ့အကြောင်းရှိပုံရပါတယ်၊ အရင်းရှင်စနစ်ကိုမွေးစားပြီးနောက် သူ့ရဲ့ နောက်လိုက် Globalization, Multiculture နဲ့ Human rights တွေကို အဝင်မခံချင်တာဖြစ်နိုင်ပါတယ်။  အနောက်နိုင်ငံတွေမှာ multiculture ကြောင့် ပြဿနာတွေတစ်နေ့ထက်တစ်နေ့ပိုရှုပ်ထွေးပြီး အကြမ်းဖက် ဗုံးခွဲမှုတွေများလာတာရယ်၊ မွတ်ဆလင်တွေက လူ့အခွင့်ရေးဆိုတာကို အလွန်အမင်း အလွဲသုံးစားလုပ်နေပုံတွေရယ်၊ အမဲ လူမျိုးများ ရဲ့ လူမျိုးရေးအရှုပ်အရှင်းတွေ ဟာ အတုယူကောင်းတဲ့ တရုတ် အတွက် စဉ်းစားစရာတွေပါ။

အနောက်နိုင်ငံတွေက ဘယ်လိုပဲသူခိုး လို့စွတ်စွဲ၊ လူ့အခွင့်ရေး အပြည့်မရဘူးပဲပြောပြော တရုတ်နိုင်ငံ ဟာကမ္ဘာမှာ လက်ရှိစီးပွါးရေးအင်အား အကြီးမားဆုံးဆိုတာ....................................



မြနန္ဒာ

ဒိန်းနစ်ရှ် - ဘားမားကော်မတီက ထိုင်းရဲ တွေကို လာဘ် ထိုးလို့တဲ့

 

ဒိန်းနစ်ရှ် - ဘားမားကော်မတီ က ထိုင်း ရဲအရာရှိတွေကို ရထားတဲ့ ထောက်ပံ့ ငွေတွေ သုံး ပြီး လာဘ်ထိုးနေတဲ့ အကြောင်း ရေးထားတာ ဖတ်ရတယ်။ ဘာလို့ အဲလို လုပ်တဲ့ အကြောင်းကို ပိုပြီး ရှင်းရှင်း လင်းလင်းသိရရင် ပိုကောင်း ပါလိမ့်မယ်။ အဲဒါ က ရောတကယ် လား။ ဘယ် သူက မှတော့ အကျိုး တခုခု မရှိဘဲနဲ့ လုပ်မှာ မဟုတ်ပါ။တကယ် နောက်ခံ ဇာတ်လမ်းက ဘာလဲ။

+++++

 

ဒိန်းနစ်ရှ် - ဘားမားကော်မတီနှင့် ချစားမှုများ

http://thetoo.blogspot.com/2010/01/blog-post.html

ဒိန်းနစ်ရှ် - ဘားမားကော်မတီသည် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တို့အတွက် အကူအညီပေးနေသော ဒိန်းမတ်နိုင်ငံ၏ ထောက်ပံ့ငွေများဖြင့် ထိုင်းနိုင်ငံ၏ လာဘ်စားသော ရဲအရာရှိများအတွက် မော်တော်ကားနှင့် အရက်စသည်များ ၀ယ်ယူပေးနေကြောင်း ဒိန်းမတ်နိုင်ငံထုတ် Ekstra Bladet သတင်းစာမှ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ရေးသားလိုက်သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဒိန်းမတ်သံမတ်ကြီးထံ တင်ပြရသည့် အစီရင်ခံစာ (၂) စောင်၌ ဒိန်းမတ်နိုင်ငံမှ ကူညီသည့် ခရိုနာ (၄၅) သန်း (အမေရိကန်ဒေါ်လာ ၉ သန်းခန့်) သည် ချစားမှုများနှင့် ပြည့်နှက်နေကြောင်း ရေးသားထားသည်ကို အထောက်အထားပြု၍ သတင်းစာမှ ဖော်ထုတ်ဝေဖန်လိုက်ခြင်း ဖြစ်သည်။

ထိုအစီရင်ခံစာများကြောင့် ဒိန်းနစ်ရှ် - ဘားမားကော်မတီမှ ထပ်မံတောင်းဆိုထားသော ခရိုနာ (၂၅) သန်း (အမေရိကန်ဒေါ်လာ ၅ သန်းခန့်) ကို ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပယ်ချထားကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။

ဒိန်းနစ်ရှ် - ဘားမားကော်မတီသည် ဒိန်းမတ်နိုင်ငံ၏ အလုပ်သမားသမဂ္ဂအချို့ စုပေါင်းဖွဲ့စည်းထားသော LO နှင့် ပူးပေါင်းပါဝင်ထားပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ဦးဆောင်သူ Anette Berentzen ကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ။

News source: http://ekstrabladet.dk/nyheder/samfund/article1280354.ece

နိုင်ငံခြား ခိုးထွက်သူတွေ သတိထား

မြန်မာပြည်မှာ အစိုးရဝန်ထမ်းတွေ နိုင်ငံခြား ခိုးထွက်တာ တော်တော် ခေတ်စားပါတယ်။ အများစုက ၉ တန်းအောင်နဲ့ ထွက်ကြတယ်။ နောက်ပိုင်း ဝန်ကြီး ဋ္ဌာနတွေက abscond လုပ်တဲ့သူတွေ ရဲ့ စာရင်းကို ဋ္ဌာနတွင်းနဲ့ သံရုံးတွေကို ဖြန့်ဝေပါတယ်။ တကယ်တော့ နိုင်ငံခြား ထွက်ဖို့ အစီအစဉ်ရှိရင် အစိုးရ နဲ့သွား မပတ်သက်ဖို့ အရေးကြီးပါတယ်။ အောက်က သတင်းစုက အဲဒီ အကြောင်း တပိုင်းတစဖြစ်ပါတယ်။

+++++

အဆညကနေ လွန်ခဲ့တဲ့ ၅နှစ် ၆နှစ်လောက်က စလုံးထွက်လာတဲ့ ဆရာမတစ်ယောက် ရန်ကုန်အလည်ပြန်တာ အပြန်ကျ လေဆိပ်မှာ လေယာဉ်ပေါ်တက်ခွင့်မပေးပါဘူးတဲ့။ အရင်က ထွက်လာတာ dismiss ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ကင်းရှင်းအောင်လုပ်ပြီးမှ ပြန်ထွက်ခွင့်ပြုပါတယ်။ အဲဒါကံကောင်းလို့  ၂ပတ်နဲ့တင်ပြီးသွားပါတယ်တဲ့။ ပုံမှန်တိုင်း လုပ်ရင် ၂လလောက်တောင်ကြာဘွယ်ရာရှိပါသတဲ့။

အဆည ရော၊ သပန (သိပ္ပံနှင့်နည်းပညာ) အပါအ၀င် ၀န်ကြီးဋ္ဌာနတွေက နိုင်ငံခြားခိုးထွက်  dismiss တွေကို လွန်ခဲ့တဲ့ ၅နှစ်၆နှစ်လောက်စာကစပြီး စာရင်းအသေအချာပြုစုပြီး အထွက်မှာ စစ်ဆေးနေပါသတဲ့။ အဓိကက ရုရှားက ပညာတော်သင် စစ်ဗိုလ်တွေပါ ပြည်တော်မပြန်တဲ့ ကိစ္စနဲ့ပါစပ်ဆက်ပြီး ပြန်တင်းကျပ်နေပါတယ်တဲ့။ သပန က black list ထဲမှာ ပါတဲ့ ၀န်ထမ်းတွေကိုတော့ ပိုတင်းကျပ်ပြီး ပြန်ထွက်ခွင့် လုံးဝမပေးပါဘူးလို့ကြားပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်လောက်က သပန က ဦးသောင်းက သူ့ဝန်ကြီးဋ္ဌာနက dismiss စာရင်းတွေကို အသေအချာပြုစုပြီး သံရုံးတွေမှာ ကပ်ခိုင်းထားတာတောင်မြင်ခဲ့ဘူးပါတယ်။ list မှာ အဲဒီလူတွေ၊ ကိစ္စမရှင်းရသေးတဲ့သူတွေ၊ လျော်ကြေးမပေးရသေးတဲ့သူတွေပြန်ပါမှာ သေချာပါတယ်။ သပန ၊ အဆည မှ ၀န်ထမ်းဟောင်းများ ပြည်တော် အလည်ပြန်မဲ့သူများ၊ သတိပြုဘွယ်ရာပါ။

Credit to Sweetee, Mynamar Cupid news

Syndicate content