ဆောင်းပါးတွေ သတင်းတွေ တင်ချင်ရင် Author account ကို ရယူနိုင်ပါတယ်။ Admin အဖွဲ့ ကို ဆက်သွယ်ပါ။
Please contact us if you want to publish a news article.

တရားရုံးအဝင် ပိရိတ်သတ်ကရွှေမှုံများကျဲ၍ကြိုဆို
လင်ဆေးလိုဟန်(Lindsay Lohan) ကိုဘီဗာလီဟေးလ် တရားရုံးက ဂျူလိုင် ၇ရက်နေ့ မှာထောင်ဒဏ် ရက်၉၀ ချမှတ်လိုက်တဲ့သတင်း ဟာ ပရိတ်သတ် လူကြီး လူငယ်တွေကြား မှာဝေဖန်မှုတွေဖြစ်ခဲ့ပါတယ်။ လင်းဆေး မတိုင်ခင် နာမည်ကြီးပဲရစ်စ်ဟေလ်တန်တို့ နီကိုးလ်ရစ်ချီ တို့လဲ အရက်သေစာသောက်စားပြီးကားမောင်းမှုနဲ့ထောင်ကျခဲ့ ဘူးပါတယ်၊ ဒါပေမဲ့သူတို့ ဟာလင်းဆေးလောက် လူကြီးလူငယ် ပိရိတ်သတ်ရဲ့အားပေးမှုမခံရတဲ့အတွက်ပြောဆိုဝေဖန်ခြင်း သိပ်မရှိ ခဲ့ကြပါဘူး၊ ၂၀၀၇ မှာ အရက်မူးပြီးကားတိုက်မှုနှစ်ကြိမ်ဖြစ်ခဲ့တဲ့ နောက်ပိုင်းလင်ဆေးဟာခံဝန်ချက်နဲ့ နေခဲ့ရတာပါ။ ယခုထောင်ကျခြင်းဟာအဲဒီခံဝန်ချက် ရဲ့စည်းကမ်းတွေကိုဖောက်ဖျက်ခြင်းကြောင့် လို့ ဆိုပါတယ်။ လင်းဆေးဟာ ငယ်စဉ်ခလေးဘဝထဲက ချစ်စရာရုပ်ရည်လေးနဲ့လူအများချစ်ခင်ခြင်းကိုခံရသူတစ်ယောက်ပါ၊ ဖခင်လုပ်သူဆေးသမားနဲ့မိခင် ဖြစ်သူ နာမည် မကျော်တဲ့ အဆို၊အကမယ် တို့အောက်မှာကြီးပြင်းလာခဲ့ပြီး မပြည့်စုံခဲ့ပါဘူး၊ အဲဒါကြောင့် မိခင်လုပ်သူက သူမ ရဲ့ ချစ်စရာရုပ်လေးကိုအသုံးချပြီုး ငယ်ငယ်ထဲက ခလေး တယ်လီဗီးရှင်းအစီစဉ်တွေနဲ့ ကြော်ငြာတွေမှာ ပါဝင်စေခဲ့ပါတယ်။ ကျောင်းခဏ ခဏပျက်ပြီးအတန်းပညာကောင်းကောင်းမသင်နိုင်တဲ့အပြင် မိဘနှစ်ပါးရဲ့ကွဲလိုက်ပြန်ပေါင်းလိုက် အရှုပ်တွေထဲမှာ အရွယ်ရောက်ပြီးအောင်ပြီမြင်လာခဲ့ပေမဲ့ သူမကိုထိန်းကွပ်မဲ့သူမရှိပဲ အရက်စွဲလာခဲ့ရပါတယ်။

တရားရုံးထဲမှာရှေ့နေနှင့်အတူ
တစ်ကယ်တော့ လင်းဆေးဟာ အရက်ပြတ် ဖို့ကြိုးစားပြီးနေခဲ့ပါတယ်၊၊ခံဝန်ချက်ကာလအတွင်းမှာလဲ လူမှုရေးအလုပ်တွေလုပ် အရက်ဖြတ်တဲ့ဝန်ဆောင်မှုတွေဆီအပတ်စဉ်သွားနဲ့ သူမကိုယ်သူမတတ်နိုင်သမျှအားထုတ်ခဲ့ပေမဲ့ ဂျွန်လထဲမှာတရားရုံးကချမှတ်ထားတဲ့ ရက်ချိန်းကိုပျက်ကွက်တာရော အရက်သေစာ သုံးတယ်ဆိုတဲ့အထောက်ထားတွေရောတွေ့ရှိတဲ့အတွက် တရားရုံးကစွဲချက်တင်အမှုစစ်ပြီးထောင်ချခဲ့တာပါ။ သူ့ကိုစီရင်ချက်ချတဲ့နေ့မှာသူ့ကိုချစ်တဲ့ ပိရိတ်သတ်တွေကတရားရုံးရှေ့မှာ ဆိုင်းဘုတ်တွေထောင်ပြီး သူ့ကိုလွှတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ မီဒီယာတွေထဲမှာလဲ လူထုက အော်ကြပါတယ်၊ အရက်သေစာသုံးစွဲမှုဟာ ထောင်ချလောက်တဲ့အထိကြီးမားတဲ့ ရာဇဝတ်မှုမဟုတ်ကြောင်းနဲ့ ဒီလိုဖြစ်ရတာဟာလဲသူ့မိဘတွေရဲ့အပြစ်ဆိုပြီးရေးသားကြပါတယ်။ ဗြိတိန်က နာမည်ကျော် အဆိုတော် အေမီဝိုင်းဟောက်စ် ကလဲမီဒီယာတွေကို ဒါဟာမတရားကြောင်းပြောပြီး မျက်ရည်ကျခဲ့ပါတယ်။ဖေါ်ပြပါပုံများကတော့ သူမရဲ့ထောင်ထဲမဝင်ခင်နောက်ဆုံးရက်က တရားရုံးကိုရောက်လာပြီး အဲဒီကနေတိုက်ရိုက် ထောင်ထဲကိုခေါ်ဆောင်သွားတဲ့ ပုံများဖြစ်ပါတယ်။

အကျဉ်းထောင်သို့အသွား

လင်းဆေးရဲ့ချစ် ပရိတ်သတ်များ