You are here

Britons see Andy Murray's heroic Wimbledon final defeat to Federer

Wimbledon men single final ပွဲကို ဗြိတိန် ဝန်ကြီးချုပ်၊ လန်ဒန် မြို့တော်ဝန် တို့ အပြင် တော်ဝင်မိသားစုဝင် များနဲ့ နာမည်ကျော် အနုပညာရှင်များနဲ့ အားကစားသမားများမှ လာရောက် အားပေးခဲ့ ကြပေမဲ့လဲ စကော့တစ်ရှ် ဘွား ဗြိတိန်နိုင်ငံသား Andy Murray ခမျာ ခြောက်ကြိမ် တိုင်တိုင် wimbledon ကို အောင်ပွဲခံထားခဲ့တဲ့ Roger Federer ကို သုံးပွဲ တစ်ပွဲနဲ့ မနေ့ကရှုံးနိမ့်ခဲ့ပါတယ်။

Tom Cruise and Katie Holmes divorcing

Tom Cruise ရဲ့ Scientology ဘာသာရေး အယူကို မကြိုက်လို့ ဇနီးဖြစ်သူ Katie Holms မှ ကွာရှင်းပြတ်စဲခွင့်ကို ဇွန်၂၉ နေ့ကတရားရုံးမှာ လျှောက်တင်ခဲ့ပါတယ်၊သူ့သမီးလေး Suri ရဲ့ရှေ့ရေးမှာ Scientology ဆိုတဲ့ ကြောင်ကြောင် တောင် တောင် ဘာသာရေး အယူ အဆတွေ လွှမ်းမိုးလာမှာကို မလိုလားလို့ ကွာရှင်းတယ်လို့ လူ အများကပြောဆိုနေကြပါတယ်။ Katie Holms ရဲ့ ရှေ့နေကတော့ အ သေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်သွားမည်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံမှနိုင်ငံတော်အထူးဧည့်သည်အဖြစ်ကြိုဆိုမည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းဝင်ပြင်သစ်ခရီးစဉ်ကိုယနေ့နေ့လည်ပိုင်းတွင်အင်္ဂလန်နိုင်ငံမှ ပြင်သစ်နိုင်ငံပဲရစ်မြို့သို့ရထားဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ညနေပိုင်းတွင် ပြင်သစ်သမ္မတကကြိုဆိုတွေ့ဆုံပြီး Elyseeနန်းတော်မှာ ပြင်သစ်သမ္မတနှင့် ညစာစားပြီး သတင်းစာရှင်းလင်းပွဲတရပ်ပြုမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်သော နိုင်ငံတော်ဧည့်သည်အဖြစ်ကြိုဆိုဂုဏ်ပြုမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံမှာ(၃)ရက်ကြာနေထိုင်ပြီး ပဲရစ်မြို့တော်ဝန် Bertrand Delanoeက ဂုဏ်ထူးဆောင်ပြင်သစ်နိုင်ငံသားဆုကိုပေးကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ြ
ပင်သစ်နိုင်ငံခြားရေးဝန်ကြီးLaurent Fabiusနှင့် သီးသန့်တွေ့ဆုံမှာဖြစ်ပါတယ်။ ၁၃ရာစုနှစ်စတင်တည်ထောင်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့နာမည်ကျော် Sorbonne တက္ကသိုလ်မှာ ပြင်သစ်ကျောင်းသား/သူများနှင့်တွေ့ဆုံပြီး ဒေါ်အောင်ဆန်းကြည်က ဟောပြောပို့ချမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လန်ဒန်မြို့ သာသနာ့ရံသီဝိဟာရ ကျောင်းရောက်ရှိ

Ko Htike (FB) ယူကေနိုင်ငံတွင် သီတင်းသုံးနေတော်မူကြသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့် ပြည့်စုံတော်မူသော သံဃာတော် အရှင်သူမြတ်များအား ဒေါ်အောင်ဆန်းစုကြည်မှ လာရောက်ဖူးမျှော်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ဆရာတော်များဧ။် သြဝါဒကို ခံယူခြင်း

အတွေးအမြင် မဲဆွယ်ပွဲ

Ko Navana: Face Book

ကျွန်တော့်သား အငယ်.. အခုမှ ရှစ်နှစ် ရှိသေးတယ်..။ တနေ့က.. သားအဖနှစ်ယောက် တီဗွီထိုင်ကြည့်နေတုံး.. အဖေကြားပြီးပြီလား.. လို့ မေးတယ်..။ အဖေဖြင့် မကြားမိပေါင်ကွာ.. ငါ့သား ဘာကြားလို့တုံး ဆိုတော့.. - ကုလားနဲ့ဗမာ စစ်ဖြစ်တော့မှာဗျ- လို့.. သူပြောတယ်...။

ဟ- ဟုတ်မထင်ပါဘူးကွာ.. သားကို ဘယ်သူက ပြောတုံး ဆိုတော့.. - ဆရာမက ပြောတာတဲ့ -

ကောင်းရော..။

ဆရာ-ဆရာမ တွေ ခမျာလည်း.. ကြားနေမြင်နေရတဲ့ အချက်အလက်သတင်းတွေ အပေါ်.. အဲသလောက်တောင်.. မဝေဖန်မပိုင်းခြားနိုင်တော့ဘူးလား လို့ မချင့်မရဲ ဖြစ်မိတယ်..။ အဲဒါကို သူငယ်ချင်းတစ်ယောက် ကို ပြောပြတော့.. - ဆရာမတွေလည်း.. သူတို့အဆင့်နဲ့သူတို့အတွေး.. အဲသလောက်ပဲ ရှိလို့ နေမှာပေါ့ - တဲ့..။

သူပြောတာ.. ဟုတ်များနေသလား..။

ပြီးခဲ့တဲ့.. သောကြာနေ့က.. တစ်ခါ လှိုင်သာယာမှာ ကောလဟလ တစ်ခု ဖြစ်တယ်..။ ဘယ်ကျောင်းမှန်းမသိတဲ့ မူလတန်းကျောင်းတစ်ကျောင်းမှာ.. ကုလားတွေက.. ကလေးတွေကို ၀င်ရိုက်နှက် ဖမ်းခေါ်သွားသတဲ့..။

အဲဒါကို ကြားတဲ့ မိဘများခမျာ.. ပဋာမြေလူး-ဆောက်တည်ရာမရ ဖြစ်ကုန်ပြီး.. ကျောင်းမဆင်းခင်.. သူတို့ကလေးတွေကို.. အတင်းပြန်ခေါ်ဖို့.. ဆိုင်ရာဆိုင်ရာကျောင်းတွေဆီ .. အသော့နှင်ကြသတဲ့..။

ဟိုရောက်တော့.. တာဝန်ရှိတဲ့ ကျောင်းအုပ်ဆရာ-ဆရာမကြီးတွေက ဘယ်လိုပင် အာမခံ-ကတိပေးသော်ငြား.. မိဘအုပ်ကြီးက.. လက်မခံနိုင်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်အထိ ဖြစ်ကုန်သတဲ့..။ တချို့ကျောင်းဆိုရင်.. ကျောင်းဝန်းထရံကို ရိုက်ချိုးကျော်ခွပြီး.. သူတို့သားသမီးကို အတင်းလက်ဆွဲခေါ်ငင် ကြသတဲ့..။

အဲဒါကို .. ခုနကသူငယ်ချင်းကို ထပ်ပြောပြမိတယ်..။

ပြည်သူတွေလည်း.. သူတို့အဆင့် သူတို့အတွေးနဲ့ အဲသလောက်ပဲ ရှိလို့ နေမှာပေါ့ တဲ့..။ သူ ပြောပြန်တယ်..။

သူပြောတာ..ဟုတ်များ နေမလားပဲ..။

ကျွန်တော်နေထိုင်ရာ လှိုင်သာယာမှာ.. မကြာခဏ ဖြစ်လေ့ရှိတဲ့.. ကောလဟလ တစ်ခု ရှိသေးတယ်..။

ဟိုနားဒီနားက.. မြေလွတ်နေရာလွတ် ကြီးကြီးတစ်ခု ဆိုပါတော့..။ အဲဒါက.. - ဒေါ်အောင်ဆန်းစုကြည် ပိုင်တာ- မည်သူမဆို ဦးရာလူခြံခတ်နေခွင့်ရှိသတဲ့-

ဘယ်ကစလို့.. ဘယ်သူက ပြောလိုက်မှန်းမသိ..။ ၀ါးလုံးတွေပြေးဝယ်- ကြိုးတွေပြေးဝယ်နဲ့.. အလုအယက် ခတ်လိုက်ကြတာ။ ကိုယ့်မြေကွက် သူ့မြေကွက် နဲ့ ရန်တွေဖြစ်ကြ။ ဆဲကြ ဆိုကြ အော်ကြဟစ်ကြ..။

တချို့ဆို.. အဲဒီ တဒင်္ဂလေးမှာကို အရောင်းအ၀ယ်ပြန်လုပ်နေကြသေးတယ်..။ ဒါက.. ငါပိုင်တဲ့နေရာ.. မင်းကြိုက်ရင် ဘယ်လောက်ပေး ဆိုပြီး.. ရောင်းတဲ့သူက ရောင်းလို့၊ ၀ယ်တဲ့သူကလည်း ၀ယ်လို့..။

တစ်ရက်-နှစ်ရက်နေတော့.. မူလပိုင်ရှင်ဆိုသူတွေက.. ရောက်လာ..။ ဖယ်ခိုင်း.. ဖယ်မပေး..။ ရဲခေါ် - ရပ်ကွက်လူကြီးခေါ်.. ဖယ်မပေး..။ နောက်ဆုံး.. စစ်သား သုံးလေးယောက်နဲ့ ဖယ်ခိုင်းတော့.. ခမျာများမှာ.. ဘိုးဘွားပိုင်မြေပေါ်က.. မဆင်းချင်ဆင်းချင် ပုံမျိုးနဲ့ ဆင်းသွားကြရရှာတယ်..။

အဲဒါက.. တစ်ခါလည်း မဟုတ်- နှစ်ခါလည်း မဟုတ်.. ဟိုနား ဒီနား ဖြစ်နေလေရဲ့..။

ပြည်သူတွေ-ပြည်သူတွေ-ချစ်သောပြည်သူတွေ
ပြည်သူတွေ-ပြည်သူတွေ- အ သောပြည်သူတွေ..

ကြားမိတိုင်း.. မြင်မိတိုင်း.. တွေးမိတိုင်း.. စိတ်မသက်မသာ ခံစားရပါတယ်..။

မရှိတာထက် မသိတာခက် သတဲ့..။ အခုဟာက.. မရှိလည်း မရှိ၊ မသိလည်း မသိ.. ကျွန်တော်တို့လူမျိုး.. အခက်ကြီးခက်နေရှာတယ်..။

ဟိုတစ်လောက.. ရထားလမ်းဖြတ်ကူးတဲ့.. မြေးအဘွားနှစ်ယောက်ကို ဒုတိယစက်ခေါင်းမောင်း ဆိုသူက.. ရထားပေါ်က ဆင်းပြီး သက်စွန့်ဆံဖျား.. ဆင်းကယ် သတဲ့..။ ကယ်တဲ့သူက.. မွတ်ဆလင် ဘာသာကိုးကွယ်တဲ့သူ..။

အဲဒီလူကို.. အားလုံးက.. ၀ိုင်းဝန်းဂုဏ်ပြု ချီးကျုးကြတယ်..။ ဒါ လုပ်သင့်တာပဲ..။

နောက် မကြာဘူး..။ ရခိုင်အမျိုးသမီးလေးကို.. မွတ်ဆလင် လူငယ်သုံးယောက်က.. မတော်မရားပြုကျင့်သတ်ဖြတ်လိုက်တော့.. တနိုင်ငံလုံး အုတ်အော်သောင်းနင်း.. ကုလားတွေ အမျိုးဖြုတ် ဘာလုပ်ပစ်-ညာလုပ်ပစ်နဲ့.. သောသောကိုညံကိုရော..။

မူခင်းဂျာနယ် တစ်စောင်လိုက်.. ကြုံရင် ဖတ်ကြည့်ကြပါ..။ မုဒိန်းကျင့်လူသတ်တဲ့အမှုဆိုတာ.. မကြာမကြာဖြစ်နေတာကို တွေ့ရပါလိမ့်မယ်..။ ဗုဒ္ဓဘာသာ အချင်းချင်းလည်း.. မုဒိန်းကျင့်လူသတ် နေတာ.. ဒုနဲ့ဒေးပါ..။

မွတ်ဆလင် တစ်ယောက်က.. သက်စွန့်ဆံဖျား.. ဗုဒ္ဓဘာသာ မြေးအဘွားကို အသက်ကယ်လို့.. မွတ်ဆလင်တိုင်းကို ဦးညွှတ်စရာ မလိုသလို-

မွတ်ဆလင်တွေ က.. ဗုဒ္ဓဘာသာမိန်းမပျိုလေးကို.. မုဒိန်းကျင့်သတ်ဖြတ်လို့လည်း.. မွတ်ဆလင်တိုင်းကို .. မုန်းတီးစရာ မလိုပါဘူး..။

တရားမ၀င်နယ်စပ်ဖြတ်ကျော်.. အခြေချနေထိုင်တယ်ဆိုတာက.. နိုင်ငံတော်အဆင့်.. ကာကွယ်ရမယ့် တာဝန်ပါ..။ ပြည်သူတစ်ဦးချင်းက.. မွတ်ဆလင်မုန်းတီးရေး စိတ်ဓါတ်နဲ့.. ကာကွယ်ရမယ့် ကိစ္စ မှ မဟုတ်ဘဲ..။

ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်..။ ဦးသိန်းစိန်က ပြောတယ်..။ တရားဥပဒေစိုးမိုးရေး သိပ်အရေးကြီးသတဲ့..။

ကျွန်တော့်အမြင်ကတော့.. ပြည်သူတွေရဲ့ အတွေးအခေါ်.. မြင့်မားရေးက ပိုလို့အရေးကြီးတယ်လို့ ထင်ပါတယ်..။

ကျွန်တော်တို့လို.. မှုန်ဝါးဝါးခေတ်စနစ်အောက်မှာ.. လူလားမြောက်ခဲ့သူတွေ.. ခုနှစ်ရေ-ရှစ်ရေ ပြုတ်သည့်တိုင် မနူးတော့မယ့် သူတွေ အသာထား လို့.. ကျွန်တော်တို့ သားသမီး အရွယ်.. လူမမယ်.. လူငယ်လူရွယ်လေးတွေရဲ့ အတွေးအခေါ်.. အသိဥာဏ်.. ပညာအဆင့်အတန်း.. မြင့်မားဖို့တော့.. အခုကစရင် မီနိုင်အုံးမယ် ထင်ပါတယ်..။

ကျွန်တော်ကတော့.. ကျွန်တော့်သားကို.. သူ့ဆရာမ နဲ့ အပြိုင်.. အတွေးအမြင် မဲဆွယ်ပွဲ လုပ်နေရပါတယ်..။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိန် ရောက် မြန်မာမိသားစုဝင်များတွေ့ ဆုံပွဲဓာတ်ပုံများ

ဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိန် ရောက် မြန်မာမိသားစုဝင်များတွေ့ ဆုံပွဲ

A may Su, Zarganar and Daw Mar Mar Aye
A may su answering the question from people

ဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိန် ရောက် မြန်မာမိသားစုဝင်များတွေ့ ဆုံပွဲကို လန်ဒန်မြို့ Waterloo Station နားက Royal Festival Hall မှာ ယနေ့မနက် ၁၀နာရီနဲ့ ၁၂နာရီကြားမှာကျင်းပခဲ့ ပါတယ်။ မြန်မာမိသားစုဝင် အများစုဟာ မြန်မာ့ ရိုးရာ ဝတ်စုံများဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။ ဇာဂနာ မှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး မြန်မာဆိုင်းဝိုင်းနှင့် အဆိုတော် ဒေါ်မာမာအေး မှသီချင်း လေးပုဒ် သီဆိုပြီး မြန်မာ အကများဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မှ ပရိတ်သတ်များမေးမြန်းသည့် မေးခွန်းများကို ဖြေကြားခြင်း အဓိကပြုလုပ်ခဲ့ပါတယ်။ နိုင်ငံခြားသားများအပါအဝင် လူပေါင်း လေးထောင်ခန့် တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် Oxford သို့ Honorable Doctor ဘွဲ့ ယူရန် ရောက်ရှိ

Myanmar democracy icon Aung San Suu Kyi poses for photographers at the Bodleian Libraries after receiving an honorary degree at Oxford University in Oxford, northwest of London, on June 20, 2012. Suu Kyi was awarded an honorary doctorate by Oxford University on June 20 in the city where she studied and brought up the family she would later leave behind.
photo from :Getty Image

ဒလိုင်းလားမားနှင့်င်ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်တွင်တွေ့ဆုံ

နိုဘယ်ဆုရှင်တိဘက်ခေါင်းဆောင်အရှင်ဒလိုင်းလားမားနှင့် နိုဘယ်ဆုရှင်မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်တွင်တွေ့ဆုံ
His Holiness the Dalai Lama with Aung San Suu Kyi in London, England, on 19 June 2012/Photo/Jeremy Russell/OHHDL
— at London England.

Pages

Subscribe to mandalar.net RSS