ဆောင်းပါးတွေ သတင်းတွေ တင်ချင်ရင် Author account ကို ရယူနိုင်ပါတယ်။ Admin အဖွဲ့ ကို ဆက်သွယ်ပါ။
Please contact us if you want to publish a news article.

ကမ္ဘာ့ဖလားအပြီး သူတို့ရဲ့မိသားစုများ ၊မဟေသီများနဲ့ ဟောလီးဒေး အပန်းဖြေထွက်နေကြတဲ့ ဘောလုံးသမားများပါ၊ အားလုံးထဲမှာ အကဲဆုံးပုံပေါက်နေတာကတော့ အရှလီကိုးလ်ပါပဲ၊ သူ့ရဲ့ရှုပ်ပွေမှုကြောင့် ကမ္ဘာ့ဖလားမတိုင်ခင်မှာထဲက သူ့မဟေသီ x-factor judge တစ်ဦးဖြစ်သူ Cheryl Cole ရဲ့တရားရုံးတင်လျှောက်ထားတဲ့ ကွာရှင်းခွင့်ကမကြာခင်မှာ အတည်ဖြစ်တော့မှာဖြစ်လို့ လွတ်လပ်ရေးရပြီဆိုပြီး နယူးယောက်မှာ မချောနှစ်ယောက်နဲ့ကဲနေပုံရပါတယ်။

ဒီနှစ်မှာစတားဖြစ်ခဲ့တဲ့စပိန် ဂိုးသမား အိုင်ကာ(Iker Casillas) နဲ့ချစ်သူ ချောလေး တယ်လီဗီးရှင်းအစီစင်တင်ဆက်သူ ဆာရာ (Sara Carbonera) တို့ကတော့ သူတို့ရဲ့နေရပ်မှာပဲ အနားယူခဲ့ပါတယ်၊ ပုံထဲမှာ အိမ်နေရင်းအဝတ်စားနဲ့ပဲ ညနေစာထွက်စားဖို့ ထွက်လာတဲ့အိုင်ကာကက်စီးလပ် ပါ။

အင်္ဂလန်ကပ္ပတိန် စတီဗင် (Steven Gerrard) နဲ့ သူ့မဟေသီ မော်ဒယ်လ် အဲလက် (Alex Curran) တို့မိုင်ယာမီကို အပန်းဖြေဖို့ ရောက်ရှိလာတဲ့ ပထမဆုံး နေ့ပါ၊ ဓာတ်ပုံသမားတွေရန်ကြောက်လို့ သုတ်သုတ် လေးပြေးနေပုံပါ။

ဖရန့်လန်းပါတ် (Frank Lampard) နဲ့ သူ့ချစ်သူ ဘီဘီစီရဲ့ တယ်လီဗီးရှင်းအစီစင်တင်ဆက်သူ ခရစတင်း(Christine Bleakley) တို့လဲ မြေထဲပင်လယ်ထဲက ဆာဒီးနီးယား (sardinia) ကျွန်းလေးမှာ အပန်းဖြေအနားယူနေကြပါတယ်။


စပိန်အသင်းက တောရပ်စ် (Fernando Torres) နဲ့ ကိုယ်ဝန်လွယ်ထားတဲ့ သူ့မဟေသီ ကတော့ သူတို့ရဲ့ကိုယ်ပိုင်ဂျက်လေယဉ်နဲ့ စပိန်ကနေ ထွက်ခွါခါနီးအချိန်ပါ။

အပျော်ဆုံးသူနှစ်ဦးကတော့ ဂျွန်တယ်ရီ (June Terry) နဲ့ ရိုနီ (Wayne Rooney)တို့ ပဲဖြစ်ပါတယ်၊ ဂျွန်တယ်ရီ ကမိသားစုနဲ့ဖလောရီဒါ ကစားကွင်းမှာ ခလေးနှစ်ယောက်နဲ့ပျော်ရွှင်နေသလို ရိုနီကလဲ ရှစ်လသား လေး ကိုင်း(Kai) လို့အမည်ပေးထားတဲ့သူ့သားလေးနဲ့ ကရစ်ဘီယံ ကျွန်းမှာ အနားယူနေပါတယ်။