You are here

Electric နဲ့ Hybrid ကားPorsche Spider 918

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ တစ်နေ့တစ်ခြားများများလာတာ လောင်ဇာဆီတွေအလွန်အမင်းသုံးစွဲတာ ကြောင့်ဆိုတာ ငြင်းလို့မရပါဘူး၊ ဒါကြောင့် စက်မှုထွန်းကားတဲ့နိုင်ငံတွေကလောင်စာဆီသုံးစွဲမှုလျော့နဲစေတဲ့ environmental friendly ကားတွေကို တစ်မျိုးပြီးတစ်မျိုးစမ်းသပ်ထုတ်လုပ်နေကြပါတယ်။ ဟိုင်ဒရိုဂျင် ကား၊ လျှပ်စစ် ကား နဲ့ Hybrid ကားတွေ ကို ကားကုမ္ပဏီပေါင်းစုံက စပြီးဈေးကွက်ထဲမှာမိတ်ဆက်နေကြပါပြီ။ ဒီထဲမှာ နာမည်ကြီးပြိုင်ကားလှလှ လေးများ လဲ တဖြေးဖြေးပါဝင်လာကြပါ တယ်။

Spider 918 လို့ အမည်ရတဲ့Hybrid ကား PORSHE ပြိုင်ကားလေးကို ပြီးခဲ့တဲ့လတွေက ဂျီနီဗာကားပြပွဲမှာပြသခဲ့တာလူကြိုက်များလှပါတယ်။ ပြိုင်ကားတွေထဲမှာ PORSCHE ကဈေးသိပ်မများသလိုပုံစံလဲလှတဲ့အတွက်လူအဝယ်လိုက်ပါတယ်။ ဒီ Spider 918 ကားလေးကိုလျှပ်စစ်တစ်မျိုးထဲ အသုံးပြုလို့ရတဲ့ mode နဲ့ ဓာတ်ဆီနဲ့ တွဲသုံးရတဲ့ mode နှစ်မျိုးနဲ့ တည်ဆောက်ထားပါတယ်။

Electric ပဲသုံးတဲ့ mode နဲ့ သွားရင် ၁၆မိုင်ထိမနားတမ်းသွား ပြီးရင် လျှပ်စစ်ပြန်ဖြည့်ရပါတယ်၊ Hybrid mode နဲ့သွားရင်တော့ တစ်နာရီကို ၁၉၈ မိုင်ထိမောင်းနိုင်ပြီး တစ်ဂါလံကို ၉၈မိုင်အထိသွား နိုင်တယ်လို့ဆိုပါတယ်။တစ်ဂါလံကို၇၂ မိုင်ပဲသွားနိုင်ပြီး ကာဘွန်ဒိုင်အောက်ဆိုဒ်ပိုထုတ်တဲ့ Hybrid ကားToyota Pirus နဲ့စာရင် ဒီကားလေးကပိုပြီး သက်သာတာကိုတွေ့ ရပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဈေးကွက်ထဲကိုဖြန့်ချီမှာ ဖြစ်ပြီး အချိန် ပိုကြာကြာခံသုံးစွဲနိုင်အောင် လျှပ်စစ် သုံးစွဲမှုပါဝါကို မြင့်တင် ဖို့ကြိုးစားနေတယ်လို့သိရှိရပါတယ်။

Posted 29 August, 2010 - 16:35 by ဗလမင်းထင်