ဆောင်းပါးတွေ သတင်းတွေ တင်ချင်ရင် Author account ကို ရယူနိုင်ပါတယ်။ Admin အဖွဲ့ ကို ဆက်သွယ်ပါ။
Please contact us if you want to publish a news article.
ဖုန်းများ၏ ခေါ်ဆိုခနှုန်းထား တစ်မိနစ်လျင် ငွေကျပ် ၅၀သို့ ပြောင်းလဲမြင့်တက် ခဲ့သော်လည်း ကြိုးဖုန်းနှင့် ဆယ်လူလာဖုန်းများ မပါဝင်တော့
၂၀၁၀ ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ မိုဘိုင်းဖုန်းများ၏ ခေါ်ဆိုခ နှုန်းထား တစ်မိနစ်လျင်(မြို့တွင်း၊ နယ်ဝေးမရွေး ငွေကျပ် ၅၀သို့ ပြောင်းလဲမြင့်တက်ခဲ့သော်လည်း ကြိုးဖုန်းနှင့် ဆယ်လူလာဖုန်းများ မပါဝင်တော့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
မူလက ကြိုးဖုန်းနှင့် မိုဘိုင်း ဖုန်းများအားလုံး အထွက်ခေါ်ဆိုခနှုန်းထားများ တစ်ပြေးညီ တိုးမြှင့်မည် ဟုသိရှိရသော်လည်း လက်ရှိတွင်မူ ကြိုးဖုန်းနှင့် ဆယ်လူလာဖုန်းများ၏ ခေါ်ဆိုခနှုန်းထားကို မူလအတိုင်းသာ ထားရှိကြောင်း သိရသည်။
ကြိုးဖုန်းနဲ့ ၀၉ ၉၉ နဲ့ စတဲ့ ဖုန်းတွေက မပြောင်းလဲပါဘူး။ ကျန်တဲ့ဖုန်းတွေ အကုန်လုံးပြောင်းပါတယ်။ ငွေကြိုတင်ပေးချေရတဲ့ ကတ်ဖုန်းတွေကလွဲလို့ ကျန်ဖုန်း တွေ အ၀င်ပေးစရာမလိုပါဘူး]]ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
တစ်မိနစ်လျင် အထွက်ခေါ်ဆိုခနှုန်းထား ငွေကျပ် ၅၀သို့ ပြောင်းလဲမြင့်တက်ခဲ့သည့် ဖုန်း အမျိုးအစားများတွင်GSM WCDMA CDMA 450 MHz (ကမ်းရိုး တန်းဖုန်း ၊ CDMA 800MGz စသည်တို့ ပါဝင်ကြောင်းသိရသည်။ ပြည်တွင်း ဖုန်းခေါ်ခနှုန်းထားများ ပြောင်းလဲသတ်မှတ်မှု ရှိသော်လည်း ပြည်ပဖုန်းခေါ်ဆိုခများကိုမူ မူလ သတ်မှတ်ချက်အတိုင်းပင် ဆက်လက် ကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။
မြို့တွင်းခေါ်ဆိုခ ငွေကျပ် ၅၀သို့ ပြောင်းလဲလိုက်သည့် မိုဘိုင်းဖုန်းများသည် ယခင်ကမြို့တွင်း ခေါ်ဆိုခတစ်မိနစ်လျင် ၂၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခ တစ်မိနစ်လျင် ၃၅ ကျပ်သို့ ကျသင့်သောကြောင့် လက်ရှိတွင် ပျမ်းမျခေါ်ဆိုခ နှုန်းထား တစ်ဆခန့် မြင့်တက်သွားကြောင်း သိရသည်။
Credit to 11 Online Journal