စင်ကာပူညနှင့် St James Power Station

စင်ကာပူမှာပဲ အလုပ်လုပ်ကိုင်ရင်းနဲ့ နေထိုင်နေထိုင်၊ အမိမြန်မာပြည်ကနေပဲ အလည်ရောက်ရောက်၊ အနောက်ဥရောပနိုင်ငံတွေကနေပဲ စင်ကာပူကျွန်းလေးပေါ်က သူငယ်ချင်းတွေဆီလာတွေ့တွေ့ နေ့တွေမှာ လည်စရာ များများစားစားကလဲမရှိ။ တစ်ခါ တစ်ခေါက်ရောက်ဖူးပြီးလို့ ထပ်မလည်ချင်လောက်အောင် ငြီးငွေ့နေသူများ ညဘက်တွေမှာ အစားအသောက်အစုံစားရင်း ဈေးဝယ်ထွက် ပိုက်ဆံဖြုန်းရင်းလဲ အချိန်တွေပိုနေသေးလို့ ညဘက်စောစော အိမ်ပြန်မအိပ်ချင်သေးသူများအတွက် ပျော်ပျော်ပါးပါး လည်စရာ တစ်နေရာတော့ ရှိသေးသည်။ U.S မှ အလည်လာရောက်တဲ့ သူငယ်ချင်းမတစ်ယောက်ကတော့ သူမ အတက်ကြွဆုံးနဲ့ မမောနိုင်၊ မပန်းနိုင်၊ ကုန်သွားတဲ့ ပိုက်ဆံတွေလဲ မနှမြောနိုင်၊ သူမ အပျော်ရွှင်ဆုံး တစ်နေရာ ပြောပါဆိုရင်တော့ စင်ကာပူညနှင့် St. James Power Station ထဲက အကလို့ ပြောမှာ မလွဲဘူး။

St. James Power Station ကတော့ စင်ကာပူရဲ့ အကြီးမားဆုံး one-stop entertainment hub တစ်ခုပါ။ ၂၀၀၆ခုနှစ်ကုန်ပိုင်းလောက်က စတင်ဖွင့်လှစ်ခဲ့တာ။ အစကတော့ ၁၉၂၇ကတည်းက တည်ဆောက်ခဲ့တဲ့ စင်ကာပူရဲ့ ပထမဆုံး coal-fired power station ဖြစ်ပေမဲ့ ၂၀၀၄ကနေ $43 သန်းလောက် အကုန်အကျခံ စတင်မွမ်းမံပြင်ဆင်ပြီး စင်ကာပူ night life ရဲ့ clubbing destination တစ်ခုဖြစ်လာတယ်။ အဲဒီ St. James မှာက လူငယ်၊ လူလတ်၊ လူကြီး အရွယ်သုံးပါးမရွေး ကိုယ်နှစ်သက်ရာ ပျော်ရွှင်စေနိုင်တဲ့ world music နဲ့ jazz ကစလို့ contemporary dance နဲ့ mando-pop အဆုံး clubs ၆ခု လုံးစုံတယ်လေ။ ထူးခြားတဲ့ outlets ၉ခုနဲ့ ရင်ခုန်စရာ ကောင်းတဲ့ theme တွေနဲ့လဲ ဆွဲဆောင်ထားပါတယ်။ teen agers, tween agers တွေနဲ့ ကရတာ မက်မောခုံမင်တဲ့သူတွေကတော့ radio friendly R&B နဲ့ hip hop music တို့ ထွက်ပေါ်လာရာ Local DJ ရဲ့ တီးလုံးများ နဲ့ power house club ခန်းမ ဘက်မှာ တော့ ည ၁၀နာရီ ဝန်းကျင်ကတည်းက တန်းစီ စောင့်နေလေရဲ့။ Wednesdays တွေမှာ တော့ Ladies free entrance နဲ့ 5 complimentry drinks ပါတယ်(ဒါပေသိ ရေကိုပဲ သောက်ရသလိုပါပဲတဲ့...)။

Wed, Fri, Sat တွေမှာ ည ၉နာရီ နောက်ပိုင်းကနေ men $20, women $15 ဖြစ်ပြီး one drink ပါပါတယ်။ ထပ်သောက်ချင်ရင်တော့ တစ်ခွက် ၁၀ အကုန်ခံပေါ့။ အသက် ကန့်သတ်ချက်ကတော့ ယောင်္ကျားလေး မိန်းကလေး အသက် ၁၈နှစ် ပြည့်ပြီးရပါမယ်။ တစ်ခါတစ်လေမှာ IC တောင်းကြည့်ပါတယ်။ သူတို့ club တစ်ခုချင်းစီမှာ ဝင်ပေါက် တစ်ခုချင်းစီ ရှိပြီး ကိုယ်လက်မှတ် ဝယ်တဲ့ outlet ဘက်ကနေဝင်ပြီး ကြိုက်တဲ့ club ခန်းမတွေကို ကူးချည်သန်းချည်သွားလို့ ရသော်လည်း complimentry drink ကတော့ သက်ဆိုင်ရာ outlet ဘက်ပဲ သောက်လို့ရပါတယ်။ လက်မှတ်ဝယ်ကတည်းကလဲ လက်ဖျံမှာ လေဆာ တံဆိပ်လေး ရိုက်နှိပ် ပေးလိုက်ပြီး အပေါက်ဝမှာ ရှိတဲ့ အာဖရိကန် ဗလ ခပ်တောင့်တောင့် အမည်းလူမျိုးတွေက ရုပ်ရှင်တွေထဲက စတိုင်လ်အတိုင်း စောင့်ကြပ် တာဝန်ယူထားကြတာ ရယ်စရာပါပဲ။

စိတ်ဝင်စားလို့ သွားလေ့လာမယ်ဆိုရင်တော့ Harbour Front MRT နဲ့ အနီးဆုံးပဲဗျို။