Open society and citizen media!

မြန်မာ နှင့် နိုင်ငံတကာ သတင်း

ချယ်လ်ဆီးကလင်တန်ရဲ့ 3 million တန်မင်္ဂလာပွဲ

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် (Bill Clinton) နဲ့ လက်ရှိ အတွင်းရေးမှူး ဟစ်လာရီကလင်တန် (Hillary Clinton) တို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်သူ ချယ်လ်ဆီးကလင်တန် (Chelsea Clinton) ရဲ့မင်္ဂလာပွဲကို လာမည့် စနေနေ့ ဂျူလိုင် ၃၁ ရက်နေ့ မှာပြုလုပ်မှာဖြစ်ပါတယ်။ မိဘနှစ်ပါးက အောင်မြင်လူသိများသူများဖြစ်ပေမဲ့ ကာလီဖိုးနီးယားက စတန်းဖို.ဒ် (Stanford) နဲ့ ယူကေ အောက်စဖို့ဒ် (Oxford) တက္ကသိုလ် တို့က ကျောင်းပြီးခဲ့တဲ့ ချယ်လ်ဆီး ကအနေရိုးပြီး ဟန်ပန်မရှိပါဘူး။ သူမသိတတ်တဲ့အရွယ်ကစပြီး ယခုချိန်ထိ မီဒီယာတွေနဲ့ ထိပ်တိုက်ပြော ဆိုခြင်းကို ရှောင်လေ့ရှိပါတယ်။ ခေတ်ပေါ်ဒီဇိုင်းတွေလဲမသုံး ဖက်ရှင်ကျကျလဲ ဝတ်လေ့မရှိတဲ့ချယ်လ်ဆီးကသူမရဲ့ မင်္ဂလာပွဲကိုနယူးဂျာဆီပြည်နယ်က ကျေးရွာတစ်ခုမှာရှိတဲ့ ဧက၅၀ ကျယ်တဲ့ Astor Courts ဆိုတဲ့စံအိမ်တော်ကြီးမှာ ကျင်းပဖို့ရွေးခဲ့ပါတယ်။ တက်ရောက်ကျမဲ့ ဧည့်သည်တစ်ယောက်ကို စတာလင်ပေါင်၆,၄၀၀ ကုန်ကျ ခံကျွေးမွေးမှာဖြစ်ပြီး၊ မြက်ခင်းပြင်ပေါ်မှာ ခင်းကျင်းပြင်ဆင်စရိတ်ကစတာလင်ပေါင် ၄၀၀,၀၀၀၊ ပန်းအလှပြင်ဆင်စရိတ်က စတာလင်ပေါင် ၃၂၀,၀၀၀၊ လက်ဝတ်ရတာနာ ၁၆၀,၀၀၀ နဲ့ သတို့သမီးဝတ်စုံ၁၆,၀၀၀ စသည်ဖြင့် ကုန်ကျစရိတ်အားလုံးဟာ၂ မီလီယံ ကနေ ၃.၂ မီလီယံ အထိ ကုန်နိုင်ချေရှိတယ်လို့ မီဒီယာတွေက ခန့်မှန်းကြပါတယ်။

ဒီလိုကုန်ကျစရိတ်တွေနဲ့ပတ်သက်ပြီး ဝေဖန်သူတွေရှိပေမဲ့ မိဘနှစ်ပါးရဲ့ ဝင်ငွေနဲ့ တွက်လိုက်ရင် ဒါဟာ အသေးအဖွဲလို့ပြောသူတွေကလဲပြောကြတယ်။ စစ်တမ်းအရ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်ကြား မှာ မိဘနှစ်ပါးရဲ့ဝင်ငွေက ၇၀ မီလီယံ ထိရှိတယ်လို့ဆိုပါတယ်။ တစ်ကယ်လဲတစ်ဦး တည်းသော သမီးရဲ့ မင်္ဂလာပွဲကို တက်ကြွစွာစီစဉ်နေတာက မိဘနှစ်ပါးပါပဲ။ အသက် ၃၀ အရွယ်ရှိပြီးဖြစ်တဲ့ချယ်လ်ဆီးရဲ့ သတို့သားလောင်းက ဘဏ်လုပ်ငန်းရှင် ဖြစ်ပြီး ငယ်စင်ထဲက ကျောင်းအတူနေသူငယ်ချင်း များဖြစ် ကြပါတယ်။ သမ္မတ အိုဘားမား (Obama) အပါအဝင် ဖိတ်ကြားထားခြင်းခံရတဲ့ ဧည်သည်တော် အယောက်ငါးရာခန့် တက်ရောက်ကြမှာဖြစ်ပြီး နာမည်ကြီးအနုပညာရှင်များထဲက ဒါရိုက်တာ စတီဗင် စပီးလ်ဘတ် (Steven Spielberg)၊ ဘာဘရာစထရိုက်ဆင်း (Barbra Steisand) နဲ့ အိုရ်ပရာဝင်းဖရီး (Oprah Winfrey) တို့ ပါဝင်ကြပါတယ်။

နောက်ဆုံး ပေါ်မော်ဒယ်လ် 4 x 4 မီနီကူးပါး

ယခုနှစ်စက်တင်ဘာမှာ စတင်ဝယ်ယူနိုင်မှာဖြစ်တဲ့ မီနီကူးပါး (Mini Cooper) ရဲ့နောက်ဆုံးပေါ် မော်ဒယ်လ် Mini Countryman ပါ။ မီနီ ချစ်သူများ အတွက် တောလမ်းသုံး ကားကြီးတွေသပ်သပ်ဝယ်စရာမလို အောင်ရည်ရွယ်ထုတ်လုပ်ထားပုံရပါတယ်။ တံခါးနှစ်ပေါက်ပဲအမြဲပါတဲ့ အီတာလီယံဂျော့ဘ် Italian Jobရုပ်ရှင်နဲ့တွဲပြီး နာမည်ကြီးလာတဲ့ သေးသေးလုံးလုံး မီနီ ကားလေးတွေကို မိန်းခလေးအများစုကနှစ်သက်ကြပါတယ်။ ဒီနောက်ဆုံးမော်ဒယ်လ်ကတော့ မူရင်းလမ်းကြောင်းကနေ ပြောင်းပြီး တံခါး လေးပေါက်၊ ကားဘော်ဒီအရှည်က ဆယ့်သုံးပေခွဲရှိပြီး တောင်တက်ဂီယာ နဲ့ four-wheel drive တွေ ရဲ့ စံအတိုင်းထုတ်လုပ်ထားတယ်လို့ မီနီရဲ့  ပိုင်ရှင်ကုမ္ပဏီ BMW car giant group ကပြောပါတယ်။ အင်ဂျင်ပါဝါ ၁.၆ နဲ့တစ်နာရီကိုမိုင် ၁၃၀ သွားနိုင် ပြီးဓာတ်ဆီအင်ဂျင်ဖြစ်ပါတယ်။ ကားဘီးအလွိုင်း ကိုလဲ ၁၆ လက်မ ကနေ၁၉လက်မအထိ တပ်ဆင်နိုင်ပြီး တန်ဖိုး ပေါင်စတာလင် တစ်သောင်းခြောက်ထောင်ကနေ နှစ်သောင်းနှစ်ထောင် ကြားမှာရှိပါတယ်။

ဒါပေမဲ့ ယခင် မူလစတိုင် မီနီကူးပါးများနဲ့ ယှဉ်ကြည့်တဲ့အခါ ပုံစံသိပ်မသွက်တဲ့ အတွက် ကားအရောင်းကိုယ်စားလှယ် များက အရောင်းမသွက်မှာကိုစိုးရိမ်နေကြပါတယ်။

ဒီဇိုင်းဆန်းများနဲ့ကေတီပယ်ရီ Katy Perry

လေဒီဂါဂါ Lady Ga Ga နဲ့အပြိုင် နာမည်ကြီးလာတဲ့ အမေရိကန်အဆိုတော် ကေတီပယ်ရီ Katy Perry ဟာအဆို တင်မကပဲ သူမရဲ့ တစ်မူထူးတဲ့ ဝတ်စားဆင်ယဉ်ပုံ တွေကြောင့်မီဒီယာတွေနဲ့ လူထုပရိတ်သတ်ရဲ့စိတ်ဝင်စားခြင်းကိုခံရပါတယ်။ သူမရဲ့ အဝတ်စား အရောင်များ ဟာ များသောအားဖြင့် အရောင်တောက်တောက်များနဲ့ ပြူးပြူးပြဲပြဲ ဖြစ် တဲ့အတွက် အချို့ သောသူများကမကြိုက်ကြပါဘူး။ ရာဘာ ရေကူးဝတ်စုံ ပြာနီဝါနဲ့ ပလပ်စတစ် ဒေါက်ဖိနပ် စီးပြီး ဓတ်ပုံ အရိုက်ခံနေတာက ဩဂုတ်လ၂၄ ရက်နေ့မှာဖြန့်ချီမဲ့သူမရဲ့ အယ်လ်ဘမ် အသစ် Teenage Dreams အယ်လ်ဘမ် အဖုံးအတွက် လို့သိရပါတယ်။

အသက်၂၅နှစ် အရွယ် ကေတီဟာ ဗြိတိန်ရဲ့ နာမည်ကြီး ဟာသပညာရှင် နဲ့တယ်လီဗီးရှင်း အစီစဉ်တင်ဆက်သူ ရပ်ဆဲလ် ဘရမ်း Russell Brand နဲ့ စေ့စပ်ထားပြီး မကြာခင်မှာလက်ထက်တော့မှာဖြစ်ပါတယ်။ အောက်ဖေါ်ပြပါများကတော့ သူမရဲ့ ဖျော်ဖြည်မှုသက်တမ်းတစ်လျှောက် ဝတ်ဆင်ခဲ့တဲ့ အထူးအဆန်း ဝတ်စုံတစ်ချို့ပါ။

 

ဘရက်ပစ်ရဲ့ကိုယ်ပွား

အင်ဂျလီးနားဂျိုလီ (Angelina Jolie) ဟာသူမရဲ့ ရုပ်ရှင်ဇတ်ကားသစ် အကြိုမြှင့်တင်ရေး ပွဲအတွက် မနေ့က တိုကျိုလေဆိပ်ကို ခလေး များနဲ့အတူရောက်ရှိလာပါတယ်။ လူမျိုးကွဲ အသားရောင်စုံခလေးများနဲ့ ဂျိုလီရဲ့မိသားစုကို မီဒီယာတွေကရိမ်းဘိုးမိသားစု (Rainbow family)လို့တင်စားလေ့ရှိကြပါတယ်။

ဘရက်ပစ် (Brad Pitt) နဲ့ သူမကမွေးဖွားတဲ့ လေးနှစ် သမီးလေး ရှီလော နိုဗယ်လ် (Shiloh Nouvel) ဟာအဖေဖြစ်သူ ဘရက်ပစ်နဲ့ခွဲမရအောင်တူတာတွေ့ရပါတယ်။ အဖေနဲ့တူရုံတင်မက ရှီလောလေးဟာ ယောက်ျား လေးလိုပါနေချင်သူဖြစ်တယ်လို့ မိဘတွေကဆိုပါတယ်။ ဂျိုလီက အဝတ်အစား ဝတ်ဆင် ပေးတဲ့အခါမှာလဲ ရှီလောက သူမအကိုတွေလို ဝတ်ချင်ကြောင်းပူဆာလေ့ရှိ ပြီး ခလေးရုပ်ရှင်ကားတွေထဲက သရုပ်ဆောင်မင်းသားတွေကိုအတုယူပြီး လိုက်လုပ်လေ့ရှိတယ်လို့ဂျိုလီကပြောပါတယ်။ ပုံထဲမှာလဲ အမဖြစ်သူ ငါးနှစ်အရွယ် ဇာဟာရက မိန်းခလေးဆန်ဆန် အဝါရောင် ဆွယ်တာနဲ့ဘလောက်စ် အဖြူလေးဝတ်ထားပေမဲ့ ရှီလောလေးကတော့ အကိုတွေနဲ့အပြိုင် စပို့ရှပ်၊ဘောင်းဘီရှည်နဲ့ ထရိမ်နာစီး ထားတာတွေ့ရပါတယ်။ ဘရက်ပစ်နဲ့ နှစ်နှစ် အရွယ် အမွှာခလေးနှစ်ယောက် အတူပါလာတာမတွေ့ရတဲ့အတွက် ခလေးနှစ်ယောက်ကိုထိန်းရင်းအမေရိကားမှာကျန်ခဲ့တယ်လို့ယူဆရပါတယ်။

Tom Cruise နဲ့ Cameron Diaz တို့ရဲ့ ရုပ်ရှင်ကားသစ်

Tom Cruise နဲ့ Cameron Diaz တို့ပါဝင်တဲ့ Knight and Day ဆိုတဲ့ ရုပ်ရှင်ကားသစ် အတွက် Premier ပွဲ ကို ကျင်းပနေကျ လန်ဒန်မြို့ ရဲ့ မြို့လယ် Leicester Square မှာ ၂၂ရက်နေ့ညကကျင်းပခဲ့ပါတယ်။

လန်ဒန်မြို့ရဲ့ အပူချိန် က ၂၄ ကနေ၂၇ ဒီဂရီစင်တီဂရိတ်ထိရှိ ပြီးပူပြင်းလှတဲ့အတွက် သရုပ်ဆောင်တွေမှာ ခါတိုင်းလို ပွဲတက်အဝတ်အစား ဂါဝန်ရှည် နဲ့အနောက်တိုင်း suit ၊နက်ကတိုင် တွေ ဂျက်ကက် တွေမဝတ်ဆင်နိုင်ခဲ့ကြပါဘူး၊ခရုစ် (Tom Cruise) ကရိုးရိုး ဒီနင်မ် ရှပ်နဲ့ ကမရွန်းဒီရဇ် (Cameron Diaz ) ကလဲ ဘလောက်စ်အတို၊ ဆံပင်ကို ဆံထုံးမထုံးပဲ ပိုနီတေးလ်စည်းပြီးပဲရောက်လာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ ကမရွန်းဒီရဇ် က မြို့သေးလေးက သာမန်အမျိုးသမီး တစ်ယောက် လေယဉ်စီးပြီးသူ့မြို့ကိုပြန် အလာမှာ လျှို့ဝှက်ဆန်းကျယ်တဲ့ ခရုစ် နဲ့တွေ့၊ လေယဉ်ပေါ်မှာ လူသတ်မှုတွေဖြစ်တာနဲ့အစချီထားပါတယ်။ ရုပ်ရှင်ကား က ဟာသနဲ့ အက်ရှင်ဇာတ်မြူးဖြစ်ပြီး အင်္ဂလန်မှာ ဩဂုတ်လ ၆ ရက်နေ့ကစပြီး ရုံတင်ပြသမှာဖြစ်ပါတယ်။

ပရိတ်သတ်များနဲ့ အတူတပျော်တပါး ဓတ်ပုံ အရိုက်ခံနေတဲ့ ခရုစ်နဲ့ဒီရဇ်

£7200 တန်ကားရေဆေးခ

ဗြိတိန်ရဲ့ဈေးအကြီးဆုံး ကားသန့်ရှင်းရေးဝန်ဆောင်မှုပါ၊ ကားရေတစ်ခါဆေးရင် ပေါင်စတာလင် ၇၂၀၀ ယူပါတယ်၊ ဒီဝန်ဆောင်မှုကို အင်္ဂလန်အလယ်ပိုင်းဒါဘီပြည်နယ် (Derbyshire) က စာရင်းကိုင် ဒီဂရီနဲ့ကျောင်းပြီးခဲ့တဲ့ Sahota လို့အမည်ရတဲ့ လူငယ်ကလွန်ခဲ့တဲ့ ၅နှစ်ကစတင်ခဲ့တာပါ။ ကားတစ်စီးကို နာရီပေါင်း၂၄၀ ကြာအောင်အချိန်ယူပြီး၊ ရေဆေးတာအပြင် အတွင်းခန်းအပြင်ခန်း သန့်ရှင်းရေးနဲ့ အရောင်တောက်အောင် polish တင်ပေးတဲ့ဝန်ဆောင်မှုတွေပါ ပါဝင်ပါတယ်။

ကားဘော်ဒီကအစင်းရာ အခြစ်ရာတွေကို စစ်ဆေးရာမှာလဲ ရဲတွေအသုံးပြုတဲ့တန်ဖိုးကြီး မိုင်ခရိုစကုပ်ကိုသုံးပြီး သာမန်ထက်ပိုတဲ့ဆပ်ပြာရည်ပေါင်းမျိုးဆုံနဲ့ အကောင်းစား ဖော့တုံးနဲ့ အဝတ်စတွေကိုအသုံးပြုတယ်လို့ Sahota ကပြောပါတယ်။ Elite Detailing လို့အမည်ပေးထားတဲ့ ဒီဝန်ဆောင်မှုကို အသုံးပြုတဲ့လူများစုကတော့ နာမည်ကျော်အနုပညာရှင်များ၊ဘောလုံးသမားများနဲ့ လူချမ်းသာများဖြစ်ပြီး သူတို့ရဲ့ကားတွေဟာလဲ ပေါင်စတာလင် သုံးလေးငါး သိန်းတန်တဲ့ Rolls Royces, Ferraris, MclarenF1, Lamborghinis, Le Mans-winning တို့လိုကားတွေ အများဆုံးဖြစ်ပါတယ်။

 

လင်ဆေးလိုဟန်နှင့် သူ့ပရိတ်သတ်

တရားရုံးအဝင် ပိရိတ်သတ်ကရွှေမှုံများကျဲ၍ကြိုဆို

လင်ဆေးလိုဟန်(Lindsay Lohan)  ကိုဘီဗာလီဟေးလ် တရားရုံးက ဂျူလိုင် ၇ရက်နေ့ မှာထောင်ဒဏ် ရက်၉၀ ချမှတ်လိုက်တဲ့သတင်း ဟာ ပရိတ်သတ် လူကြီး လူငယ်တွေကြား မှာဝေဖန်မှုတွေဖြစ်ခဲ့ပါတယ်။ လင်းဆေး မတိုင်ခင် နာမည်ကြီးပဲရစ်စ်ဟေလ်တန်တို့ နီကိုးလ်ရစ်ချီ တို့လဲ အရက်သေစာသောက်စားပြီးကားမောင်းမှုနဲ့ထောင်ကျခဲ့ ဘူးပါတယ်၊ ဒါပေမဲ့သူတို့ ဟာလင်းဆေးလောက် လူကြီးလူငယ် ပိရိတ်သတ်ရဲ့အားပေးမှုမခံရတဲ့အတွက်ပြောဆိုဝေဖန်ခြင်း သိပ်မရှိ ခဲ့ကြပါဘူး၊ ၂၀၀၇ မှာ အရက်မူးပြီးကားတိုက်မှုနှစ်ကြိမ်ဖြစ်ခဲ့တဲ့ နောက်ပိုင်းလင်ဆေးဟာခံဝန်ချက်နဲ့ နေခဲ့ရတာပါ။ ယခုထောင်ကျခြင်းဟာအဲဒီခံဝန်ချက် ရဲ့စည်းကမ်းတွေကိုဖောက်ဖျက်ခြင်းကြောင့် လို့ ဆိုပါတယ်။ လင်းဆေးဟာ ငယ်စဉ်ခလေးဘဝထဲက ချစ်စရာရုပ်ရည်လေးနဲ့လူအများချစ်ခင်ခြင်းကိုခံရသူတစ်ယောက်ပါ၊ ဖခင်လုပ်သူဆေးသမားနဲ့မိခင် ဖြစ်သူ နာမည် မကျော်တဲ့ အဆို၊အကမယ် တို့အောက်မှာကြီးပြင်းလာခဲ့ပြီး မပြည့်စုံခဲ့ပါဘူး၊ အဲဒါကြောင့် မိခင်လုပ်သူက သူမ ရဲ့ ချစ်စရာရုပ်လေးကိုအသုံးချပြီုး ငယ်ငယ်ထဲက ခလေး တယ်လီဗီးရှင်းအစီစဉ်တွေနဲ့ ကြော်ငြာတွေမှာ ပါဝင်စေခဲ့ပါတယ်။ ကျောင်းခဏ ခဏပျက်ပြီးအတန်းပညာကောင်းကောင်းမသင်နိုင်တဲ့အပြင် မိဘနှစ်ပါးရဲ့ကွဲလိုက်ပြန်ပေါင်းလိုက် အရှုပ်တွေထဲမှာ အရွယ်ရောက်ပြီးအောင်ပြီမြင်လာခဲ့ပေမဲ့ သူမကိုထိန်းကွပ်မဲ့သူမရှိပဲ အရက်စွဲလာခဲ့ရပါတယ်။

တရားရုံးထဲမှာရှေ့နေနှင့်အတူ

တစ်ကယ်တော့ လင်းဆေးဟာ အရက်ပြတ် ဖို့ကြိုးစားပြီးနေခဲ့ပါတယ်၊၊ခံဝန်ချက်ကာလအတွင်းမှာလဲ လူမှုရေးအလုပ်တွေလုပ် အရက်ဖြတ်တဲ့ဝန်ဆောင်မှုတွေဆီအပတ်စဉ်သွားနဲ့ သူမကိုယ်သူမတတ်နိုင်သမျှအားထုတ်ခဲ့ပေမဲ့ ဂျွန်လထဲမှာတရားရုံးကချမှတ်ထားတဲ့ ရက်ချိန်းကိုပျက်ကွက်တာရော အရက်သေစာ သုံးတယ်ဆိုတဲ့အထောက်ထားတွေရောတွေ့ရှိတဲ့အတွက် တရားရုံးကစွဲချက်တင်အမှုစစ်ပြီးထောင်ချခဲ့တာပါ။ သူ့ကိုစီရင်ချက်ချတဲ့နေ့မှာသူ့ကိုချစ်တဲ့ ပိရိတ်သတ်တွေကတရားရုံးရှေ့မှာ ဆိုင်းဘုတ်တွေထောင်ပြီး သူ့ကိုလွှတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ မီဒီယာတွေထဲမှာလဲ လူထုက အော်ကြပါတယ်၊ အရက်သေစာသုံးစွဲမှုဟာ ထောင်ချလောက်တဲ့အထိကြီးမားတဲ့ ရာဇဝတ်မှုမဟုတ်ကြောင်းနဲ့ ဒီလိုဖြစ်ရတာဟာလဲသူ့မိဘတွေရဲ့အပြစ်ဆိုပြီးရေးသားကြပါတယ်။ ဗြိတိန်က နာမည်ကျော် အဆိုတော် အေမီဝိုင်းဟောက်စ် ကလဲမီဒီယာတွေကို ဒါဟာမတရားကြောင်းပြောပြီး မျက်ရည်ကျခဲ့ပါတယ်။ဖေါ်ပြပါပုံများကတော့ သူမရဲ့ထောင်ထဲမဝင်ခင်နောက်ဆုံးရက်က တရားရုံးကိုရောက်လာပြီး အဲဒီကနေတိုက်ရိုက် ထောင်ထဲကိုခေါ်ဆောင်သွားတဲ့ ပုံများဖြစ်ပါတယ်။

အကျဉ်းထောင်သို့အသွား

လင်းဆေးရဲ့ချစ် ရိတ်သတ်များ

ကမ္ဘာ့ဖလားအပြီး

ကမ္ဘာ့ဖလားအပြီး သူတို့ရဲ့မိသားစုများ ၊မဟေသီများနဲ့ ဟောလီးဒေး အပန်းဖြေထွက်နေကြတဲ့ ဘောလုံးသမားများပါ၊ အားလုံးထဲမှာ  အကဲဆုံးပုံပေါက်နေတာကတော့ အရှလီကိုးလ်ပါပဲ၊ သူ့ရဲ့ရှုပ်ပွေမှုကြောင့် ကမ္ဘာ့ဖလားမတိုင်ခင်မှာထဲက သူ့မဟေသီ x-factor judge တစ်ဦးဖြစ်သူ Cheryl Cole ရဲ့တရားရုံးတင်လျှောက်ထားတဲ့ ကွာရှင်းခွင့်ကမကြာခင်မှာ အတည်ဖြစ်တော့မှာဖြစ်လို့ လွတ်လပ်ရေးရပြီဆိုပြီး နယူးယောက်မှာ မချောနှစ်ယောက်နဲ့ကဲနေပုံရပါတယ်။

 

ဒီနှစ်မှာစတားဖြစ်ခဲ့တဲ့စပိန် ဂိုးသမား အိုင်ကာ(Iker Casillas) နဲ့ချစ်သူ ချောလေး တယ်လီဗီးရှင်းအစီစင်တင်ဆက်သူ ဆာရာ (Sara Carbonera) တို့ကတော့ သူတို့ရဲ့နေရပ်မှာပဲ အနားယူခဲ့ပါတယ်၊ ပုံထဲမှာ အိမ်နေရင်းအဝတ်စားနဲ့ပဲ ညနေစာထွက်စားဖို့ ထွက်လာတဲ့အိုင်ကာကက်စီးလပ် ပါ။

 

အင်္ဂလန်ကပ္ပတိန် စတီဗင် (Steven Gerrard) နဲ့ သူ့မဟေသီ မော်ဒယ်လ် အဲလက် (Alex Curran) တို့မိုင်ယာမီကို အပန်းဖြေဖို့ ရောက်ရှိလာတဲ့ ပထမဆုံး နေ့ပါ၊ ဓာတ်ပုံသမားတွေရန်ကြောက်လို့ သုတ်သုတ် လေးပြေးနေပုံပါ။

 

ဖရန့်လန်းပါတ် (Frank Lampard) နဲ့ သူ့ချစ်သူ ဘီဘီစီရဲ့ တယ်လီဗီးရှင်းအစီစင်တင်ဆက်သူ ခရစတင်း(Christine Bleakley) တို့လဲ မြေထဲပင်လယ်ထဲက ဆာဒီးနီးယား (sardinia) ကျွန်းလေးမှာ အပန်းဖြေအနားယူနေကြပါတယ်။

 

စပိန်အသင်းက တောရပ်စ် (Fernando Torres) နဲ့ ကိုယ်ဝန်လွယ်ထားတဲ့ သူ့မဟေသီ ကတော့ သူတို့ရဲ့ကိုယ်ပိုင်ဂျက်လေယဉ်နဲ့ စပိန်ကနေ ထွက်ခွါခါနီးအချိန်ပါ။

 

အပျော်ဆုံးသူနှစ်ဦးကတော့ ဂျွန်တယ်ရီ (June Terry) နဲ့ ရိုနီ (Wayne Rooney)တို့ ပဲဖြစ်ပါတယ်၊ ဂျွန်တယ်ရီ ကမိသားစုနဲ့ဖလောရီဒါ ကစားကွင်းမှာ ခလေးနှစ်ယောက်နဲ့ပျော်ရွှင်နေသလို ရိုနီကလဲ ရှစ်လသား လေး ကိုင်း(Kai) လို့အမည်ပေးထားတဲ့သူ့သားလေးနဲ့ ကရစ်ဘီယံ ကျွန်းမှာ အနားယူနေပါတယ်။

Martyrs' day အတွေးများ

Photo: google image


အာဇာနည်နေ့ကို ရောက်တိုင်း ကျမ တမ်းတ မိတာကတော့ ဗိုလ်အောင်ဆန်းသာရှိခဲ့လျှင် ဆိုတဲ့အတွေးများပါပဲ၊ သူနေခဲ့ရတဲ့ သူ့ဘဝ သက်တမ်းတိုလေးအတွင်းမှာ လုပ်ဆောင်နိုင်ခဲ့တာတွေက အများကြီးပါပဲ၊ ဒီအထဲက အအောင်မြင်ခဲ့ဆုံး တစ်ခုကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလို့ယူဆရပါမယ်။ အင်္ဂလိပ် အစိုးရကိုတော်လှန်ဖို့ ဗမာ့တပ်မတော်ကိုဖွဲ့စည်းခဲ့စဉ်က ကချင်၊ကရင်နဲ့ အခြားတိုင်းရင်းသားတွေအများကြီး ပါဝင်ရအောင်သူစည်းရုံး နိုင်ခဲ့ပါတယ်၊ ကရင် လူမျိုးများဟာလေးပုံတစ်ပုံလောက်ထိကို တပ်မတော်ထဲမှာရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီလို သူဘာလို့စည်းရုံးခဲ့ရတာလဲဆိဲု့တာ ကျောင်းသားဘဝ သခင်ကာလလှုပ်ရှားမှု ထဲကသူဟာနိုင်ငံရေး ကျွမ်းကျင်သူဖြစ်လို့ ပါပဲ၊ အပြင်ရန်ကို ကာကွယ်ဖို့က ကိုယ့်အချင်းချင်း ညီညွတ်ရမယ်ဆိုတဲ့ သာဓကအတိုင်းလုပ်ဆောင်ခဲ့တာပါ၊ ဗြိတိန်နိုင်ငံ နဲ့ယှဉ်ပြောရလျင် ယူနိုက်တက်ကင်းဒမ်း (United Kingdom) ဖြစ်လာဖို့ဆိုတာ ဒီလိုပဲရာစုနှစ်ပေါင်းစွာ ရင်းလာခဲ့ရတာပါ၊ စကော့တလန်ကိုရဖို့နှစ်ပေါင်းများစွာကြိုးပမ်းခဲ့ရတယ်၊ ဘုရင်အဒ်ဝပ်(I)လက်ထက်မှာ ခဏပဲအုပ်ချုပ်နိုင်ခဲ့ပြီး မရတဲ့အဆုံး၊ အပြင်ရန်သူ ပြင်သစ်နဲ့ စပိန်ကို တိုက်ဖို့အကြောင်းဖန်လာတဲ့ ၁၄ရာစုနှောင်းပိုင်း မှာတော့ အင်္ဂလိပ်က စကော့တစ်ရှ် နဲ့ညှိနှိုင်းပြီးပူးပေါင်းခဲ့တာပါ၊ အဲဒီနောက် ဂရိတ်ဗြိတိန်ဆိုတာ ဖြစ်လာပြီး ၁၆ရာစုကနေ ၁၉ရာစုအထိ သူတို့ရဲ့အင်ပါယာကြီးကိုအာရှနဲ့အမေရိက တွေထိချဲ့နိုင်ခဲ့တာပါပဲ။ စကော့တလန်ကိုတိုက်ဖို့ ဝေလပြည်နယ် ကပါခဲ့ရသလို အိုင်ရလန်ကို တိုက်ဖို့မှာလဲ စကော့တလန်ကပါဝင်ခဲ့ရပါတယ်၊ ဒါပေမဲ့ ၁၂ရာစု နောင်းပိုင်းထဲ ကအင်္ဂလိပ်လက်အောက်ရောက်ခဲ့တဲ့ ဝေလပြည်နယ်လေးဟာ ယခုချိန်ထိ သူ့ယဉ်ကျေးမှုနဲ့ သူ့ဘာသာစကားနဲ့သူ့ကိုပိုင်ပါလီမန်နဲ့ပါ၊ အင်္ဂလိပ်နဲ့အားလုံးပေါင်းပြီး ယူနိုက်တက်ကင်းဒမ်းဖြစ်လာပေမဲ့ စကော့တလန်ကလဲ သူ့လော (Law) နဲ့သူ၊ အိုင်ရလန်ကလဲသူ့ပါလီမန်နဲ့သူ့လော (Law) နဲ့ပါပဲ။ အားလုံးဟာ ယူနိုက်တက်ကင်းဒမ် (United Kingdom) ဆိုတဲ့ဖွဲ့စည်းမှုအောက်မှာ ဆိုပေမဲ့ သူ့ဆိုင်ရာနယ်မြေတွေမှာ သူတို့ကိုယ်ပိုင်လော (Law) တွေနဲ့ပဲအုပ်ချုပ်တာပါ။ အင်္ဂလိပ်ပါလီမန်က သွားစွက်ခွင့်မရှိပါဘူး။

တကယ်လို့ ဗိုလ်အောင်ဆန်းသာရှိခဲ့မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေဟာ ဒီလိုပဲဖြစ်လာမယ် လို့ ယူဆရပါတယ်၊ မျိုးချစ်စိတ်ရှိတဲ့သူ တိုင်းဟာ ကိုယ့်တိုင်းပြည်ကိုယ်တိုးတက်စေချင်ကြတယ်၊ သူများတိုင်းပြည်တွေထက်သာစေချင်ကြတယ်၊ ဒီလိုစိတ်ဓါတ်တွေက ခေါင်းဆောင်တွေတော်တော်များများမှာ ရှိကြပါတယ်။ ဒါပေမဲ့နိုင်ငံ့ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်ဖို့က မျိုးချစ်စိတ်တင်မက လူမှုရေး၊စီးပွါးရေး စစ်ရေး၊ အားလုံးမှာ ကျွမ်းကျင်ပါးနပ်စွာနဲ့စီမံခန့်ခွဲနိုင်မှ လူမျိုးရေးအရှုပ်အထွေးတွေနဲ့ စီးပွါးရေး  ကျပ်တည်းမှု တိုးတက်မှုတွေ ကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ သူ ကျဆုံးပြီးနောက်ပိုင်း လွပ်လပ်ရေးရခါစမြန်မာပြည်ဟာ ခါးပြတ်သွားသလိုဖြစ်ပြီး ဦးနုရဲ့လက်ထက်မှာမငြိမ်သက်မှုတွေဖြစ်လာတယ် ဒါကိုဗိုလ်နေဝင်းလက်ထက်ကြတော့ လက်နက်အားကိုးနဲ့တစ်မျိုး၊ တစ်ခြားသောနည်းလမ်းမကျတာတွေနဲ့တစ်ဖုံဖြေရှင်းခဲ့တယ်၊ သူ့လက်ထက်မှာ တိုင်းပြည်ဟာငြိမ်သက်တယ်လို့ ထင်ရပေမဲ့ အင်္ဂလိပ် နဲ့စကော့တစ်ရှ် တို့လိုအတူ တစ်ကွပူးပေါင်းဆောင်ရွက်ခြင်းဆိုတာမျိုးဖြစ်မလာခဲ့ပါဘူး။ ပြည်တွင်းရေးငြိမ်သက်ပြီး ဗြိတိန်ရယ်လို့ဖြစ်လာပြီးနောက်ပိုင်း ဗြစ်တစ်ရှ် တွေရဲ့စနစ်တစ်ကျ စီးပွါးရေးထိုးဖေါက်နိုင်မှု တွေကို ဥရောပက လိုက်မမှီခဲ့ပါဘူး။ မြေပိုင်ရှင်စနစ်ကစလို့ ကျွန်ပိုင်ရှင်စနစ်၊ ကိုယ်လိုနီစနစ် နဲ့ယခုခေတ်ရဲ့အရင်းရှင်ငွေကြေးစနစ် အားလုံးကို သူတို့ကပဲဦးဆောင်ခဲ့တာပါ။ ဒါတွေဟာသူတို့ရဲ့ စည်းလုံးမှုဟာ အင်အားဖြစ် လာတယ်ဆိုတာကိုသက်သေပြခဲ့တာပါပဲ။

ဗိုလ်နေဝင်းတို့ရဲ့နည်းမကျတဲ့ ဖြေရှင်းမှု တွေ ဟာတိုင်းရင်းသားတွေရဲ့ရင်ထဲကို တပ်မတော်ဆိုတာ ကျီးအာသီး လို့မြင် စေခဲ့တယ် ယခုလက်ရှိအစိုးရလက်ထက်ကြတော့ အဲဒီအမြင်ကို တိုင်းရင်းသားတွေတင်မက ဗမာလူမျိုးတွေကပါမြင်လာကြပါပြီး။ ဗိုလ်အောင်ဆန်းသာရှိခဲ့မယ်ဆိုရင် သူစတင်ခဲ့တဲ့ သူ့တပ်မတော်ကို ဒီလိုအဖြစ်ခံမှာမဟုတ်ဘူးလို့ ကျမယုံကြည်တယ်၊ နိုင်ငံရေးသိပ္ပံ နဲ့ အင်္ဂလိပ်စာပေဘာသာရပ်တွေ သင်ကြားခဲ့ပြီးအချိန်တိုတိုအတွင်းမှာ သူ့ရည်မှန်းချက်တွေကိုအကောင်ထည်ဖော်နိုင်ခဲ့တဲ့ ဗိုလ်အောင်ဆန်း မှာဒီထက်ကောင်း တဲ့ အမြင်နဲ့ အကြံ ညဏ်တွေ ရှိနိုင်ပြီးပြည်တွင်းရေးငြိမ်သက်အောင်လဲ အကောင်ဆုံးနည်းလမ်းတွေနဲ့ဖြေရှင်းနိုင်မယ်လို့ယူဆမိပါတယ်။ သူဖွဲ့စည်းခဲ့တဲ့ ကျဆုံးသွားတဲ့အာဇာနည်ခေါင်းဆောင် ကြီးများပါဝင်တဲ့ ဝန်ကြီးအဖွဲ့ ကိုကြည့်ခြင်းအားဖြင့်သူဟာပူးပေါင်းရေး ကိုလိုလားသူတစ်ယောက်ဆိုတာသိသာပါတယ်။

ဒါပေမဲ့အခုတော့ ဗြိတိန်ကျွန်းထက်နှစ်ဆကြီးပြီး သဘာဝ ကုန်ကြမ်းတွေရော သံယာဇာတတွေပါပေါကြွယ်ဝတဲ့ ကျမတို့နိုင်ငံဟာ ဂျပန်၊ကိုရီးယားလို စက်မှုလက်မှုလဲမထွန်းကားနိုင်၊ အိန္ဒိယလိုလဲ စားသောက်ကုန်မထုပ်နိုင် ဘင်္ဂလာဒေ့ရှ်လိုအဝတ်အထည်လဲမတင်ပို့နိုင်နဲ့ နောက်ဆုံးတော့ ပေါချောင်ကောင်းတွေထုပ်လုပ်တဲ့ ခေတ်သစ်ကိုလိုနီ တရုပ်ရဲ့ လက်ထဲမကြာခင် ရောက်မဲ့ကိန်းဆိုက်နေပါပြီ။ အထင်အမြင်မှားပြီးလုပ်ကြံခဲ့တဲ့ဦးစောကိုပဲ အပြစ်တင်ရမလား၊ နောက်ကွယ်ကသွေးထိုးပေးတဲ့အင်္ဂလိပ်အစိုးရကိုလား၊ ခေါင်းဆောင်ကောင်းတွေမပေါ်လာနိုင်တာကိုလား၊ ဘယ်လိုပဲ ပြောပြော ကျမမြင်ယောင်နေမိတာကတော့ အခုချိန် ဗိုလ်အောင်ဆန်းသာရှိခဲ့မယ်ဆိုရင် ပြည်တွင်းရေးအရှုပ်အရှင်းတွေဟာ အခုလိုနှစ်ပေါင်း၆၀ကျော်အထိ ရှိမနေနိုင်ပဲ၊
ယခုခေတ် မြန်မာနိုင်ငံဟာလဲ   ကိုးရီးယားတို့ဂျပန်တို့နဲ့ယှဉ်ပြီး ခေတ်မှီတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်ကောင်းဖြစ်နေ နေနိုင်မယ်  ဒါမှမဟုတ် ဘင်္ဂလာဒေ့ရှ်တို့ ပါကစ္စတန်တို့လို လူဦးရေပြည့်လျှံ နေတဲ့နိုင်ငံတွေကို အဝတ်အထည်နဲ့ ကုန်စည် တင်သွင်းမှုတွေလုပ်နေကောင်းနေမယ်၊ စင်္ကာပူလိုလက်သန်းလောက်ရှိတဲ့နိုင်ငံကလဲ အကူအညီရချင်လို့မြန်မာ ကိုမော်ကြည့် ကောင်းကြည့် နေလိမ့် မယ်   ၊ အိန္ဒိယ ဘင်္ဂလာနဲ့တရုပ် လူမျိုးတွေ လဲယခင်ခေတ်ကလို နေထိုင်ခွင့်တွေတောင်းပြီး မြန်မာပြည်မှာအလုပ်လာ လုပ်ကောင်းလုပ်နေကြမှာပဲ   ဆိုတဲ့အတွေးများနဲ့ ကျဆုံးသွားတဲ့အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ ဗိုလ်အောင်ဆန်းကိုသတိရနေမိပါတော့တယ်။

Victoria Beckham's hair styles

ဗစ်တိုးရီးယား ရဲ့ငယ်စဉ်ကစလို့ အချိန်နဲ့အမျှပြောင်းလဲလာတဲ့ ဆံပုံစံလေး တွေကိုစုစည်းတင်ပြလိုက်ပါတယ်၊ သူမ ရဲ့ပင်ကိုယ် ဆံပင် အရောင်ကတော့ နီညိုရောင်ဖြစ် ပါတယ်။

photo from rex pixer

Syndicate content