ဆောင်းပါးတွေ သတင်းတွေ တင်ချင်ရင် Author account ကို ရယူနိုင်ပါတယ်။ Admin အဖွဲ့ ကို ဆက်သွယ်ပါ။
Please contact us if you want to publish a news article.
ပြည်ပမှ မော်တော်ဆိုင်ကယ် တင်သွင်းခွင့်အား ၂၀၁၀ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်တင်သွင်းခွင့် ပြုထား
ပြည်ပမှ မော်တော်ဆိုင်ကယ်တင်သွင်းခွင့်အား ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်၍ တင်သွင်းခွင့်ပြုလျက်ရှိကြောင်း နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ သွင်းကုန်လိုင်စင်ဌာနမှ သိရှိရပါသည်။
ယင်းကဲ့သို့ ပြည်ပမှ မော်တော်ဆိုင်ကယ်များအား တင်သွင်းခွင့်လျှောက်ထားရာတွင် တင်သွင်းလိုသူ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပပို့ကုန်ရ၀င်ငွေဖြင့်သာ လျောက်ထားရမည်ဟု အဆိုပါသွင်းကုန်လိုင်စင်ဌာနမှ ထပ်မံသိရသည်။
Credit to 11 online Journal